Zawgyi version
အေသပိတ္ထားတဲ့အခန္း
lllllllllllllllllllllllllllllllllllllllll
ခရီးေဆာင္ေသတၱာထဲ
ငါ့စိတ္ကိုေခြၿပီးထည့္ထားတယ္
ငါ့ခႏၶာကိုယ္က
အခန္းေထာင့္မွာ
ေခြေခြေလးၿငိမ္သက္ေနတယ္
အခန္းေထာင့္မွာဆိုေပမဲ့
အခန္းဟာဘာမွမျမင္ရေအာင္ေမွာင္ေနတယ္
အခန္းထဲမွာျမင္ရတာဆိုလို႔အေမွာင္ပဲ႐ွိတယ္
ခရီးေဆာင္ေသတၱာထဲမွာလူတစ္ေယာက္ေသေနတဲ့အေၾကာင္း
အခန္းအျပင္ဘက္ကလူေတြ
တစ္ေယာက္တစ္မ်ိဳးေျပာေနၾကတဲ့အသံကိုၾကားရတယ္
ခရီးေဆာင္ေသတၱာထဲက
ငိုသံၾကားရတယ္လို႔လည္းေျပာေနၾကတယ္
ခရီးေဆာင္ေသတၱာထဲက
ေအာ္သံလည္းၾကားရတယ္လို႔ေျပာေနၾကတယ္
ခရီးေဆာင္ေသတၱာထဲကေန
ေသြးေတြစိမ့္ထြက္ေနတယ္လို႔လည္းေျပာေနၾကတယ္
ခရီးေဆာင္ေသတၱာကို
အေသပိတ္ထားတယ္လို႔လည္းေျပာေနၾကတယ္
ခရီးေဆာင္ေသတၱာဟာ
အခန္းေထာင့္မွာ
ေသခ်ာေပါက္႐ွိတယ္လို႔လည္းေျပာေနၾကတယ္
တျဖည္းျဖည္းနဲ႔
အခန္းအျပင္ဘက္ကအသံေတြပိုၿပီးေတာ့ဆူညံလာတယ္
အခန္းဟာလည္းေမွာင္သထက္ပိုေမွာင္လာတယ္
ခရီးေဆာင္ေသတၱာေဘးမွာ
လူသတ္သမား႐ွိတယ္လို႔ေတာ့
ဘယ္သူမွမေျပာၾကေသးဘူး...။
ေအာင္ကိုကိုလတ္(တမူး)
Unicode version
အသေပိတ်ထားတဲ့အခန်း
lllllllllllllllllllllllllllllllllllllllll
ခရီးဆောင်သေတ္တာထဲ
ငါ့စိတ်ကိုခွေပြီးထည့်ထားတယ်
ငါ့ခန္ဓာကိုယ်က
အခန်းထောင့်မှာ
ခွေခွေလေးငြိမ်သက်နေတယ်
အခန်းထောင့်မှာဆိုပေမဲ့
အခန်းဟာဘာမှမမြင်ရအောင်မှောင်နေတယ်
အခန်းထဲမှာမြင်ရတာဆိုလို့အမှောင်ပဲရှိတယ်
ခရီးဆောင်သေတ္တာထဲမှာလူတစ်ယောက်သေနေတဲ့အကြောင်း
အခန်းအပြင်ဘက်ကလူတွေ
တစ်ယောက်တစ်မျိုးပြောနေကြတဲ့အသံကိုကြားရတယ်
ခရီးဆောင်သေတ္တာထဲက
ငိုသံကြားရတယ်လို့လည်းပြောနေကြတယ်
ခရီးဆောင်သေတ္တာထဲက
အော်သံလည်းကြားရတယ်လို့ပြောနေကြတယ်
ခရီးဆောင်သေတ္တာထဲကနေ
သွေးတွေစိမ့်ထွက်နေတယ်လို့လည်းပြောနေကြတယ်
ခရီးဆောင်သေတ္တာကို
အသေပိတ်ထားတယ်လို့လည်းပြောနေကြတယ်
ခရီးဆောင်သေတ္တာဟာ
အခန်းထောင့်မှာ
သေချာပေါက်ရှိတယ်လို့လည်းပြောနေကြတယ်
တဖြည်းဖြည်းနဲ့
အခန်းအပြင်ဘက်ကအသံတွေပိုပြီးတော့ဆူညံလာတယ်
အခန်းဟာလည်းမှောင်သထက်ပိုမှောင်လာတယ်
ခရီးဆောင်သေတ္တာဘေးမှာ
လူသတ်သမားရှိတယ်လို့တော့
ဘယ်သူမှမပြောကြသေးဘူး...။
အောင်ကိုကိုလတ်(တမူး)
No comments:
Post a Comment