Zawgyi version
အက်ိဳးအေၾကာင္း
llllllllllllllllllllllllllll
မ်က္စိကိုဖြင့္နားကိုစြင့္ၾကည့္တယ္
စက္မႈနည္းပညာက စြန္႔ထုတ္လိုက္တဲ႔
မီးခိုးေငြ႕မ်ားအေၾကာင္း
ဇီ၀နည္းပညာနဲ႔ စိုက္ပ်ိဳးထားတဲ႔
သဘာ၀လြန္သီးႏွံမ်ားအေၾကာင္း
ေဆးဝါးသုေတသနအတြက္ အစမ္းသပ္ခံရတဲ႔
တိရစၧာန္မ်ားအေၾကာင္း
ေဟာ...ဟိုမွာ
ကားတစ္စီးက
ကေလးတစ္ေယာက္ကို`ဒုန္း´ခနဲဲျမည္ေအာင္ တိုက္ခ်လိုက္တာ
ငါးစိမ္းသည္တစ္ေယာက္က
ငါးတစ္ေကာင္ကို ဓါးနဲ႔`ဒုတ္´ခနဲျမည္ေအာင္ ခုတ္ခ်လိုက္တာ
မုဆိုးတစ္ေယာက္က
သမင္တစ္ေကာင္ကို ေသနတ္နဲ႔`ဒိုင္း´ခနဲျမည္ေအာင္ ပစ္ခ်လိုက္တာ
အားလံုးဟာ
ကိုယ္႔စိတ္နဲ႔ကိုယ္
ကိုယ္႔အပူနဲ႔ကိုယ္
ကိုယ္႔ဒုကၡနဲ႔ကိုယ္
ေျပာင္းျပန္စီးတဲ့ေရ႐ွိသလို
ေျပာင္းျပန္တိုက္တဲ့ေလလည္း႐ွိမွာပဲ
ႏူးညံ့
ေအးျမ
လတ္ဆတ္စြာ
တိုက္ခတ္လာတဲ႔ ေလျပည္ေလညင္းကေလးဟာ
ခုတ္လွဲခံထားရတဲ႔သစ္ပင္ေတြကိုျမင္ေတာ႔
ျပန္ေကြ႕ထြက္သြားတာ
ဘယ္သူေတြသိလိုက္သလဲ...။
ေအာင္ကိုကိုလတ္(တမူး)
ေအာင္ပင္လယ္ မဂၢဇင္း မတ္+ဧၿပီ ၂၀၁၇
Unicode version
အကျိုးအကြောင်း
llllllllllllllllllllllllllll
မျက်စိကိုဖွင့်နားကိုစွင့်ကြည့်တယ်
စက်မှုနည်းပညာက စွန့်ထုတ်လိုက်တဲ့
မီးခိုးငွေ့များအကြောင်း
ဇီဝနည်းပညာနဲ့ စိုက်ပျိုးထားတဲ့
သဘာဝလွန်သီးနှံများအကြောင်း
ဆေးဝါးသုတေသနအတွက် အစမ်းသပ်ခံရတဲ့
တိရစ္ဆာန်များအကြောင်း
ဟော...ဟိုမှာ
ကားတစ်စီးက
ကလေးတစ်ယောက်ကို`ဒုန်း´ခနဲမြည်အောင် တိုက်ချလိုက်တာ
ငါးစိမ်းသည်တစ်ယောက်က
ငါးတစ်ကောင်ကို ဓါးနဲ့`ဒုတ်´ခနဲမြည်အောင် ခုတ်ချလိုက်တာ
မုဆိုးတစ်ယောက်က
သမင်တစ်ကောင်ကို သေနတ်နဲ့`ဒိုင်း´ခနဲမြည်အောင် ပစ်ချလိုက်တာ
အားလုံးဟာ
ကိုယ့်စိတ်နဲ့ကိုယ်
ကိုယ့်အပူနဲ့ကိုယ်
ကိုယ့်ဒုက္ခနဲ့ကိုယ်
ပြောင်းပြန်စီးတဲ့ရေရှိသလို
ပြောင်းပြန်တိုက်တဲ့လေလည်းရှိမှာပဲ
နူးညံ့
အေးမြ
လတ်ဆတ်စွာ
တိုက်ခတ်လာတဲ့ လေပြည်လေညင်းကလေးဟာ
ခုတ်လှဲခံထားရတဲ့သစ်ပင်တွေကိုမြင်တော့
ပြန်ကွေ့ထွက်သွားတာ
ဘယ်သူတွေသိလိုက်သလဲ...။
အောင်ကိုကိုလတ်(တမူး)
အောင်ပင်လယ် မဂ္ဂဇင်း မတ်+ဧပြီ ၂၀၁၇
No comments:
Post a Comment