Friday, April 7, 2017

လူ န ာ -  ၅

Zawgyi version

လူ န ာ -  ၅
_____________________________
                 ေအာင္ကိုကိုလတ္( တမူး)

ခလုတ္တိုက္မိတဲ့ေက်ာက္ခဲကို
ဓာတ္ပံု႐ိုက္ၿပီးသိမ္းထားလိုက္တယ္
လူနာတင္ကားကလူနာဆီမေရာက္ေတာ့
လူနာကလူနာတင္ကားဆီေရာက္ေအာင္သြားရတယ္
ေဆးရံုကိုဆရာဝန္မလာေတာ့
ဆရာဝန္ဆီေဆးရံုကဖုန္းဆက္ရတယ္
ျပတင္းေပါက္ရဲ႕ေမွ်ာ္လင့္ခ်က္ကိုျမင္ဖို႔
ေနေရာင္ျခည္အစက္အေပ်ာက္ေလးေတြက
တစ္ဆင့္ေျခရာခံရတယ္
မ်က္ႏွာၾကက္ရဲ႕ဆာေလာင္မႈကိုၾကားဖို႔
ေလညင္းအပိုင္းအစေလးေတြက
တစ္ဆင့္အာရံုခံရတယ္
လမ္းမေပၚေမ်ာေနတဲ့သစ္ရြက္ေျခာက္ေလးကိုၾကည့္ၿပီး
ခလုတ္တိုက္ခဲ့တဲ့ကိုယ့္ေျခေထာက္ကိုယ္
ဓာတ္ပံု႐ိုက္ၿပီးသိမ္းထားမိတယ္...။

ေအာင္ကိုကိုလတ္(တမူး)

http://thefourisland.blogspot.com/

Unicode version

လူ နာ -  ၅
_____________________________
                 အောင်ကိုကိုလတ်( တမူး)

ခလုတ်တိုက်မိတဲ့ကျောက်ခဲကို
ဓာတ်ပုံရိုက်ပြီးသိမ်းထားလိုက်တယ်
လူနာတင်ကားကလူနာဆီမရောက်တော့
လူနာကလူနာတင်ကားဆီရောက်အောင်သွားရတယ်
ဆေးရုံကိုဆရာဝန်မလာတော့
ဆရာဝန်ဆီဆေးရုံကဖုန်းဆက်ရတယ်
ပြတင်းပေါက်ရဲ့မျှော်လင့်ချက်ကိုမြင်ဖို့
နေရောင်ခြည်အစက်အပျောက်လေးတွေက
တစ်ဆင့်ခြေရာခံရတယ်
မျက်နှာကြက်ရဲ့ဆာလောင်မှုကိုကြားဖို့
လေညင်းအပိုင်းအစလေးတွေက
တစ်ဆင့်အာရုံခံရတယ်
လမ်းမပေါ်မျောနေတဲ့သစ်ရွက်ခြောက်လေးကိုကြည့်ပြီး
ခလုတ်တိုက်ခဲ့တဲ့ကိုယ့်ခြေထောက်ကိုယ်
ဓာတ်ပုံရိုက်ပြီးသိမ်းထားမိတယ်...။

အောင်ကိုကိုလတ်(တမူး)

http://thefourisland.blogspot.com/

No comments:

Post a Comment