Wednesday, April 5, 2017

အညိဳေရာင္

Zawgyi version

အညိဳေရာင္
___________________
အညိဳေရာင္ျပင္းျပင္း ပန္းခ်ီတစ္ခ်ပ္ရွိတယ္
ပန္းခ်ီဆရာကိုယ္တိုင္းက အညိဳေရာင္ေတြနဲ႔ ျပည့္ေနခဲ့
ခန္းဆီးစေတြမွာလည္း အညိဳေရာင္ေဆးေတြ
ေပ်ာ္ရႊင္ေနတဲ့ေျခေထာက္တစ္စံု
ကခုန္ေနတဲ့စကားေတြ ေတးသံသာေပါ့
စိတ္ခ်င္းထိေနတဲ့လမ္းမွာ အညိဳေရာင္ေျမသားေတြ
က်ဆိမ့္ခြက္ထဲမွာ အညိဳေရာင္ေတြ ၿပံဳးေန
လက္ဘက္ရည္နဲ႔တို႔ထိလိုက္တဲ့ တစ္သွ်ဴးစလည္း အညိဳေရာင္ေျပာင္းသြား
တစ္ေနကုန္ အညိဳေရာင္ေနျခည္ျဖာခဲ့
သစ္ရြက္ေတြလည္း ေႏြဦးေပါက္အညိဳေရာင္
အညိဳေရာင္ပန္းခ်ီက ပန္းခ်ီတစ္ခ်ပ္မဟုတ္ခဲ့တာ
ကဗ်ာဆရာတစ္ေယာက္ျမင္ခဲ့တယ္။

လင္းအိမ္ငယ္
၅  မတ္  ၂၀၁၇

Unicode version
အညိုရောင်
___________________
အညိုရောင်ပြင်းပြင်း ပန်းချီတစ်ချပ်ရှိတယ်
ပန်းချီဆရာကိုယ်တိုင်းက အညိုရောင်တွေနဲ့ ပြည့်နေခဲ့
ခန်းဆီးစတွေမှာလည်း အညိုရောင်ဆေးတွေ
ပျော်ရွှင်နေတဲ့ခြေထောက်တစ်စုံ
ကခုန်နေတဲ့စကားတွေ တေးသံသာပေါ့
စိတ်ချင်းထိနေတဲ့လမ်းမှာ အညိုရောင်မြေသားတွေ
ကျဆိမ့်ခွက်ထဲမှာ အညိုရောင်တွေ ပြုံးနေ
လက်ဘက်ရည်နဲ့တို့ထိလိုက်တဲ့ တစ်သျှူးစလည်း အညိုရောင်ပြောင်းသွား
တစ်နေကုန် အညိုရောင်နေခြည်ဖြာခဲ့
သစ်ရွက်တွေလည်း နွေဦးပေါက်အညိုရောင်
အညိုရောင်ပန်းချီက ပန်းချီတစ်ချပ်မဟုတ်ခဲ့တာ
ကဗျာဆရာတစ်ယောက်မြင်ခဲ့တယ်။

လင်းအိမ်ငယ်
၅  မတ်  ၂၀၁၇

No comments:

Post a Comment