Sunday, April 9, 2017

သစၥာတည္ဦး(၂)

Zawgyi version

သစၥာတည္ဦး ( ၂ )
။။။။။။။။။။။။။။။။။။။။။။။

ဒီနာမည္ကို အေဖေပးထားတာ
အေဖဆိုတာ ကိုယ္သားရဲ႕နာမည္ကို ေပးခြင့္႐ိွရမယ္လို႔
အေဖယုံၾကည္တယ္
အေဖ ယုံၾကည္တဲ့အတိုင္း အေဖေပးတယ္
မင္းနာမည္ သစၥာတည္ဦး။

မင္းကို ေမြးဖို႔
မင္းအေမ ခြဲစိတ္ခန္း ဝင္ေနတဲ့အခ်ိန္
အေဖ အဂၤဳလိမာလသုတ္​ ႐ြတ္ရင္း ေပးလိုက္တာ
အေဖ ခြဲစိတ္​ခန္​းထဲကို ေခ်ာင္းေခ်ာင္းၾကည့္ရင္း ေပးလိုက္တာ
မင္းအေမနဲ႔ အေဖ စေတြ႔ခ်ိန္ကစ
၂ႏွစ္တိတိအခ်ိန္မွာ ေမြးလို႔
သစၥာေတြ တည္လို႔
သစၥာတည္ဦးလို႔ ေပးလိုက္တာ
အဲဒီေန႔ဟာ ၆ရက္ ၂လ ၂၀၀၉ခုႏွစ္ေပါ့။

သူနာျပဳဆရာမ လက္ထဲက
ျဖဴျဖဴ​ေဖြး​ေဖြး အႏွီးေထြးေလးကို အေဖ ေပြ႔ယူလိုက္တယ္
႐ွည္႐ွည္ေမ်ာေမ်ာ ညိဳညိဳေျမႇာင္ေျမႇာင္ လူေပါက္စေလးက
အေဖ့သားတဲ့
ၾကည့္စမ္းပါဦး ၾကည့္စမ္းပါဦး
အေဖ့သားတဲ့၊
ေမ့ေဆးမျပယ္ေသးတဲ့ မင္းအေမက အေဖ့ကို ေမးတယ္
ခင္ဗ်ား ဘယ္သူလဲတဲ့
အေဖ့ေအာက္ႏႈတ္ခမ္းေလးနဲ႔ ခြၽတ္စြပ္တူတဲ့ မင္းကို
ခုပဲ ေမြးေပးလိုက္ၿပီး
ခင္ဗ်ား ဘယ္သူလဲတဲ့
အေဖ့မွာ ဗ်ာမ်ားေနရတဲ့ၾကားက
ရယ္လိုက္ရေသးတာေပါ့သားေရ။

အေဖဟာ
လုပ္ငန္းဇြဲေကာင္း၊ ႐ွာတတ္ေဖြတတ္
မိသားစုရထားကို ဦးေဆာင္ေမာင္းႏွင္ႏိုင္တဲ့ စက္ေခါင္းတြဲႀကီးေတာ့ မဟုတ္ဘူးသား
အေဖဟာ
ဒုတိယတန္း ျမန္မာဖတ္စာထဲက "တို႔ေဖေဖ"လည္း မဟုတ္ဘူးသား
အေဖ့ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာႂကြက္သားေတြ ဖုထစ္မေနဘူး
(ဒါကို ေတာင္းပန္ပါတယ္)
အေဖ့ရဲ႕ စိတ္ပိုင္းဆိုင္ရာႂကြက္သားေတြကိုေတာ့
သန္မာထြားက်ိဳင္းေအာင္ ႀကိဳးစားေနပါတယ္။

သစၥာဆိုတာ အမွန္တရားပဲသား
တည္ဆိုတာကေတာ့ တည္ျမဲျခင္းေပါ့ကြာ
ဦးဆိုတာကေတာ့ ဦးေဆာင္ႏိုင္ျခင္းေပါ့
အဲဒီေတာ့
သစၥာတည္ဦးဆိုတာ
သစၥာတရားေတြ တည္ျမဲေအာင္ ဦးေဆာင္ႏိုင္သူေပါ့။

မင္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာႂကြက္သားေတြလည္း ဖုထစ္ပါေစ
မင္းရဲ႕ စိတ္ပိုင္းဆိုင္ရာႂကြက္သားေတြလည္း သန္မာထြားက်ိဳင္းပါေစ
သစၥာတရားေတြ တည္ျမဲေအာင္ ဦးေဆာင္ႏိုင္ပါေစသားေရ။     ။

ရင္႐ိုး
6-2-2017

Unicode version

သစ္စာတည်ဦး ( ၂ )
။။။။။။။။။။။။။။။။။။။။။။။

ဒီနာမည်ကို အဖေပေးထားတာ
အဖေဆိုတာ ကိုယ်သားရဲ့နာမည်ကို ပေးခွင့်ရှိရမယ်လို့
အဖေယုံကြည်တယ်
အဖေ ယုံကြည်တဲ့အတိုင်း အဖေပေးတယ်
မင်းနာမည် သစ္စာတည်ဦး။

မင်းကို မွေးဖို့
မင်းအမေ ခွဲစိတ်ခန်း ဝင်နေတဲ့အချိန်
အဖေ အင်္ဂုလိမာလသုတ် ရွတ်ရင်း ပေးလိုက်တာ
အဖေ ခွဲစိတ်ခန်းထဲကို ချောင်းချောင်းကြည့်ရင်း ပေးလိုက်တာ
မင်းအမေနဲ့ အဖေ စတွေ့ချိန်ကစ
၂နှစ်တိတိအချိန်မှာ မွေးလို့
သစ္စာတွေ တည်လို့
သစ္စာတည်ဦးလို့ ပေးလိုက်တာ
အဲဒီနေ့ဟာ ၆ရက် ၂လ ၂၀၀၉ခုနှစ်ပေါ့။

သူနာပြုဆရာမ လက်ထဲက
ဖြူဖြူဖွေးဖွေး အနှီးထွေးလေးကို အဖေ ပွေ့ယူလိုက်တယ်
ရှည်ရှည်မျောမျော ညိုညိုမြှောင်မြှောင် လူပေါက်စလေးက
အဖေ့သားတဲ့
ကြည့်စမ်းပါဦး ကြည့်စမ်းပါဦး
အဖေ့သားတဲ့၊
မေ့ဆေးမပြယ်သေးတဲ့ မင်းအမေက အဖေ့ကို မေးတယ်
ခင်ဗျား ဘယ်သူလဲတဲ့
အဖေ့အောက်နှုတ်ခမ်းလေးနဲ့ ချွတ်စွပ်တူတဲ့ မင်းကို
ခုပဲ မွေးပေးလိုက်ပြီး
ခင်ဗျား ဘယ်သူလဲတဲ့
အဖေ့မှာ ဗျာများနေရတဲ့ကြားက
ရယ်လိုက်ရသေးတာပေါ့သားရေ။

အဖေဟာ
လုပ်ငန်းဇွဲကောင်း၊ ရှာတတ်ဖွေတတ်
မိသားစုရထားကို ဦးဆောင်မောင်းနှင်နိုင်တဲ့ စက်ခေါင်းတွဲကြီးတော့ မဟုတ်ဘူးသား
အဖေဟာ
ဒုတိယတန်း မြန်မာဖတ်စာထဲက "တို့ဖေဖေ"လည်း မဟုတ်ဘူးသား
အဖေ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြွက်သားတွေ ဖုထစ်မနေဘူး
(ဒါကို တောင်းပန်ပါတယ်)
အဖေ့ရဲ့ စိတ်ပိုင်းဆိုင်ရာကြွက်သားတွေကိုတော့
သန်မာထွားကျိုင်းအောင် ကြိုးစားနေပါတယ်။

သစ္စာဆိုတာ အမှန်တရားပဲသား
တည်ဆိုတာကတော့ တည်မြဲခြင်းပေါ့ကွာ
ဦးဆိုတာကတော့ ဦးဆောင်နိုင်ခြင်းပေါ့
အဲဒီတော့
သစ္စာတည်ဦးဆိုတာ
သစ္စာတရားတွေ တည်မြဲအောင် ဦးဆောင်နိုင်သူပေါ့။

မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကြွက်သားတွေလည်း ဖုထစ်ပါစေ
မင်းရဲ့ စိတ်ပိုင်းဆိုင်ရာကြွက်သားတွေလည်း သန်မာထွားကျိုင်းပါစေ
သစ္စာတရားတွေ တည်မြဲအောင် ဦးဆောင်နိုင်ပါစေသားရေ။     ။

ရင်ရိုး
6-2-2017

No comments:

Post a Comment