Zawgyi version
ကိုယ္ဟာအီေကြတာရဲ႕အေဝး ကမ႓ာ့အလယ္မွာ
**************************************
မဖ်တ္လတ္ေတာ့ဘူးဆိုေပမယ့္လတ္ဆတ္ပါေသးတယ္
အတိတ္ေက်ာျပင္မွာေတာ့အဖာရာေတြေတာ့ရွိတာေပါ့
ေသြးေအးၿပီးအျပင္မွာပ်ာယာခတ္သေလာက္
ေသြးဆူရင္ပိုတည္ၿငိမ္တတ္လာတယ္
ဂစ္တာကိုေျဖးေျဖးၿငိမ့္ၿငိမ့္တီးၿပီး
သီခ်င္းကိုစိတ္ထဲမွာအက်ယ္ျကီးေအာ္ဆိုတတ္တဲ့
အရြယ္
ၾကယ္ေတြကိုေမာ့မၾကည့္ျဖစ္တာ့ပါဘူး
ၾကယ္ေႂကြတာကိုဘဲေတြးရင္းေဆြးတတ္ခဲ့ၿပီ
ဒီအရြယ္မွာအခ်စ္ဆိုတာအေမႊးစုတ္ဖြားေခြးေလးတစ္ေကာင္သာသာပါဘဲေလ
ေပါက္ကြဲဖို႔အသင့္ျဖစ္ေနတဲ့ဗုံးတစ္လုံးလို
အခ်ိန္မေရြးထငိုပစ္လိုက္ဖို႔ ဝမ္းစာအျပည့္နဲ႔အရြယ္
အရယ္အျပဳံးေတြေဖါေဖါသိ္ီသီေလ့က်င့္သားအျပည့္၊
အခန္းေထာင့္မွာမ်က္ႏွာဖုံးေတြတပုံတေခါင္းနဲ႔အရြယ္
ဘဝကိုတူးလက္စတြင္းတစ္တြင္းလို႔ျမင္ၿပီး
ညေတြမွာအိပ္မက္မမက္ခ်င္ေတာ့တဲ့အရြယ္
နာက်င္စရာေတြဟာနံနက္ခင္းရဲ႕မဂၤလာေတာ္
ေငြစေၾကးစေလးရွိရင္ရွိသလိုညေနခင္းကိုေရႊအျပည့္ခ်ခ်င္တဲ့အရြယ္
ေပ်ာ္ရႊင္မႈပါးပါးကိုအလံလိုလူျမင္သူျမင္လြင့္ထူလို႔
သမိုင္းကိုဟစ္ေဟာ့သီခ်င္းတစ္ပုဒ္လိုနားေထာင္လို႔
ခင္ဗ်ားတို႔လဲလာပါ မ်က္ႏွာဖုံးေတြခဏခြာခဲ့
တံခါးပိတ္ၿပီးခုန္ၾကေပါက္ၾကမယ္။
ျမနႏၵာသိ္ီခ်င္းကိုစိတ္လြတ္ကိုယ္လြတ္ေအာ္ၾက၊
ေမာေအာင္ကၾကမယ္
ၿပီးရင္ကိုယ့္ညကိုယ္ယူ ကိုယ့္အိမ္ကိုယ္ျပန္ၾက
သတ္ပုံေတာ့မမွားေစနဲ႔ေပါ့။
မင္းစည္
Unicode version
ကိုယ်ဟာအီကွေတာရဲ့အဝေး ကမ္ဘာ့အလယ်မှာ
**************************************
မဖျတ်လတ်တော့ဘူးဆိုပေမယ့်လတ်ဆတ်ပါသေးတယ်
အတိတ်ကျောပြင်မှာတော့အဖာရာတွေတော့ရှိတာပေါ့
သွေးအေးပြီးအပြင်မှာပျာယာခတ်သလောက်
သွေးဆူရင်ပိုတည်ငြိမ်တတ်လာတယ်
ဂစ်တာကိုဖြေးဖြေးငြိမ့်ငြိမ့်တီးပြီး
သီချင်းကိုစိတ်ထဲမှာအကျယ်ကြီးအော်ဆိုတတ်တဲ့
အရွယ်
ကြယ်တွေကိုမော့မကြည့်ဖြစ်တာ့ပါဘူး
ကြယ်ကြွေတာကိုဘဲတွေးရင်းဆွေးတတ်ခဲ့ပြီ
ဒီအရွယ်မှာအချစ်ဆိုတာအမွှေးစုတ်ဖွားခွေးလေးတစ်ကောင်သာသာပါဘဲလေ
ပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့ဗုံးတစ်လုံးလို
အချိန်မရွေးထငိုပစ်လိုက်ဖို့ ဝမ်းစာအပြည့်နဲ့အရွယ်
အရယ်အပြုံးတွေဖေါဖေါသီသီလေ့ကျင့်သားအပြည့်၊
အခန်းထောင့်မှာမျက်နှာဖုံးတွေတပုံတခေါင်းနဲ့အရွယ်
ဘဝကိုတူးလက်စတွင်းတစ်တွင်းလို့မြင်ပြီး
ညတွေမှာအိပ်မက်မမက်ချင်တော့တဲ့အရွယ်
နာကျင်စရာတွေဟာနံနက်ခင်းရဲ့မင်္ဂလာတော်
ငွေစကြေးစလေးရှိရင်ရှိသလိုညနေခင်းကိုရွှေအပြည့်ချချင်တဲ့အရွယ်
ပျော်ရွှင်မှုပါးပါးကိုအလံလိုလူမြင်သူမြင်လွင့်ထူလို့
သမိုင်းကိုဟစ်ဟော့သီချင်းတစ်ပုဒ်လိုနားထောင်လို့
ခင်ဗျားတို့လဲလာပါ မျက်နှာဖုံးတွေခဏခွာခဲ့
တံခါးပိတ်ပြီးခုန်ကြပေါက်ကြမယ်။
မြနန္ဒာသီချင်းကိုစိတ်လွတ်ကိုယ်လွတ်အော်ကြ၊
မောအောင်ကကြမယ်
ပြီးရင်ကိုယ့်ညကိုယ်ယူ ကိုယ့်အိမ်ကိုယ်ပြန်ကြ
သတ်ပုံတော့မမှားစေနဲ့ပေါ့။
မင်းစည်
No comments:
Post a Comment