Monday, March 27, 2017

ထာဝရ အ႐ွံုးသမား

Zawgyi Version

ထာဝရအရႈံး
!!!!!!!!!!!!!!!!!!!!!!!!!!!
အရႈံးအျမတ္တြက္မထားသူမို႔ ေပးဆပ္ျခင္းသက္သက္
တာေနာရကၡဘီလူးလို ခ်စ္ပါတယ္
ဦးေခါင္းအမ်ားႀကီးပါတဲ့
ဘီလူးလို  ခ်စ္ပါတယ္ ။
တဖက္သတ္ဆိုေတာ့လည္း အဆုံးသတ္ေတြညံ့မယ္ဆိုတာ
မိုးေကာင္းကင္က ၾကယ္ပြင့္ေလးေျပာျပထားၿပီးၿပီ ၊
ဆင္ကန္းေတာတိုးလို႔ ေျပာရမလား
မ်က္ကန္းတေစၦမေၾကာက္လို႔ ေျပာရမလား
ဒါမွမဟုတ္ မိုက္႐ူးရဲဆန္တဲ့ ပိုးဖလံေလးလား
သူမနဲ႕ပတ္သက္ၿပီးကတည္းက ငါ့ကိုယ္ငါဘာတံဆိပ္ကပ္ရမွန္း
မသိဘူး ၊
ေသခ်ာတာက အိပ္ေရးေတြပ်က္လို႔ အစားေတြပ်က္လာ
တယ္ ။
အခ်စ္က ဟန္ေဆာင္ေကာင္းၿပီး မာယာမ်ားတတ္တဲ့သူကိုပဲ
အနိုင္ေပးတာလား ..........
ဒါဆို ငါကထာ၀ရအရႈံးသမားပါ ၊
ဒီဘဝမွာ ေထြးပိုက္ခြင့္မရလိုက္လို႔
ေနာင္ဘဝအတြက္ နမ္းရွိုက္ခြင့္ရေအာင္ေတာ့ ဆုေတာင္းခြင့္ျပဳ ပါ
ငါဟာ ပကာဓနမဲ့တဲ့ ထာ၀ရအရႈံးသမားမို႔ .......။.       ။
                                               လေရာင္ဦး- တမူး

Unicode version

ထာဝရအရှုံး
!!!!!!!!!!!!!!!!!!!!!!!!!!!
အရှုံးအမြတ်တွက်မထားသူမို့ ပေးဆပ်ခြင်းသက်သက်
တာနောရက္ခဘီလူးလို ချစ်ပါတယ်
ဦးခေါင်းအများကြီးပါတဲ့
ဘီလူးလို  ချစ်ပါတယ် ။
တဖက်သတ်ဆိုတော့လည်း အဆုံးသတ်တွေညံ့မယ်ဆိုတာ
မိုးကောင်းကင်က ကြယ်ပွင့်လေးပြောပြထားပြီးပြီ ၊
ဆင်ကန်းတောတိုးလို့ ပြောရမလား
မျက်ကန်းတစ္ဆေမကြောက်လို့ ပြောရမလား
ဒါမှမဟုတ် မိုက်ရူးရဲဆန်တဲ့ ပိုးဖလံလေးလား
သူမနဲ့ပတ်သက်ပြီးကတည်းက ငါ့ကိုယ်ငါဘာတံဆိပ်ကပ်ရမှန်း
မသိဘူး ၊
သေချာတာက အိပ်ရေးတွေပျက်လို့ အစားတွေပျက်လာ
တယ် ။
အချစ်က ဟန်ဆောင်ကောင်းပြီး မာယာများတတ်တဲ့သူကိုပဲ
အနိုင်ပေးတာလား ..........
ဒါဆို ငါကထာ၀ရအရှုံးသမားပါ ၊
ဒီဘဝမှာ ထွေးပိုက်ခွင့်မရလိုက်လို့
နောင်ဘဝအတွက် နမ်းရှိုက်ခွင့်ရအောင်တော့ ဆုတောင်းခွင့်ပြု ပါ
ငါဟာ ပကာဓနမဲ့တဲ့ ထာ၀ရအရှုံးသမားမို့ .......။.       ။
                                               လရောင်ဦး- တမူး

No comments:

Post a Comment