Saturday, April 8, 2017

သၾကၤန္အလြမ္း

Zawgyi version

#ျမစ္႐ိုး

သၾကၤန္​အလြမ္း
။။။။။။။။။။။။။။။။။။။

ေႏြပိေတာက္ဝါ ေဝကာသင္းျပန္ေတာ့
ေဗြေဖာက္ကာ ေဝဒနာရင္းရတယ္
မေျဖသာျခင္းရယ္နဲ႔ လြမ္းျပန္တဖုံ။

သၾကၤန္ေန႔
ျပန္ေတြ႔မယ္ တေဖမွန္းပါဘိ
ခေရနန္း ကုသိုလ္ေတာ္ဘုရားမွာလ
မေသြျမန္း သူ႔ကိုေမွ်ာ္ေစာင့္စားပါလို႔
ေက်ာက္ပ်ဥ္မွာ သနပ္ခါးေအးကိုတဲ့
ေသြးလို႔ရယ္တစ္ပုံ။

သည္ေနရာ သည္ဘုရားမွာပဲ
ဤေမကညာ မဒီ နားပါခဲ့
သနပ္ခါးလိမ္းရင္း ေတြ႔ကာဆုံ
ၾကဳံမိေတာ့ စြဲလမ္း။

ကတိမထားခဲ့ေတာ့
မသိသားရယ္လို႔ မဆိုသင့္ပါဘု
ႀကိဳလင့္သူ တစ္ဖက္႐ူးကိုက
ႏွစ္ကူးမွာ ေတြ႔လိမ့္ႏိုးရယ္နဲ႔
ခိုးတိတ္ဆိတ္လြမ္းး။   ။

ျမစ္႐ိုး
7-4-2017

Unicode version

#မြစ်ရိုး

သင်္ကြန်အလွမ်း
။။။။။။။။။။။။။။။။။။။

နွေပိတောက်ဝါ ဝေကာသင်းပြန်တော့
ဗွေဖောက်ကာ ဝေဒနာရင်းရတယ်
မဖြေသာခြင်းရယ်နဲ့ လွမ်းပြန်တဖုံ။

သင်္ကြန်နေ့
ပြန်တွေ့မယ် တဖေမှန်းပါဘိ
ခရေနန်း ကုသိုလ်တော်ဘုရားမှာလ
မသွေမြန်း သူ့ကိုမျှော်စောင့်စားပါလို့
ကျောက်ပျဉ်မှာ သနပ်ခါးအေးကိုတဲ့
သွေးလို့ရယ်တစ်ပုံ။

သည်နေရာ သည်ဘုရားမှာပဲ
ဤမေကညာ မဒီ နားပါခဲ့
သနပ်ခါးလိမ်းရင်း တွေ့ကာဆုံ
ကြုံမိတော့ စွဲလမ်း။

ကတိမထားခဲ့တော့
မသိသားရယ်လို့ မဆိုသင့်ပါဘု
ကြိုလင့်သူ တစ်ဖက်ရူးကိုက
နှစ်ကူးမှာ တွေ့လိမ့်နိုးရယ်နဲ့
ခိုးတိတ်ဆိတ်လွမ်းး။   ။

မြစ်ရိုး
7-4-2017

No comments:

Post a Comment