Zawgyi version
ေမွာ္ဆရာဦးထုပ္
________________
ေမွာ္ဆရာရဲ႕ဦးထုပ္ထဲမွာ စပ်စ္သီးတစ္လံုး႐ွိတယ္
ေရာင္စံုပ၀ါစေတြနဲ႔ ယုန္တစ္ေကာင္လည္း ႐ွိတယ္
ေပ်ာ္စရာေန႔ေတြနဲ႔ ကိုယ္ေပ်ာက္ေဆးလည္း ႐ွိတယ္
ငွက္ေပ်ာေတာထဲက ေကာက္ရထားတဲ့ မ်က္လံုးတစ္လံုးလည္း ႐ွိတယ္
အဲ့ဒီဦးထုပ္ထဲ ေမွာ္ဆရာကိုယ္တိုင္႐ွိေနၿပီး
ေမွာ္ဆရာကိုယ္တိုင္ကိုက ဦးထုပ္ျဖစ္ေနေလတယ္
ငွက္ကေလးပ်ံထြက္လာတဲ့ ဦးထုပ္ထဲမွာ ဘာမွ႐ွိမေနခဲ့ဘူး
ဘာမွ႐ွိမေနခဲ့တာကို ဦးထုပ္ကိုယ္တိုင္ မသိခဲ့ဘူး
ေႏြရာသီတစ္ခုကို ဖန္တီးၿပီးတဲ့ေနာက္
စိုစြတ္ေနတက္တဲ့ေမွာ္ဆရာေခါင္းေပၚမွာ ဦးထုပ္က မေပ်ာ္ဘူးျဖစ္လာခဲ့
ဖဲခ်ပ္ကို ေလထဲပစ္ထည့္လိုက္ၿပီး
ဦးထုပ္ထဲက ျပန္ထုတ္ျပတာေလာက္ေတာ့ ႐ိုးေနၿပီဆိုပဲ
တစ္ခါတစ္ေလ ေပါက္ဓားမ်ားစြာ ထြက္က်ခဲ့
ဦးထုပ္ထဲ ေျခခ်င္းလိမ္ေနတဲ့ေႁမြေတြလည္း ထြက္က်ခဲ့
ဦးထုပ္ဟာ မ်က္လွည့္ပြဲေတြကို မႀကိဳက္ေတာ့ဘူး
ကံ့ေကာ္ရြက္ႏုေလးေတြနဲ႔ မနက္ခင္းေတြဟာ ဖူးပြင့္ခဲ့
ေမွာ္ဆရာကေတာ့ ပြင့္မလာတဲ့ ႏွင္းဆီကို ဦးထုပ္ထဲထည့္လို႔
ပြင့္မလာတဲ့ မနက္ခင္းကို ေမွ်ာ္လင့္တႀကီးေစာင့္လို႔
ဒုလႅဘတရားလည္း မရခဲ့ဘူး။
လင္းအိမ္ငယ္
၁၇. ဧၿပီ ၂၀၁၇
Unicode version
မှော်ဆရာဦးထုပ်
________________
မှော်ဆရာရဲ့ဦးထုပ်ထဲမှာ စပျစ်သီးတစ်လုံးရှိတယ်
ရောင်စုံပဝါစတွေနဲ့ ယုန်တစ်ကောင်လည်း ရှိတယ်
ပျော်စရာနေ့တွေနဲ့ ကိုယ်ပျောက်ဆေးလည်း ရှိတယ်
ငှက်ပျောတောထဲက ကောက်ရထားတဲ့ မျက်လုံးတစ်လုံးလည်း ရှိတယ်
အဲ့ဒီဦးထုပ်ထဲ မှော်ဆရာကိုယ်တိုင်ရှိနေပြီး
မှော်ဆရာကိုယ်တိုင်ကိုက ဦးထုပ်ဖြစ်နေလေတယ်
ငှက်ကလေးပျံထွက်လာတဲ့ ဦးထုပ်ထဲမှာ ဘာမှရှိမနေခဲ့ဘူး
ဘာမှရှိမနေခဲ့တာကို ဦးထုပ်ကိုယ်တိုင် မသိခဲ့ဘူး
နွေရာသီတစ်ခုကို ဖန်တီးပြီးတဲ့နောက်
စိုစွတ်နေတက်တဲ့မှော်ဆရာခေါင်းပေါ်မှာ ဦးထုပ်က မပျော်ဘူးဖြစ်လာခဲ့
ဖဲချပ်ကို လေထဲပစ်ထည့်လိုက်ပြီး
ဦးထုပ်ထဲက ပြန်ထုတ်ပြတာလောက်တော့ ရိုးနေပြီဆိုပဲ
တစ်ခါတစ်လေ ပေါက်ဓားများစွာ ထွက်ကျခဲ့
ဦးထုပ်ထဲ ခြေချင်းလိမ်နေတဲ့မြွေတွေလည်း ထွက်ကျခဲ့
ဦးထုပ်ဟာ မျက်လှည့်ပွဲတွေကို မကြိုက်တော့ဘူး
ကံ့ကော်ရွက်နုလေးတွေနဲ့ မနက်ခင်းတွေဟာ ဖူးပွင့်ခဲ့
မှော်ဆရာကတော့ ပွင့်မလာတဲ့ နှင်းဆီကို ဦးထုပ်ထဲထည့်လို့
ပွင့်မလာတဲ့ မနက်ခင်းကို မျှော်လင့်တကြီးစောင့်လို့
ဒုလ္လဘတရားလည်း မရခဲ့ဘူး။
လင်းအိမ်ငယ်
၁၇. ဧပြီ ၂၀၁၇
No comments:
Post a Comment