Sunday, April 9, 2017

အေရာင္စပ္အကၤ ီ်

Zawgyi version

အေရာင္စပ္အကၤ ီ်
###############

စကၠဴျဖဴတစ္ရြက္အေရာင္ေျပာင္းသြားတာ
မွတ္မိသေလာက္ ေျပာၾကစတမ္းဆို
ကိုလိုနီေတြ ကိုလိုနီစနစ္ျပင္းထန္လြန္းေၾကာင္း
လင္ေသမုဆိုးမလည္း နယ္ခ်ဲ႕စိတ္နဲ႔
ေဖ်ာ့သြားတဲ့ေသြးက အရင္ကအနီေရာင္
စိတ္ရွိတိုင္းမလိုက္ႏိုင္ေတာ့တဲ့ စိတ္တစ္ခု
ပံုေသကားခ်ပ္ေတြ အသက္၀င္လာသလား
ေျပာင္းလဲလာတာေတြကို မမွတ္မိတာရွိမယ္
အရွိတရားကေတာ့ အရွိတိုင္းလည္ပတ္ေနတယ္

ညဝတ္အကၤ ီ်ကို ခြ်တ္ပစ္လိုက္တယ္
စုန္းေတာက္စားေနတဲ့ကဗ်ာမွာ ညက အရွင္တိုင္း
ေမွာ္္သားဓာတ္ေတြ ခန္းလံုးျပည့္လင္းခ်င္းလို႔
ကူးခတ္ေနတဲ့ငါးမွာလည္း ေဖာက္ထြက္ခ်င္စိတ္နဲ႔
ငွက္ကေလးေတြအေတာင္ေညာင္းေတာ့ ဘယ္မွာနားမလဲ
စိတၱဇအေတြးကို လူႀကိဳက္မ်ားေအာင္ရက္ေဖာက္လိုက္တယ္
ေကာ္ဖီတစ္ခြက္မွာျပဳတ္က်သြားတာ ယင္ေကာင္
ဒါ ဆိုင္ရွင္ရဲ႕ႏိုင္ငံေရးလွည့္ကြက္တစ္ခုျဖစ္မလား
ေသခ်ာတာေတာ့ ဘယ္သူမွႏွစ္ခြက္မေသာက္ဘူး

သံသယစိတ္က
တစ္ခါတစ္ေလ လူကို ေသေစႏိုင္တယ္
ကိုလံဘတ္သာ နယ္ေျမသစ္မရွာခဲ့ရင္
ေရာမၿမိဳ႕ႀကီးသာ မီးမေလာင္ခဲ႔ရင္
တခ်ိဳ႕ေသာသမိုင္းေတြက လွခ်င္မွလွခဲ့လိမ့္မယ္။      ။

လင္းအိမ္ငယ္
၁၂၊ ၁၀၊ ၂၀၁၅

Unicode version

အရောင်စပ်အင်္က ီျ
###############

စက္ကူဖြူတစ်ရွက်အရောင်ပြောင်းသွားတာ
မှတ်မိသလောက် ပြောကြစတမ်းဆို
ကိုလိုနီတွေ ကိုလိုနီစနစ်ပြင်းထန်လွန်းကြောင်း
လင်သေမုဆိုးမလည်း နယ်ချဲ့စိတ်နဲ့
ဖျော့သွားတဲ့သွေးက အရင်ကအနီရောင်
စိတ်ရှိတိုင်းမလိုက်နိုင်တော့တဲ့ စိတ်တစ်ခု
ပုံသေကားချပ်တွေ အသက်ဝင်လာသလား
ပြောင်းလဲလာတာတွေကို မမှတ်မိတာရှိမယ်
အရှိတရားကတော့ အရှိတိုင်းလည်ပတ်နေတယ်

ညဝတ်အင်္က ီျကို ချွတ်ပစ်လိုက်တယ်
စုန်းတောက်စားနေတဲ့ကဗျာမှာ ညက အရှင်တိုင်း
မှော်သားဓာတ်တွေ ခန်းလုံးပြည့်လင်းချင်းလို့
ကူးခတ်နေတဲ့ငါးမှာလည်း ဖောက်ထွက်ချင်စိတ်နဲ့
ငှက်ကလေးတွေအတောင်ညောင်းတော့ ဘယ်မှာနားမလဲ
စိတ္တဇအတွေးကို လူကြိုက်များအောင်ရက်ဖောက်လိုက်တယ်
ကော်ဖီတစ်ခွက်မှာပြုတ်ကျသွားတာ ယင်ကောင်
ဒါ ဆိုင်ရှင်ရဲ့နိုင်ငံရေးလှည့်ကွက်တစ်ခုဖြစ်မလား
သေချာတာတော့ ဘယ်သူမှနှစ်ခွက်မသောက်ဘူး

သံသယစိတ်က
တစ်ခါတစ်လေ လူကို သေစေနိုင်တယ်
ကိုလံဘတ်သာ နယ်မြေသစ်မရှာခဲ့ရင်
ရောမမြို့ကြီးသာ မီးမလောင်ခဲ့ရင်
တချို့သောသမိုင်းတွေက လှချင်မှလှခဲ့လိမ့်မယ်။      ။

လင်းအိမ်ငယ်
၁၂၊ ၁၀၊ ၂၀၁၅

No comments:

Post a Comment