Wednesday, April 19, 2017

႐ွင္သန္ျခင္းသက္ေသ 

Zawgyi version

IDEA Magazine, May 2017

႐ွင္သန္ျခင္းသက္ေသ
================

၁။
မင္းရဲ႕အသက္ကဘာလဲ
`ဘကၳရီ´

၂။
`၁၂နာရီ´
ေဝးလံေခါင္သီေသာအရပ္ေဒသမွစကားလံုးမ်ားသည္ကြၽန္ေတာ္၏နားထဲတြင္အဆက္မျပတ္စီးဆင္းလ်က္႐ွိသည္။အသံ၏အလ်င္အတိုင္းစီးဆင္းလာေသာစကားလံုးမ်ားထဲတြင္ၾကည္ႏူးဖြယ္၊ေပ်ာ္ရႊင္ဖြယ္၊လြမ္းေမာဖြယ္ရာမ်ားသည္အစီအစဥ္တက်ေမ်ာပါလ်က္...။မိုင္ေပါင္းမည္မွ်ပင္ေဝးကြာေနေစကာမူစကားလံုးမ်ား၏ခ်စ္ခင္ရင္းႏွီးမႈသည္ရပ္တန္႔သြားျခင္းမ႐ွိပါ။အိပ္စက္ျခင္းဟူေသာအဓိပၸါယ္တြင္စကားလံုးမ်ားႏိုးၾကားေနၾကသည္။
`၁နာရီ´
အိပ္မက္ကေနလန္႔ႏိုးလာေသာအခါဦးစြာပထမအသက္႐ွဴသံၾကားရသည္။အသက္႐ွဴသံရဲ႕ေနာက္မွာသက္ျပင္းခ်သံကကပ္ပါလာသည္။အိပ္မက္ထဲတြင္ခြဲခြာျခင္းကိုရင္ဆိုင္ခဲ့ရသည္။ခြဲခြာျခင္းသည္မဖိတ္ေခၚဘဲအလိုအေလ်ာက္ေရာက္လာတတ္ပါသည္။ခြဲခြာျခင္း၏ေနာက္တြင္လည္းဝမ္းနည္းဖြယ္ရာမ်ား၊ေၾကကြဲဖြယ္ရာမ်ားအလိုအေလ်ာက္ကပ္ပါလာၾကသည္။အိပ္မက္ထဲမွခြဲခြာျခင္းကိုမ်က္ရည္အတိုင္းသားျဖင့္ေငးၾကည့္ေနခဲ့ရသည္။
`၂နာရီ´
အိမ္ေ႐ွ႕ကေခြးအူသံမွာ႐ွည္လ်ားလွသည္။ေခြးအူသံသည္ညကိုအစီအစဥ္တက်ေျခာက္လွန္႔လိုက္သည္။အိပ္၍မေပ်ာ္ေသာသူမ်ားအဖို႔ေခြးအူသံသည္ေခ်ာက္ခ်ားဖြယ္ေကာင္းလွသည္။ေခြးတစ္ေကာင္အူလွ်င္ေခြးအမ်ားစုသည္လိုက္အူၾကပါသည္။ေခြးေဟာင္သံထက္ေခြးအူသံသည္ညကိုပို၍ထိတ္လန္႔ေစပါသည္။ညတြင္ၾကားရေသာေခြးအူသံမွာခံစားခ်က္ျပည့္ဝလြန္းလွသည္။
`၃နာရီ´
တိတ္ဆိတ္ေနေသာအိမ္ထဲသို႔ေအးစက္လွေသာေလညင္းသည္ဖြင့္လွစ္ထားေသာျပတင္းတံခါးမွတစ္ဆင့္ဝင္ေရာက္လာသည္။ညသည္အေမွာင္ကိုအစြမ္းကုန္ဖက္တြက္ထားသည္။နာရီ၏တိက်ေသာေျခလွမ္းမ်ားသည္အိမ္ထဲမွာတစကၠန္႔ခ်င္းေရြးလ်ားေနသည္။အိမ္ထဲမွာ႐ွိေသာအရာဝတၳဳမ်ားသည္တိတ္ဆိတ္ၿငိမ္သက္လြန္းလွသည္။အေမွာင္ကိုအံတု၍ေလညင္းသြဲ႔သြဲ႔သည္ၿငိမ့္ၿငိမ့္ေလးတိုက္ခတ္ေနသည္။ေလညင္းရဲ႕အရသာမွာည၏တိတ္ဆိတ္ေနေသာအလွတရားကိုျဖည့္ဆီးလိုက္သည္။ည၏႐ွား႐ွားပါးပါးအလွတရားသည္အထီးက်န္လြန္းလွသည္။
`၄နာရီ´
မိုးၿခိမ္းသံသည္တစ္ေယာက္တည္းဆိုေသာအဓိပၸါယ္ကိုပို၍ေျခာက္လွန္႔ေနသည္
တစ္ေယာက္တည္းအေမွာင္ထဲမွာလွ်ပ္စီးဝင္းျပက္ပံုကိုၾကည့္ရသည္မွာေၾကာက္လန္႔စရာေကာင္းလြန္းလွသည္။။မိုးမရြာခင္တိုက္ခတ္လာေသာမိုးသက္ေလသည္အထီးက်န္မႈကိုအနည္းငယ္မွွ်ႏွစ္သိမ့္မေပးႏိုင္ပါ။
ပူေဆြးဝမ္းနည္းဖြယ္ရာမ်ားသည္အေဖာ္အေပါင္းႏွင့္ေစာင့္ႀကိဳေနတတ္ပါသည္။အေမွာင္သည္ည၏ပူေဆြးဝမ္းနည္းမႈလား...။
`၅နာရီ´
အလင္းပ်ပ်ရီေဝေနေသာအဓိပၸါယ္ကိုနာရီႏိႈးစက္မွတစ္ဆင့္အတိုင္းသားၾကားေနရသည္။တစ္ညလံုးအိပ္မေပ်ာ္ခဲ့ေသာဒဏ္ရာသည္တစ္ညလံုးတဆစ္ဆစ္နာက်င္ကိုက္ခဲေနခဲ့သည္။အေမွာင္သားအက်င့္ရေနေသာမ်က္လံုးမ်ားသည္အလင္းပ်ပ်ကိုလက္မခံႏိုင္ေသးပါ။ေၾကကြဲဖြယ္ရာမ်ားျဖင့္လူးလိမ့္ခဲ့ရေသာညသည္အမွန္တကယ္ၿပီးဆံုးသြားၿပီလား။အေမွာင္၏ေလွာင္ေျပာင္သံကုိအလင္းပ်ပ်ထဲတြင္အတိုင္းသားၾကားေနရသည္။ဘဝသည္ေလွာင္ေျပာင္သံမ်ားကိုနားရည္ဝေနခဲ့ၿပီျဖစ္ပါသည္။
`၆နာရီ´
အိပ္ရာထဲမွအေတြးမ်ားသည္ႏိုးတစ္ဝက္အေနအထားျဖင့္လြင့္ေမ်ာေနဆဲ...။လူသားတစ္ေယာက္အေနျဖင့္အိပ္စက္ျခင္းကိုၾကံဳေတြ႕ခံစားခဲ့ရၿပီးျဖစ္ပါသည္။ထို႔အတူခြဲခြာျခင္းျဖင့္မက္ေသာအိပ္မက္ကိုလည္းလက္ခံရ႐ွိခဲ့ၿပီးျဖစ္ပါသည္။ညဆိုေသာေခ်ာက္ခ်ားဖြယ္ရာအရသာကိုလည္းျမည္းစမ္းခဲ့ၿပီးျဖစ္ပါသည္။အေမွာင္ဆိုေသာအထီးက်န္မႈကိုလည္းရင္ဆိုင္ျဖတ္ေက်ာ္ခဲ့ၿပီးျဖစ္ပါသည္။႐ွင္သန္မႈဆိုေသာအရာကိုထပ္မံ႐ွာေဖြရန္နံနက္ခင္းတစ္ခုကအသင့္ေစာင့္ႀကိဳေနပါသည္။

၃။
တစ္ညလံုးဘကၳရီျဖင့္ထြန္းထားေသာမီးေခ်ာင္းကေလးသည္အသက္ဓာတ္မဲ့သြားခဲ့ၿပီျဖစ္သည္။

ေအာင္ကိုကိုလတ္(တမူး)

Unicode version

IDEA Magazine, May 2017

ရှင်သန်ခြင်းသက်သေ
================

၁။
မင်းရဲ့အသက်ကဘာလဲ
`ဘက္ထရီ´

၂။
`၁၂နာရီ´
ဝေးလံခေါင်သီသောအရပ်ဒေသမှစကားလုံးများသည်ကျွန်တော်၏နားထဲတွင်အဆက်မပြတ်စီးဆင်းလျက်ရှိသည်။အသံ၏အလျင်အတိုင်းစီးဆင်းလာသောစကားလုံးများထဲတွင်ကြည်နူးဖွယ်၊ပျော်ရွှင်ဖွယ်၊လွမ်းမောဖွယ်ရာများသည်အစီအစဉ်တကျမျောပါလျက်...။မိုင်ပေါင်းမည်မျှပင်ဝေးကွာနေစေကာမူစကားလုံးများ၏ချစ်ခင်ရင်းနှီးမှုသည်ရပ်တန့်သွားခြင်းမရှိပါ။အိပ်စက်ခြင်းဟူသောအဓိပ္ပါယ်တွင်စကားလုံးများနိုးကြားနေကြသည်။
`၁နာရီ´
အိပ်မက်ကနေလန့်နိုးလာသောအခါဦးစွာပထမအသက်ရှူသံကြားရသည်။အသက်ရှူသံရဲ့နောက်မှာသက်ပြင်းချသံကကပ်ပါလာသည်။အိပ်မက်ထဲတွင်ခွဲခွာခြင်းကိုရင်ဆိုင်ခဲ့ရသည်။ခွဲခွာခြင်းသည်မဖိတ်ခေါ်ဘဲအလိုအလျောက်ရောက်လာတတ်ပါသည်။ခွဲခွာခြင်း၏နောက်တွင်လည်းဝမ်းနည်းဖွယ်ရာများ၊ကြေကွဲဖွယ်ရာများအလိုအလျောက်ကပ်ပါလာကြသည်။အိပ်မက်ထဲမှခွဲခွာခြင်းကိုမျက်ရည်အတိုင်းသားဖြင့်ငေးကြည့်နေခဲ့ရသည်။
`၂နာရီ´
အိမ်ရှေ့ကခွေးအူသံမှာရှည်လျားလှသည်။ခွေးအူသံသည်ညကိုအစီအစဉ်တကျခြောက်လှန့်လိုက်သည်။အိပ်၍မပျော်သောသူများအဖို့ခွေးအူသံသည်ချောက်ချားဖွယ်ကောင်းလှသည်။ခွေးတစ်ကောင်အူလျှင်ခွေးအများစုသည်လိုက်အူကြပါသည်။ခွေးဟောင်သံထက်ခွေးအူသံသည်ညကိုပို၍ထိတ်လန့်စေပါသည်။ညတွင်ကြားရသောခွေးအူသံမှာခံစားချက်ပြည့်ဝလွန်းလှသည်။
`၃နာရီ´
တိတ်ဆိတ်နေသောအိမ်ထဲသို့အေးစက်လှသောလေညင်းသည်ဖွင့်လှစ်ထားသောပြတင်းတံခါးမှတစ်ဆင့်ဝင်ရောက်လာသည်။ညသည်အမှောင်ကိုအစွမ်းကုန်ဖက်တွက်ထားသည်။နာရီ၏တိကျသောခြေလှမ်းများသည်အိမ်ထဲမှာတစက္ကန့်ချင်းရွေးလျားနေသည်။အိမ်ထဲမှာရှိသောအရာဝတ္ထုများသည်တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။အမှောင်ကိုအံတု၍လေညင်းသွဲ့သွဲ့သည်ငြိမ့်ငြိမ့်လေးတိုက်ခတ်နေသည်။လေညင်းရဲ့အရသာမှာည၏တိတ်ဆိတ်နေသောအလှတရားကိုဖြည့်ဆီးလိုက်သည်။ည၏ရှားရှားပါးပါးအလှတရားသည်အထီးကျန်လွန်းလှသည်။
`၄နာရီ´
မိုးခြိမ်းသံသည်တစ်ယောက်တည်းဆိုသောအဓိပ္ပါယ်ကိုပို၍ခြောက်လှန့်နေသည်
တစ်ယောက်တည်းအမှောင်ထဲမှာလျှပ်စီးဝင်းပြက်ပုံကိုကြည့်ရသည်မှာကြောက်လန့်စရာကောင်းလွန်းလှသည်။။မိုးမရွာခင်တိုက်ခတ်လာသောမိုးသက်လေသည်အထီးကျန်မှုကိုအနည်းငယ်မှျှနှစ်သိမ့်မပေးနိုင်ပါ။
ပူဆွေးဝမ်းနည်းဖွယ်ရာများသည်အဖော်အပေါင်းနှင့်စောင့်ကြိုနေတတ်ပါသည်။အမှောင်သည်ည၏ပူဆွေးဝမ်းနည်းမှုလား...။
`၅နာရီ´
အလင်းပျပျရီဝေနေသောအဓိပ္ပါယ်ကိုနာရီနှိုးစက်မှတစ်ဆင့်အတိုင်းသားကြားနေရသည်။တစ်ညလုံးအိပ်မပျော်ခဲ့သောဒဏ်ရာသည်တစ်ညလုံးတဆစ်ဆစ်နာကျင်ကိုက်ခဲနေခဲ့သည်။အမှောင်သားအကျင့်ရနေသောမျက်လုံးများသည်အလင်းပျပျကိုလက်မခံနိုင်သေးပါ။ကြေကွဲဖွယ်ရာများဖြင့်လူးလိမ့်ခဲ့ရသောညသည်အမှန်တကယ်ပြီးဆုံးသွားပြီလား။အမှောင်၏လှောင်ပြောင်သံကိုအလင်းပျပျထဲတွင်အတိုင်းသားကြားနေရသည်။ဘဝသည်လှောင်ပြောင်သံများကိုနားရည်ဝနေခဲ့ပြီဖြစ်ပါသည်။
`၆နာရီ´
အိပ်ရာထဲမှအတွေးများသည်နိုးတစ်ဝက်အနေအထားဖြင့်လွင့်မျောနေဆဲ...။လူသားတစ်ယောက်အနေဖြင့်အိပ်စက်ခြင်းကိုကြုံတွေ့ခံစားခဲ့ရပြီးဖြစ်ပါသည်။ထို့အတူခွဲခွာခြင်းဖြင့်မက်သောအိပ်မက်ကိုလည်းလက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။ညဆိုသောချောက်ချားဖွယ်ရာအရသာကိုလည်းမြည်းစမ်းခဲ့ပြီးဖြစ်ပါသည်။အမှောင်ဆိုသောအထီးကျန်မှုကိုလည်းရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါသည်။ရှင်သန်မှုဆိုသောအရာကိုထပ်မံရှာဖွေရန်နံနက်ခင်းတစ်ခုကအသင့်စောင့်ကြိုနေပါသည်။

၃။
တစ်ညလုံးဘက္ထရီဖြင့်ထွန်းထားသောမီးချောင်းကလေးသည်အသက်ဓာတ်မဲ့သွားခဲ့ပြီဖြစ်သည်။

အောင်ကိုကိုလတ်(တမူး)

No comments:

Post a Comment