Zawgyi version
တစ္ေယာက္တည္းကြင္းျပင္က်ယ္
==========================
ေန႔လယ္ခင္းဟာ ေမွာင္ေနတယ္
ေပ်ာ္သလား မေပ်ာ္ဘူးလားဆိုတာေတာ့ ဘုရားသခင္လည္း
သိမယ္မထင္ ေမွာင္ေတာ့ေမွာင္ေနတယ္
သစ္ေတာဟာ စိမ္းလန္း ၿပီးညွိဳးေျခာက္ ၿပီေမွာင္မဲ
ခါးစိမ့္ေကာ္ဖီတစ္ခြက္ထဲ ရနံ႔အျပည့္နဲ႔ ဆံႏြယ္ေတြ လူးလြင့္လို႔
စိတ္တစ္ခုထဲမွာ ရွိမေနတဲ့အေမွာင္ကိုပဲ လိုက္ရွာေနမိတဲ့ ေႏြ
သဘာဝေတာမီးက ျပာ႐ိုင္းေတြ ေႏြထဲ ေမ်ာေနေပါ့
ကြင္းျပင္ႀကီးကိုယ္တိုင္က ကြင္းျပင္ဘဝကို မုန္းေနမလားပဲ။
လင္းအိမ္ငယ္
၇ ဧၿပီ ၂၀၁၇
Unicode version
တစ်ယောက်တည်းကွင်းပြင်ကျယ်
==========================
နေ့လယ်ခင်းဟာ မှောင်နေတယ်
ပျော်သလား မပျော်ဘူးလားဆိုတာတော့ ဘုရားသခင်လည်း
သိမယ်မထင် မှောင်တော့မှောင်နေတယ်
သစ်တောဟာ စိမ်းလန်း ပြီးညှိုးခြောက် ပြီမှောင်မဲ
ခါးစိမ့်ကော်ဖီတစ်ခွက်ထဲ ရနံ့အပြည့်နဲ့ ဆံနွယ်တွေ လူးလွင့်လို့
စိတ်တစ်ခုထဲမှာ ရှိမနေတဲ့အမှောင်ကိုပဲ လိုက်ရှာနေမိတဲ့ နွေ
သဘာဝတောမီးက ပြာရိုင်းတွေ နွေထဲ မျောနေပေါ့
ကွင်းပြင်ကြီးကိုယ်တိုင်က ကွင်းပြင်ဘဝကို မုန်းနေမလားပဲ။
လင်းအိမ်ငယ်
၇ ဧပြီ ၂၀၁၇
No comments:
Post a Comment