Sunday, April 9, 2017

ေက်ာက္လမ္းမေပၚက လြယ္အိတ္ကေလး

Zawgyi version

ေက်ာက္လမ္းမေပၚက လြယ္အိတ္ကေလး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ေက်ာက္လမ္းမေပၚမွာ လြယ္အိတ္ကေလးတစ္လုံး လဲက်ေနတယ္
ေသြးကြက္ေတြလည္း စြန္းလို႔
စာအုပ္ေတြလည္း ျပန္႔က်ဲလို႔
လူေတြလည္း ဝိုင္းအုံလို႔ေပါ့
လြယ္အိတ္ကေလးက ငယ္႐ြယ္တယ္
လြတ္အိတ္ကေလးက ျဖဴစင္တယ္
လြယ္အိတ္ကေလးက အျဖဴအစိမ္းေက်ာင္းဝတ္စုံကေလးကို ဝတ္ဆင္ထားတယ္
လြယ္အိတ္ကေလးထဲမွာ အနာဂတ္ေတြအျပည့္
လြယ္အိတ္ကေလးထဲမွာ အၫြန္႔တလူလူထိုးထြက္ေနတယ္
အိပ္မက္ေတြကို ထမ္းပိုးထားရလို႔ ေကြးၫြတ္ေနတဲ့လြယ္အိတ္ကေလး
အခုေတာ့ ေက်ာက္လမ္းမေပၚမွာ လဲက်ေနတယ္
လြယ္အိတ္ကေလးက ကေလးဆိုေတာ့ ကစားမက္တယ္
လြယ္အိတ္ကေလးက ကေလးဆိုေတာ့ ေျပးလႊားခုန္ေပါက္တယ္
လြယ္အိတ္ကေလးက ကေလးဆိုေတာ့
ေက်ာက္လမ္းမႀကီးကိုလည္း ကစားကြင္းႀကီးလို႔ ျမင္တာပဲ
လြယ္အိတ္ကေလးက ကေလးဆိုေတာ့
ကားေတြလာလည္း ေျပးတာပဲ
လြယ္အိတ္ကေလးက ကေလးဆိုေတာ့
ဆိုင္ကယ္ေတြလာလည္း ေျပးတာပဲ
လြယ္အိတ္ကေလး ေျပးခဲ့တယ္
လြယ္အိတ္ကေလး ေျပးခဲ့တယ္
လြယ္အိတ္ကေလး သူ႔မိဘရင္ခြင္ဆီ ေျပးခဲ့တယ္
လြယ္အိတ္ကေလး သူ႔အနာဂတ္ဆီ ေျပးခဲ့တယ္
လြယ္အိတ္ကေလး သူ႔မိဘဆီ မေရာက္ဘဲ
လြယ္အိတ္ကေလး သူ႔အနာဂတ္ဆီ မေရာက္ဘဲ
ေက်ာင္းကအထြက္
ေက်ာက္လမ္းမေပၚမွာ........................................
..........................................................................
လူေတြလည္း ဝိုင္းအုံလို႔ေပါ့။      ။

ရင္႐ိုး
19-2-2017
00:25 am

Unicode version

ကျောက်လမ်းမပေါ်က လွယ်အိတ်ကလေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျောက်လမ်းမပေါ်မှာ လွယ်အိတ်ကလေးတစ်လုံး လဲကျနေတယ်
သွေးကွက်တွေလည်း စွန်းလို့
စာအုပ်တွေလည်း ပြန့်ကျဲလို့
လူတွေလည်း ဝိုင်းအုံလို့ပေါ့
လွယ်အိတ်ကလေးက ငယ်ရွယ်တယ်
လွတ်အိတ်ကလေးက ဖြူစင်တယ်
လွယ်အိတ်ကလေးက အဖြူအစိမ်းကျောင်းဝတ်စုံကလေးကို ဝတ်ဆင်ထားတယ်
လွယ်အိတ်ကလေးထဲမှာ အနာဂတ်တွေအပြည့်
လွယ်အိတ်ကလေးထဲမှာ အညွန့်တလူလူထိုးထွက်နေတယ်
အိပ်မက်တွေကို ထမ်းပိုးထားရလို့ ကွေးညွတ်နေတဲ့လွယ်အိတ်ကလေး
အခုတော့ ကျောက်လမ်းမပေါ်မှာ လဲကျနေတယ်
လွယ်အိတ်ကလေးက ကလေးဆိုတော့ ကစားမက်တယ်
လွယ်အိတ်ကလေးက ကလေးဆိုတော့ ပြေးလွှားခုန်ပေါက်တယ်
လွယ်အိတ်ကလေးက ကလေးဆိုတော့
ကျောက်လမ်းမကြီးကိုလည်း ကစားကွင်းကြီးလို့ မြင်တာပဲ
လွယ်အိတ်ကလေးက ကလေးဆိုတော့
ကားတွေလာလည်း ပြေးတာပဲ
လွယ်အိတ်ကလေးက ကလေးဆိုတော့
ဆိုင်ကယ်တွေလာလည်း ပြေးတာပဲ
လွယ်အိတ်ကလေး ပြေးခဲ့တယ်
လွယ်အိတ်ကလေး ပြေးခဲ့တယ်
လွယ်အိတ်ကလေး သူ့မိဘရင်ခွင်ဆီ ပြေးခဲ့တယ်
လွယ်အိတ်ကလေး သူ့အနာဂတ်ဆီ ပြေးခဲ့တယ်
လွယ်အိတ်ကလေး သူ့မိဘဆီ မရောက်ဘဲ
လွယ်အိတ်ကလေး သူ့အနာဂတ်ဆီ မရောက်ဘဲ
ကျောင်းကအထွက်
ကျောက်လမ်းမပေါ်မှာ........................................
..........................................................................
လူတွေလည်း ဝိုင်းအုံလို့ပေါ့။      ။

ရင်ရိုး
19-2-2017
00:25 am

No comments:

Post a Comment