Sunday, April 9, 2017

စစ္ပြၿပီးခ်ိန္

Zawgyi version

စစ္ပြဲၿပီးခ်ိန္
။။။။။။။။။။။။။။။

ယဥ္ေက်းမႈဟာ လက္နက္ပဲ
ေသနတ္နဲ႔ခ်ိန္ထားတဲ့လက္ကို ဓားနဲ႔ဝင္ခုတ္လို႔မရေတာ့
ေသနတ္ခ်င္း ယွဥ္ပစ္ၾကတယ္
လက္ခ်ည္းဗလာေကာင္ေတြ လဲက်။

စစ္ကို ေထာက္ခံပါတယ္
စစ္ကို ရင္ေကာ့ၿပီးခံပါတယ္
စစ္ကို လက္ျပတ္၊ေျချပတ္၊ေခါင္းျပတ္၊ဘဝျပတ္/ပ်က္ၿပီး ခံပါတယ္
စစ္ကသာ အစစ္မခံဝံ့တာ။

မတည့္အတူေန မျမင္ေခ်ာင္းပစ္
ငါဘက္ကၾကည့္ေတာ့ မင္းက အေျမႇာက္ႀကီးနဲ႔ခ်ိန္ထားတာ
မင္းဘက္ကၾကည့္ေတာ့ ငါက တင့္ကားေတြ အဆင္သင့္
သတၱိ႐ိွရင္ လက္နက္ခ်
သတၱိမ႐ိွရင္ ဆက္တိုက္ၾကေပါ့။

မင္းလည္း ႏိုင္တယ္၊ ငါလည္း ႏိုင္တယ္
႐ႈံးတာကေတာ့ ျပည္သူေတြပဲ
မင္းက သယံဇာတေတြကို အကာအကြယ္ယူထားၿပီး
ငါက အာဏာကတုတ္က်င္းထဲ ေနရာယူထားတယ္
ပစ္ကြင္းထဲ ျဖတ္ေျပးေနတာကေတာ့ ျပည္သူေတြပဲ။

ေလွခြက္ႀကီးလည္း မက်န္ေတာ့ဘူး
အလံကလည္း မလဲေသးဘူး။

တစ္ခ်ိန္ခ်ိန္မွာ စစ္ပြဲႀကီး ၿပီးတန္ေကာင္းပါရဲ႕
စစ္သားေတြ အကုန္ေသၿပီး လက္နက္ေတြ ႐ွင္က်န္ရစ္တဲ့အခ်ိန္။    ။

ရင္႐ိုး
20-12-2016

Unicode version

စစ်ပွဲပြီးချိန်
။။။။။။။။။။။။။။။

ယဉ်ကျေးမှုဟာ လက်နက်ပဲ
သေနတ်နဲ့ချိန်ထားတဲ့လက်ကို ဓားနဲ့ဝင်ခုတ်လို့မရတော့
သေနတ်ချင်း ယှဉ်ပစ်ကြတယ်
လက်ချည်းဗလာကောင်တွေ လဲကျ။

စစ်ကို ထောက်ခံပါတယ်
စစ်ကို ရင်ကော့ပြီးခံပါတယ်
စစ်ကို လက်ပြတ်၊ခြေပြတ်၊ခေါင်းပြတ်၊ဘဝပြတ်/ပျက်ပြီး ခံပါတယ်
စစ်ကသာ အစစ်မခံဝံ့တာ။

မတည့်အတူနေ မမြင်ချောင်းပစ်
ငါဘက်ကကြည့်တော့ မင်းက အမြှောက်ကြီးနဲ့ချိန်ထားတာ
မင်းဘက်ကကြည့်တော့ ငါက တင့်ကားတွေ အဆင်သင့်
သတ္တိရှိရင် လက်နက်ချ
သတ္တိမရှိရင် ဆက်တိုက်ကြပေါ့။

မင်းလည်း နိုင်တယ်၊ ငါလည်း နိုင်တယ်
ရှုံးတာကတော့ ပြည်သူတွေပဲ
မင်းက သယံဇာတတွေကို အကာအကွယ်ယူထားပြီး
ငါက အာဏာကတုတ်ကျင်းထဲ နေရာယူထားတယ်
ပစ်ကွင်းထဲ ဖြတ်ပြေးနေတာကတော့ ပြည်သူတွေပဲ။

လှေခွက်ကြီးလည်း မကျန်တော့ဘူး
အလံကလည်း မလဲသေးဘူး။

တစ်ချိန်ချိန်မှာ စစ်ပွဲကြီး ပြီးတန်ကောင်းပါရဲ့
စစ်သားတွေ အကုန်သေပြီး လက်နက်တွေ ရှင်ကျန်ရစ်တဲ့အချိန်။    ။

ရင်ရိုး
20-12-2016

No comments:

Post a Comment