Zawgyi version
ဆည္းဆာ
ညေနငါးနာရီအေက်ာ္ဟာ
တစ္ေယာက္ေယာက္ကဖုန္းလွမ္းေခၚမလား
တစ္ေယာက္ေယက္ကုိမက္ေဆ့ခ်္ ပုိ႔ရမလား
ညေနငါးနာရီအေက်ာ္ဟာ
႐ွင္သန္မႈမွာအသားတံဆိတ္အတုနဲ႔
ဘုန္းႀကီး႐ူးနဲ႔ေလွလူးနဲ႔
ညေနငါးနာရီအေက်ာ္ဟာ
ဆန္႔ထြက္သီအုိရီတစ္ခုလုိ
ဆန္႔က်င္အဓိပၸါယ္လုိလုိ
ညေနငါးနာရီအေက်ာ္ဟာ
တစ္ျခမ္းအဆိပ္သင့္ေနတဲ့ပန္းသီး
ထက္၀က္ပဲ့က်ေနတဲ့ကဗ်ာ
ညေနငါးနာရီအေက်ာ္ဟာ
တစ္ေနကုန္ခ်ိန္ထားတဲ့ပစ္မွတ္
တစ္ဘ၀လုံးစုထားတဲ့အ၀ိဇၨာ
ဒီလုိနဲ႔
ညေနငါးနာရီအေက်ာ္ဟာ
ညေနငါးနာရီအေက်ာ္ထဲ
ဇြတ္မွိတ္ခုန္ဆင္းလုိ႔....
မင္းစည္
14/08/2014 6:56 PM
Unicode version
ဆည်းဆာ
ညနေငါးနာရီအကျော်ဟာ
တစ်ယောက်ယောက်ကဖုန်းလှမ်းခေါ်မလား
တစ်ယောက်ယေက်ကိုမက်ဆေ့ချ် ပို့ရမလား
ညနေငါးနာရီအကျော်ဟာ
ရှင်သန်မှုမှာအသားတံဆိတ်အတုနဲ့
ဘုန်းကြီးရူးနဲ့လှေလူးနဲ့
ညနေငါးနာရီအကျော်ဟာ
ဆန့်ထွက်သီအိုရီတစ်ခုလို
ဆန့်ကျင်အဓိပ္ပါယ်လိုလို
ညနေငါးနာရီအကျော်ဟာ
တစ်ခြမ်းအဆိပ်သင့်နေတဲ့ပန်းသီး
ထက်ဝက်ပဲ့ကျနေတဲ့ကဗျာ
ညနေငါးနာရီအကျော်ဟာ
တစ်နေကုန်ချိန်ထားတဲ့ပစ်မှတ်
တစ်ဘဝလုံးစုထားတဲ့အဝိဇ္ဇာ
ဒီလိုနဲ့
ညနေငါးနာရီအကျော်ဟာ
ညနေငါးနာရီအကျော်ထဲ
ဇွတ်မှိတ်ခုန်ဆင်းလို့....
မင်းစည်
14/08/2014 6:56 PM
No comments:
Post a Comment