Zawgyi version
ေပါင္မုန္႔
lllllllllllllll
ေပါင္မုန္႔ကိုလွီးလိုက္ေတာ့
ေပါင္မုန္႔ထဲကေသြးေတြရဲခနဲစီးက်လာတဲ့အေၾကာင္း
ဝတၳဳတစ္ပုဒ္ထဲမွာငါဖတ္ဖူးတယ္
ေပါင္မုန္႔စားတိုင္း
အဲဒီစာေၾကာင္းကိုသတိရေနမိတယ္
ေပါင္မုန္႔ကိုစားေနရင္းနဲ႔
ပါးစပ္ထဲကေနေသြးေတြစီးက်လာမလားလို႔လည္း
ေတြးၾကည့္ဖူးတယ္
ေပါင္မုန္႔ကိုဝါးေနရင္း
ႏႈတ္ခမ္းမွာေသြးေတြေပက်ံေနမလားဆိုၿပီးေတာ့လည္း
စမ္းၾကည့္ဖူးတယ္
ေပါင္မုန္႔စားေနရင္း ဝါးေနရင္း
တစ္ခါ တစ္ခါ
ကိုယ့္ကိုယ္ကိုယ္ သရဲ တေစၧလိုျမင္လာတယ္
ေပါင္မုန္႔ဟာ
သက္႐ွိလား၊သက္မဲ့လား
ခဏ ခဏ အႀကိမ္ႀကိမ္ စဥ္းစားမိတယ္
ေပါင္မုန္႔ေရာင္းတဲ့ဆိုင္ေ႐ွ႕ကျဖတ္ေလွ်ာက္ရင္
ေပါင္မုန္႔ေတြကို မၾကည့္ဘဲမေနႏိုင္ျဖစ္လာတယ္
ေမရီအင္တိြဳင္းနက္ရဲ႕
`ေပါင္မုန္႔မ႐ွိရင္ကိတ္မုန္႔စားၾက´ဆိုတာလည္း
တစ္ခါ တစ္ခါ ေခါင္းထဲေရာက္လာတယ္
ေပါင္မုန္႔ဖုတ္နည္းစာအုပ္ေတြလည္း
ထြက္သမွ်လိုက္႐ွာဖတ္တယ္
ေပါင္မုန္႔ဖုတ္နည္းစာအုပ္ေတြထဲမွာလည္း
ေသြးစက္ေတြအေၾကာင္းတစ္ခုမွမပါဘူး
ေပါင္မုန္႔အနံ႔ေတြရတိုင္း
ျဒပ္႐ွိလား၊ျဒပ္မဲ့လား
ေဝခြဲမရျဖစ္လာတယ္
ေမ့ေနတာတစ္ခုက
ေပါင္မုန္႔လွီးဓားပဲ
ေပါင္မုန္႔လွီးဓားဟာ
ေပါင္မုန္႔ေတြရဲ႕ရန္သူပဲ
ေပါင္မုန္႔ေတြဟာ
ေပါင္မုန္႔လွီးဓားကိုေသမတတ္ေၾကာက္မွန္း
ေပါင္မုန္႔ေတြကိုလွီးရင္း လွီးရင္းနဲ႔သိလာတယ္
ေပါင္မုန္႔ကိုေပါင္မုန္႔လွီးဓားနဲ႔မလွီးဘဲ
အလံုးလိုက္ကိုက္စားၾကည့္ဖို႔ စိတ္ကူးေပၚလာတယ္
ေပါင္မုန္႔ကိုလွီးလိုက္ေတာ့
ေပါင့္မုန္႔ထဲကေသြးေတြရဲခနဲစီးက်လာတဲ့အေၾကာင္း
ဝတၳဳတစ္ပုဒ္ထဲမွာငါဖတ္ဖူးတယ္
ေပါင္မုန္႔စားတိုင္း
အဲဒီစာေၾကာင္းကိုလြမ္းေနမိတယ္...။
ေအာင္ကိုကိုလတ္(တမူး)
၂၀.၁.၂၀၁၇
Unicode version
ပေါင်မုန့်
lllllllllllllll
ပေါင်မုန့်ကိုလှီးလိုက်တော့
ပေါင်မုန့်ထဲကသွေးတွေရဲခနဲစီးကျလာတဲ့အကြောင်း
ဝတ္ထုတစ်ပုဒ်ထဲမှာငါဖတ်ဖူးတယ်
ပေါင်မုန့်စားတိုင်း
အဲဒီစာကြောင်းကိုသတိရနေမိတယ်
ပေါင်မုန့်ကိုစားနေရင်းနဲ့
ပါးစပ်ထဲကနေသွေးတွေစီးကျလာမလားလို့လည်း
တွေးကြည့်ဖူးတယ်
ပေါင်မုန့်ကိုဝါးနေရင်း
နှုတ်ခမ်းမှာသွေးတွေပေကျံနေမလားဆိုပြီးတော့လည်း
စမ်းကြည့်ဖူးတယ်
ပေါင်မုန့်စားနေရင်း ဝါးနေရင်း
တစ်ခါ တစ်ခါ
ကိုယ့်ကိုယ်ကိုယ် သရဲ တစ္ဆေလိုမြင်လာတယ်
ပေါင်မုန့်ဟာ
သက်ရှိလား၊သက်မဲ့လား
ခဏ ခဏ အကြိမ်ကြိမ် စဉ်းစားမိတယ်
ပေါင်မုန့်ရောင်းတဲ့ဆိုင်ရှေ့ကဖြတ်လျှောက်ရင်
ပေါင်မုန့်တွေကို မကြည့်ဘဲမနေနိုင်ဖြစ်လာတယ်
မေရီအင်တွိုင်းနက်ရဲ့
`ပေါင်မုန့်မရှိရင်ကိတ်မုန့်စားကြ´ဆိုတာလည်း
တစ်ခါ တစ်ခါ ခေါင်းထဲရောက်လာတယ်
ပေါင်မုန့်ဖုတ်နည်းစာအုပ်တွေလည်း
ထွက်သမျှလိုက်ရှာဖတ်တယ်
ပေါင်မုန့်ဖုတ်နည်းစာအုပ်တွေထဲမှာလည်း
သွေးစက်တွေအကြောင်းတစ်ခုမှမပါဘူး
ပေါင်မုန့်အနံ့တွေရတိုင်း
ဒြပ်ရှိလား၊ဒြပ်မဲ့လား
ဝေခွဲမရဖြစ်လာတယ်
မေ့နေတာတစ်ခုက
ပေါင်မုန့်လှီးဓားပဲ
ပေါင်မုန့်လှီးဓားဟာ
ပေါင်မုန့်တွေရဲ့ရန်သူပဲ
ပေါင်မုန့်တွေဟာ
ပေါင်မုန့်လှီးဓားကိုသေမတတ်ကြောက်မှန်း
ပေါင်မုန့်တွေကိုလှီးရင်း လှီးရင်းနဲ့သိလာတယ်
ပေါင်မုန့်ကိုပေါင်မုန့်လှီးဓားနဲ့မလှီးဘဲ
အလုံးလိုက်ကိုက်စားကြည့်ဖို့ စိတ်ကူးပေါ်လာတယ်
ပေါင်မုန့်ကိုလှီးလိုက်တော့
ပေါင့်မုန့်ထဲကသွေးတွေရဲခနဲစီးကျလာတဲ့အကြောင်း
ဝတ္ထုတစ်ပုဒ်ထဲမှာငါဖတ်ဖူးတယ်
ပေါင်မုန့်စားတိုင်း
အဲဒီစာကြောင်းကိုလွမ်းနေမိတယ်...။
အောင်ကိုကိုလတ်(တမူး)
၂၀.၁.၂၀၁၇
No comments:
Post a Comment