Tuesday, March 28, 2017

သတၱဳရည္ေတြနဲ႔ အိပ္တန္းေပၚက လူ

Zawgyi version

သတၱဳရည္ေတြနဲ႔ အိပ္တန္းေပၚက လူ
==========================

အရည္ေပ်ာ္ေနတဲ့လမ္းမေတြ စီးဆင္းေနၾက
အိမ္ျပန္ခ်ိန္တခ်ိဳ႕ဟာ မီးသင့္ေက်ာက္ေတြလိုနာက်င္ေန
မိသားစုမီးခြက္မွာ ေရနံဆီျဖည့္ရအံုးမယ္
မၾကာခင္ဆို အေမွာင္က ေလာကႀကီးအေပၚရြာခ်ေတာ့မယ္
ပ်င္းရိဖြယ္ေန႔ရက္အခ်ိဳ႕မွာဆို ေလျပင္းေတြ ေအာ္ဟစ္ေသာင္းၾကမ္းလို႔
ေက်ာက္မီးေသြးမႈန္႔ေတြနဲ႔ အသက္ဆက္ရွင္ေနၾက
အသက္႐ႈသံထက္ ေခ်ာင္းဆိုးသံက အႀကိမ္ေရပိုမ်ား
ေအးစက္ေနတဲ့အာလူးတစ္ျခမ္း
မီးေသစျပဳေနတဲ့မီးလင္းဖိုတစ္ခု
ေျမႀကီးကိုခင္းၿပီး ေခ်ာင္းဆိုးသံကိုၿခံဳအိပ္ေနတဲ့မိသားတစ္စု
အိပ္မက္မဲ့တဲ့အိပ္စက္ျခင္းမွာ
အိပ္မက္ကို စာလံုးမေပါင္းရဲၾက။

လင္းအိမ္ငယ္
၂၈  မတ္  ၂၀၁၇

Unicode version

သတ္တုရည်တွေနဲ့ အိပ်တန်းပေါ်က လူ
==========================

အရည်ပျော်နေတဲ့လမ်းမတွေ စီးဆင်းနေကြ
အိမ်ပြန်ချိန်တချို့ဟာ မီးသင့်ကျောက်တွေလိုနာကျင်နေ
မိသားစုမီးခွက်မှာ ရေနံဆီဖြည့်ရအုံးမယ်
မကြာခင်ဆို အမှောင်က လောကကြီးအပေါ်ရွာချတော့မယ်
ပျင်းရိဖွယ်နေ့ရက်အချို့မှာဆို လေပြင်းတွေ အော်ဟစ်သောင်းကြမ်းလို့
ကျောက်မီးသွေးမှုန့်တွေနဲ့ အသက်ဆက်ရှင်နေကြ
အသက်ရှုသံထက် ချောင်းဆိုးသံက အကြိမ်ရေပိုများ
အေးစက်နေတဲ့အာလူးတစ်ခြမ်း
မီးသေစပြုနေတဲ့မီးလင်းဖိုတစ်ခု
မြေကြီးကိုခင်းပြီး ချောင်းဆိုးသံကိုခြုံအိပ်နေတဲ့မိသားတစ်စု
အိပ်မက်မဲ့တဲ့အိပ်စက်ခြင်းမှာ
အိပ်မက်ကို စာလုံးမပေါင်းရဲကြ။

လင်းအိမ်ငယ်
၂၈  မတ်  ၂၀၁၇

No comments:

Post a Comment