Sunday, April 9, 2017

မင္းခန္႔ေနာင္ဖတ္ဖို႔ ေႏြဦးရာသီအက္ေဆး(၁)

Zawgyi version

မင္းခန္႔ေနာင္ဖတ္ဖို႔ ေႏြဦးရာသီအက္ေဆး(၁)

               စာေမးပြဲႀကီးအၿပီးမွာ ျခံတံခါးပိတ္ၿပီးေဆာ့ေနရတဲ့သားကိုၾကည့္ၿပီး ေဖေဖငယ္ငယ္ကတန္ဖိုးမထားခဲ့တဲ့အိမ္ေနာက္ေဖးကသဲေသာင္ျပင္ႀကီးကိုအားနာလိုက္တာသားေရ။
ခုသားနဲ႔သူငယ္ခ်င္းျဖစ္ေနတဲ့ၾကယ္ေတြလေတြဟာ ေဖေဖငယ္ငယ္ကလဲ ေဖေဖနဲ႔သူငယ္ခ်င္းေတြဘဲသားရဲ႕ ။သူတို႔ကသေဘာေကာင္းပါတယ္။သူတို႔နဲ႔အဆင္ေျပရင္သားႏွလုံးသားတျခမ္းဟာသူ႔အလိုလိုႏူးညံ့လာမွာပါ။
          ျပီးေတာ့ေႏြဦးရာသီဆိုတာလြမ္းစရာပါသားေရ။ေဖေဖငယ္ငယ္က မူးျမစ္ဟိုဘက္ကမ္းကလိေမၼာ္ေရာင္အပြင့္ေတြနဲ႔ေပါက္ပင္ႀကီးကိုလြမ္းေနရသလို၊အိမ္ေနာက္ေဖးေညာင္ပင္ႀကီးကေညာင္ခ်ဥ္ဖူးေတြကိုတမ္းတေနရသလို၊မနက္ေစာေစာမူးျမစ္ထဲျဖတ္ေမာင္းလာတဲ့ႏြားလည္းေမာင္းသံေတြကိုသတိရေနရသလို သားလည္းေခါင္းရင္းၾသဇာပင္တန္းကၾသဇာပင္ေတြ ဒီအခ်ိန္အရြက္ေတြေႂကြေနတာကိုမွတ္ထားေပါ့။အိမ္ေရွ႕စံပယ္႐ုံေလးအၫြန္႔ေတြထြက္ေနတာကိုမွတ္ထားေပါ့ အိမ္ေရွ႕လမ္းမေပၚကဖုန္တေထာင္းေထာင္းထေနတာေတြမွတ္ထားေပါ့၊သားလည္းႀကီးလာရင္လြမ္းရဦးမွာဘဲေလ။လြမ္းလဲလြမ္းတတ္ေစခ်င္ပါတယ္။ေဖေဖငယ္ငယ္ကစကားဝါပန္းေတြတက္ခူး၊တစ္က်ပ္ဖိုး ဆယ့္ႏွစ္ပြင့္နဲ႔ေရာင္းၿပီး ဂစ္တာအေဟာင္းေလးတစ္လက္ဝယ္ခဲ့ဖူးတယ္သားေရ။သားလဲစံပယ္ပင္ေလးေတြေရေလာင္းပါ ၿပီးရင္ေက်ာင္းပိတ္ရက္မွာ သားလိုခ်င္တာ
ေဖေဖ့ဆီေတာင္းေပါ့။
သားဖုန္းထဲမွာရွိတဲ့ဂိမ္းေတြကိုဇက္ျပာနဲ႔ရွယ္လုပ္သလို သားမွာရွိတဲ့အရာရာတိုင္းကမ႓ာႀကီးဆီကိုႏွလုံးသားနဲ႔ရွယ္ဖို႔သင္ယူပါသား။
ရယ္စရာရွိရင္ဟက္ဟက္ပက္ပက္ရယ္ၿပီးငိုစရာရွိရင္ငိုသာခ်လိုက္ပါသားေရဘယ္သူ႔မွရွက္မေနနဲ႔ ဒါဟာသားႏွလုံးသားရဲ႕က်န္းမာေရးအတြက္ဆိုတာၿမဲၿမဲမွတ္ထားပါ။
ေဖေဖငယ္ငယ္ကဆို နာက်င္စရာသိမ္ငယ္စရာေတြရွိရင္မူးျမစ္ထဲခုန္ခ်ၿပီေရထဲမွာအသက္ေအာင့္ၿပီးအၾကာႀကီးငုတ္ေနလိုက္တာဘဲသား။အရမ္းမြန္းေနၿပီဆိုမွဘြားကနဲထၿပီးေလကိုအားရပါးရရႉပစ္လိုက္တာဘဲ။အဲဒီလိုခနခနလုပ္ရင္းနဲ႔အသက္ရွင္သန္ရျခင္းတန္ဖိုးကိုသိလာတယ္သား။အေျခအေနအရျမစ္ေတြေခ်ာင္းေတြမတတ္ႏိုင္လို႔သားကိုေဖေဖေရကူးကန္ေလးဝယ္ေပးထားတာေပါ့။
နာက်င္စရာေတြရွိရင္အားရပါးရေရသာငုတ္လိုက္ပါသားေရ ၿပီးေတာ့အားရပါးရအသက္ရႉရွင္သန္လိုက္စမ္းပါ။
ကမ႓ာႀကီးဆီကအမ်ားႀကီးေတာ့မေမွ်ာ္လင့္နဲ႔ေပါ့သားေရ ကိုယ္ကမ်ားမ်ားေပးႏိုင္ေအာင္ဘဲႀကိဳးစားေစခ်င္တယ္။သားကိုလည္းအေဖကအမ်ားႀကီးေမွ်ာ္လင့္မထား
ပါဘူးသာမန္လူသားဆန္ဆန္ႏွလုံးသားနဲ႔ဦးေႏွာက္ကိုခ်ိန္ဆမွ်တေအာင္ေနထိုင္တတ္တဲ့လူတစ္ေယာက္ဆိုရင္ကိုေက်နပ္လွပါၿပီ။
ကမ႓ာၾကီးကိုၾကည့္တဲ့အခါေရာင္စုံပန္းခ်ီကားတစ္ခ်ပ္လိုျမင္တတ္ပါေစသားေရ
အေရာင္အားလုံးဟာသူ႔ေနရာနဲ႔သူလိုအပ္လို႔ရွိေနတာလို႔သားစိတ္ထဲမွတ္ထားေစခ်င္တယ္။ၿပီးေတာ့တိရိစၧာန္ေလးေတြကိုခ်စ္တတ္ေစခ်င္တယ္သား၊
ႏူးညံ့တဲ့ႏွလုံးသားျဖစ္ဖို႔နဲ႔ကိုယ္ခ်င္းစာတရားထြန္းကားဖို႔ဆိုတာကဒီလိုဘဲအစျပဳရမွာေပါ့။
ၿပီးေတာ့လူေတြကိုယုံယုံၾကည္ၾကည္သာေပါင္းသင္းပါသား သံသယဆိုတာသိပ္ေၾကာက္စရာေကာင္းပါတယ္ ယုံယုံၾကည္ၾကည္ေပါင္းမွလဲသားလူေတြအေၾကာင္းသိလာမွာ လူေတြဟာဘာမွမဟုတ္ပါလား ဆိုတဲ့အသိကိုရလာမွာ။
        သီခ်င္းေတြကဗ်ာေတြကိုလဲခ်စ္တတ္ေအာင္
သားကိုမိတ္ဆက္ေပးရဦးမယ္။ဒါေတြကသားရဲ႕စိတ္
အတြက္အားျဖည့္ဗီတာမင္ေတြဆိုတာသားသိလာ
လိမ့္မယ္။
         အဆင္သင့္တဲ့တေန႔သားကိုေဖေဖ့ငယ္ဘဝဆီေခၚသြားျပပါဦးမယ္ေလ။ေဖေဖတို႔ဘိုးဘြားေတြရဲ႕ ႏွစ္ေဆာင္ၿပိဳင္ပ်ဥ္ေထာင္အိမ္ေဟာင္းႀကီးဆီ၊ေနာက္ေဖးကေညာင္ပင္ႀကီးဆီ၊ေညာင္ပင္ႀကီးေအာက္ကသိပ္ကိုလွပတဲ့မူးျမစ္နဲ႔သဲေသာင္ျပင္ႀကီးဆီ၊ၿပီးရင္ေဖေဖနဲ႔သားနဲ႔ေရငုတ္ၿပိဳင္ၾကမယ္၊ၿပီးရင္ေသာင္ျပင္ေႏြးေႏြးေလးေပၚမွာ လူးလိမ့္ၿပီးေနပူစာလႉံၾကမယ္...။

မင္းစည္

Unicode version

မင်းခန့်နောင်ဖတ်ဖို့ နွေဦးရာသီအက်ဆေး(၁)

               စာမေးပွဲကြီးအပြီးမှာ ခြံတံခါးပိတ်ပြီးဆော့နေရတဲ့သားကိုကြည့်ပြီး ဖေဖေငယ်ငယ်ကတန်ဖိုးမထားခဲ့တဲ့အိမ်နောက်ဖေးကသဲသောင်ပြင်ကြီးကိုအားနာလိုက်တာသားရေ။
ခုသားနဲ့သူငယ်ချင်းဖြစ်နေတဲ့ကြယ်တွေလတွေဟာ ဖေဖေငယ်ငယ်ကလဲ ဖေဖေနဲ့သူငယ်ချင်းတွေဘဲသားရဲ့ ။သူတို့ကသဘောကောင်းပါတယ်။သူတို့နဲ့အဆင်ပြေရင်သားနှလုံးသားတခြမ်းဟာသူ့အလိုလိုနူးညံ့လာမှာပါ။
          ပြီးတော့နွေဦးရာသီဆိုတာလွမ်းစရာပါသားရေ။ဖေဖေငယ်ငယ်က မူးမြစ်ဟိုဘက်ကမ်းကလိမ္မော်ရောင်အပွင့်တွေနဲ့ပေါက်ပင်ကြီးကိုလွမ်းနေရသလို၊အိမ်နောက်ဖေးညောင်ပင်ကြီးကညောင်ချဉ်ဖူးတွေကိုတမ်းတနေရသလို၊မနက်စောစောမူးမြစ်ထဲဖြတ်မောင်းလာတဲ့နွားလည်းမောင်းသံတွေကိုသတိရနေရသလို သားလည်းခေါင်းရင်းသြဇာပင်တန်းကသြဇာပင်တွေ ဒီအချိန်အရွက်တွေကြွေနေတာကိုမှတ်ထားပေါ့။အိမ်ရှေ့စံပယ်ရုံလေးအညွန့်တွေထွက်နေတာကိုမှတ်ထားပေါ့ အိမ်ရှေ့လမ်းမပေါ်ကဖုန်တထောင်းထောင်းထနေတာတွေမှတ်ထားပေါ့၊သားလည်းကြီးလာရင်လွမ်းရဦးမှာဘဲလေ။လွမ်းလဲလွမ်းတတ်စေချင်ပါတယ်။ဖေဖေငယ်ငယ်ကစကားဝါပန်းတွေတက်ခူး၊တစ်ကျပ်ဖိုး ဆယ့်နှစ်ပွင့်နဲ့ရောင်းပြီး ဂစ်တာအဟောင်းလေးတစ်လက်ဝယ်ခဲ့ဖူးတယ်သားရေ။သားလဲစံပယ်ပင်လေးတွေရေလောင်းပါ ပြီးရင်ကျောင်းပိတ်ရက်မှာ သားလိုချင်တာ
ဖေဖေ့ဆီတောင်းပေါ့။
သားဖုန်းထဲမှာရှိတဲ့ဂိမ်းတွေကိုဇက်ပြာနဲ့ရှယ်လုပ်သလို သားမှာရှိတဲ့အရာရာတိုင်းကမ္ဘာကြီးဆီကိုနှလုံးသားနဲ့ရှယ်ဖို့သင်ယူပါသား။
ရယ်စရာရှိရင်ဟက်ဟက်ပက်ပက်ရယ်ပြီးငိုစရာရှိရင်ငိုသာချလိုက်ပါသားရေဘယ်သူ့မှရှက်မနေနဲ့ ဒါဟာသားနှလုံးသားရဲ့ကျန်းမာရေးအတွက်ဆိုတာမြဲမြဲမှတ်ထားပါ။
ဖေဖေငယ်ငယ်ကဆို နာကျင်စရာသိမ်ငယ်စရာတွေရှိရင်မူးမြစ်ထဲခုန်ချပြီရေထဲမှာအသက်အောင့်ပြီးအကြာကြီးငုတ်နေလိုက်တာဘဲသား။အရမ်းမွန်းနေပြီဆိုမှဘွားကနဲထပြီးလေကိုအားရပါးရရှူပစ်လိုက်တာဘဲ။အဲဒီလိုခနခနလုပ်ရင်းနဲ့အသက်ရှင်သန်ရခြင်းတန်ဖိုးကိုသိလာတယ်သား။အခြေအနေအရမြစ်တွေချောင်းတွေမတတ်နိုင်လို့သားကိုဖေဖေရေကူးကန်လေးဝယ်ပေးထားတာပေါ့။
နာကျင်စရာတွေရှိရင်အားရပါးရရေသာငုတ်လိုက်ပါသားရေ ပြီးတော့အားရပါးရအသက်ရှူရှင်သန်လိုက်စမ်းပါ။
ကမ္ဘာကြီးဆီကအများကြီးတော့မမျှော်လင့်နဲ့ပေါ့သားရေ ကိုယ်ကများများပေးနိုင်အောင်ဘဲကြိုးစားစေချင်တယ်။သားကိုလည်းအဖေကအများကြီးမျှော်လင့်မထား
ပါဘူးသာမန်လူသားဆန်ဆန်နှလုံးသားနဲ့ဦးနှောက်ကိုချိန်ဆမျှတအောင်နေထိုင်တတ်တဲ့လူတစ်ယောက်ဆိုရင်ကိုကျေနပ်လှပါပြီ။
ကမ္ဘာကြီးကိုကြည့်တဲ့အခါရောင်စုံပန်းချီကားတစ်ချပ်လိုမြင်တတ်ပါစေသားရေ
အရောင်အားလုံးဟာသူ့နေရာနဲ့သူလိုအပ်လို့ရှိနေတာလို့သားစိတ်ထဲမှတ်ထားစေချင်တယ်။ပြီးတော့တိရိစ္ဆာန်လေးတွေကိုချစ်တတ်စေချင်တယ်သား၊
နူးညံ့တဲ့နှလုံးသားဖြစ်ဖို့နဲ့ကိုယ်ချင်းစာတရားထွန်းကားဖို့ဆိုတာကဒီလိုဘဲအစပြုရမှာပေါ့။
ပြီးတော့လူတွေကိုယုံယုံကြည်ကြည်သာပေါင်းသင်းပါသား သံသယဆိုတာသိပ်ကြောက်စရာကောင်းပါတယ် ယုံယုံကြည်ကြည်ပေါင်းမှလဲသားလူတွေအကြောင်းသိလာမှာ လူတွေဟာဘာမှမဟုတ်ပါလား ဆိုတဲ့အသိကိုရလာမှာ။
        သီချင်းတွေကဗျာတွေကိုလဲချစ်တတ်အောင်
သားကိုမိတ်ဆက်ပေးရဦးမယ်။ဒါတွေကသားရဲ့စိတ်
အတွက်အားဖြည့်ဗီတာမင်တွေဆိုတာသားသိလာ
လိမ့်မယ်။
         အဆင်သင့်တဲ့တနေ့သားကိုဖေဖေ့ငယ်ဘဝဆီခေါ်သွားပြပါဦးမယ်လေ။ဖေဖေတို့ဘိုးဘွားတွေရဲ့ နှစ်ဆောင်ပြိုင်ပျဉ်ထောင်အိမ်ဟောင်းကြီးဆီ၊နောက်ဖေးကညောင်ပင်ကြီးဆီ၊ညောင်ပင်ကြီးအောက်ကသိပ်ကိုလှပတဲ့မူးမြစ်နဲ့သဲသောင်ပြင်ကြီးဆီ၊ပြီးရင်ဖေဖေနဲ့သားနဲ့ရေငုတ်ပြိုင်ကြမယ်၊ပြီးရင်သောင်ပြင်နွေးနွေးလေးပေါ်မှာ လူးလိမ့်ပြီးနေပူစာလှူံကြမယ်...။

မင်းစည်

No comments:

Post a Comment