Zawgyi version
တိုက္႐ိုက္ထုတ္လႊင့္မႈအစီအစဥ္
lllllllllllllllllllllllllllllllllllllllllllllllllll
လက္ဖက္ရည္ဆိုင္ထဲ
ေဘာလံုးပြဲၾကည့္တဲ့သူေတြထေအာ္တယ္
လက္ဖက္ရည္ေဖ်ာ္ဆရာက
လက္ဖက္ရည္ေဖ်ာ္ရင္းထေအာ္တယ္
စားပြဲထိုးေလးေတြက
လက္ဖက္ရည္ခြက္ေတြကိုင္ၿပီးထေအာ္တယ္
`ကိုယ့္မိသားစုရဲ႕ၿငိမ္းခ်မ္းေရးဟာကိုယ္ရဲ႕ၿငိမ္းခ်မ္းေရးပါပဲ´
လက္ဖက္ရည္ဆိုင္ေ႐ွ႕ကျဖတ္ေမာင္းသြားတဲ့
မီးသတ္ကားတစ္စီးဟာ
ထိတ္လန္႔တၾကား ဥၾသဆြဲလ်က္...။
ေအာင္ကိုကိုလတ္(တမူး)
Unicode version
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
lllllllllllllllllllllllllllllllllllllllllllllllllll
လက်ဖက်ရည်ဆိုင်ထဲ
ဘောလုံးပွဲကြည့်တဲ့သူတွေထအော်တယ်
လက်ဖက်ရည်ဖျော်ဆရာက
လက်ဖက်ရည်ဖျော်ရင်းထအော်တယ်
စားပွဲထိုးလေးတွေက
လက်ဖက်ရည်ခွက်တွေကိုင်ပြီးထအော်တယ်
`ကိုယ့်မိသားစုရဲ့ငြိမ်းချမ်းရေးဟာကိုယ်ရဲ့ငြိမ်းချမ်းရေးပါပဲ´
လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်မောင်းသွားတဲ့
မီးသတ်ကားတစ်စီးဟာ
ထိတ်လန့်တကြား ဥသြဆွဲလျက်...။
အောင်ကိုကိုလတ်(တမူး)
No comments:
Post a Comment