Zawgyi version
Idea May !
ငွက္က်ားေတြဟာ ဘုရားသခင္လက္မွတ္မပါတဲ့ သတင္းေတြကိုလိုက္ေအာ္ေနတယ္
၁။ ေပ်ာ္ရႊင္စရာေတြနဲ႔ေနသားက်လုက်ခင္းဆိုပါေတာ့။ ဟန္ေဆာင္တာထက္ပိုၿပီး ဟန္ေဆာင္ေပ်ာ္ထားမိတယ္။ အပ်က္အစီးေတြကိုအေကာင္းတိုင္းျပန္မဆက္ႏိုင္တဲ့ဘဝမွာ စိတ္တစ္ခုလံုးကိုေတာ့ ျပန္ဆက္တတ္ခ်င္ခဲ့တယ္။ ဒီလိုပါပဲ လူ႕ဘဝဆိုတာကလည္း မရတာကိုေတာင့္တက္ၾကတာ သဘာဝပါပဲ။ တစ္ခါတစ္ေလ ခ်ိန္းဆိုမထားတဲ့ျပႆနာေတြနဲ႔ လံုးလည္လိုက္ေနရတာပါပဲ။ အေဝးဆံုးထိေဝးသြားေတာ့မယ့္ ေပ်ာ္ရႊင္မႈကို ဆြဲဆန္႔ထား႐ံုေလးနဲ႔ ဘဝက ေပ်ာ္ေနတယ္လို႔ေတာ့ မေျပာလိုပါဘူး။ သတင္းေတြကို နားမေထာင္မိခင္အထိေတာ့ မနက္ခင္းဟာ စိမ္းလန္းေနတုန္းပဲ ဆိုပါေတာ့။
မနက္ခင္းက ေခြေနရာကေန ဝုန္းခနဲ႔လန္႔ႏိုးလာတယ္။စားလက္စအိပ္ရာခင္းကို ေခါင္မိုးေပၚပစ္တင္ရင္း အလန္႔တၾကားေျပးထြက္သြားေလတယ္။သတင္းေတြဟာ ဝတ္လစ္စလစ္နဲ႔ အတင္းတိုးေဝွ႔လာေတာ့ ေၾကာက္လက္စမနက္ခင္းက ေခ်ာင္းထဲဆင္းၿပီးေရငံု႔ေနေလေတာ့တယ္။ သတင္းေတြက က်ည္ဆံေတြလို။ ေႏြရာသီလို။ အသုဘအျပင္အဆင္လို။ ဘယ္လိုမွအဖက္ဆယ္လို႔မရေအာင္ကို ပ်က္ယြင္းသြားတဲ့ မနက္ခင္းက သစ္ရြက္ေျခာက္ေတြလို တဂြ်တ္ဂြ်တ္ျမည္ၿပီးေၾကမြသြားရတယ္။ တကယ့္ကိုသနားစရာပါပဲ။ ႏွင္းဆီရနံ႔ေတြ သင္းပ်ံ႕ေနတုန္းဆိုေပမယ့္ ႐ႈ႐ႈိက္ခ်ိန္ကမရွိခဲ့ဘူး။ ေဇားေခြၽးေတြနဲ႔လံုးခ်ာလိုက္ရင္း ကိုယ့္ဘဝကိုယ္ဘာလဲဆိုတာ ေခြ်းနံ႔ေတြၾကား ျပန္စဥ္းစားေနမိ။ ေမာႀကီးပန္းႀကီးမနက္ခင္းက စိတ္ရဲ႕ျပင္ပကိုသြားဖို႔ကိုပဲ စဥ္းစားေနတယ္။ ေျခကုန္လက္ပန္းက်ေနတဲ့မနက္ခင္းက အနားယူဖို႔ထက္ စကၠန္႔ပိုင္းစာသတင္းဆိုးေတြကို ဦးေႏွာက္ထဲကေန ေဖာက္ထုတ္ဖို႔ကိုပဲ အျပင္းအထန္ႀကိဳးစားေနတယ္။ ျမင္ကြင္းေတြဟာ ႐ႈပ္ေထြးသြားတယ္။ ေနေရာင္ျခည္ေအာက္က အစိမ္းေရာင္လဲ့လဲ့ေတြက ႐ုတ္ျခည္းေမွာင္မိုက္သြားတဲ့အထိ ႐ႈပ္ေထြးသြားခဲ့တယ္။ ဘယ္သူ႔ဘယ္သူကိုမွ အျပစ္မတင္ေပမယ့္လည္း တရာခံကိုရွာလို႔မေတြ႕ခဲ့ဘူး။ အစြဲအလန္း၊ သံေယာဇဥ္ေတြရဲ႕မီးေတာက္ေတြနဲ႔ သတင္းေတြက အစိမ္းေရာင္ေပၚမွာ ေပ်ာ္ေပ်ာ္ႀကီးေတာက္ေလာင္ေနေတာ့တယ္။
၂။ အိပ္မက္ေတြက စိတ္ကူးယဥ္ေတြမဟုတ္ခဲ့ေပမယ္ စိတ္ကူးေတြကေတာ့ အိပ္မက္ေတြျဖစ္လာခဲ့တယ္။ ခပ္ပါးပါးဘဝထဲမွာပဲ ေလွာင္ပိတ္ထည့္ထားတဲ့ မနက္ခင္းအသစ္ေတြက အသစ္မည္႐ံုနဲ႔ပဲ ကုန္ဆံုးသြားခဲ့ရတယ္။ အဲ့ဒီလိုပါပဲ။ တနလၤာကလည္း တနလၤာကလြဲၿပီး ဘာမွမထူးခဲ့ဘူး။ ငွက္ေတြ၊ ပန္းပြင့္ေတြ၊ အေရာင္ေတြ အားလံုးကလည္း ပံုမွန္အတိုင္းပဲ သြားသြားလာလာ၊စားစားေသာက္ေသာက္ပါပဲ။ ငယ္ဘဝဆိုတာကို ျပန္လိုက္ရွာေတာ့ "အတိတ္ေတြမေရာင္းဘူး"ဆိုတဲ့ပန္းၿခံနားမွာ အေဝးကိုလွမ္းေငးေနတာ ျပန္ေတြ႕လိုက္ရတယ္။ မ်က္ရည္ေတြက ဘာအတြက္လဲ။ ဝမ္းနည္းတာေတြ၊ ဝမ္းသာတာေတြ။ ဘာကိုရည္ရြယ္ေနလဲဆိုတာ ငယ္ဘဝေပၚကမ်က္ရည္ေတြကိုယ္တိုင္ေတာင္ သိပါ့မလားလို႔ေတြးေနမိတယ္။
" ႀကီးလာရင္ ဆရာဝန္ႀကီးလုပ္မယ္"ဆိုတဲ့သူငယ္ခ်င္းတစ္ေယာက္နဲ႔ အရက္ဆိုင္ထဲမွာ ျပန္ေတြ႕ေတာ့ "ေဟ့ ဆရာဝန္ႀကီး"လို႔ လွမ္းႏႈတ္ဆက္ၿပီး အတူတူထိုင္ေသာက္ေနျဖစ္တယ္။ အရက္ကိုသိပ္မေသာက္ျဖစ္ေပမယ့္ ငယ္ဘဝကိုေတာ့ တစ္ေယာက္တစ္လွည့္ငွဲ႔ေပးရင္း ေရမေရာဘဲေသာက္ျဖစ္သြားတယ္။ ေပ်ာ္ေပ်ာ္ႀကီးေျပာဆိုရယ္ေမာရင္း က်လာတဲ့မ်က္ရည္က ဘာအတြက္ဆိုတာကိုေတာ့ ႏွစ္ေယာက္လံုးႏႈိက္မျမည္းျဖစ္ခဲ့ဘူး။ အေမွာင္ေတြပိုၿပီးရီေဝလာတာနဲ႔အမွ် ငယ္ဘဝေတြက ပိုၿပီးေတာက္ပဝင္းလက္လာတယ္။ ႏိုင္ငံျခားထြက္သြားတဲ့ေကာင္အေၾကာင္း၊ အပ်ိဳႀကီးလုပ္မွာဆိုတဲ့ ကေလးႏွစ္ေယာက္အေမအေၾကာင္း၊ စိန္ေျပးတမ္းေဆာ့ရင္းပတ္ေျပးခဲ့တဲ့ စြယ္ေတာ္ပင္နဲ႔ခံုအဝိုင္းေလး(အခုမရွိေတာ့)အေၾကာင္း၊ ပင္စင္ယူသြားတဲ့ေက်ာင္းအုပ္ဆရာႀကီး။ေျပာစရာေတြက မကုန္ခဲ့။ "မင္းေရာ ဘာေတြလုပ္ေနလဲ"လို႔ သူငယ္ခ်င္းကေမးေတာ့ ဘာျပန္ေျဖရမွန္းမသိတာနဲ႔ ရယ္ေနမိခဲ့တယ္။ အဲ့ညက ငွဲ႔ၿပီးသားတစ္ခြက္စီပဲေသာက္ၿပီး ငယ္ဘဝေတြနဲ႔မူးၿပီးျပန္လာခဲ့လိုက္တယ္။
ကြင္းျပင္က်ယ္ႀကီးထဲမွာ မေပ်ာ္ရႊင္ျခင္းေတြရွိေနတယ္။ ေလနဲ႔လြင့္ေနတဲ့ သစ္ရြက္ေျခာက္ေတြလို။ ဆူညံသံေတြကလည္း ဟိုတစ္စဒီတစ္စ။ အဂၤ ါေန႔က ပူလြန္းခဲ့ေပါ့။ ဝမ္းနည္းစရာပါပဲ။ သတင္းေတြက ဆက္လိုက္ဆိုသလို။ စစ္ပြဲေတြလိုကို ဆက္တိုက္။ မၾကားခ်င္ေယာင္ေဆာင္ရင္း ၾကားေနရ။ ဘယ္သီအိုရီနဲ႔ပဲရွာရွာ အေျဖက ထြက္မလာခဲ့ဘူး။ လြမ္းတယ္ဆိုတာကို ဘယ္လိုစကားလံုးနဲ႔ေျပာထြက္ရက္ပါ့မလဲ။ အႏုပညာ ၿပီးေတာ့လည္း အႏုပညာ။ လည္ေနတဲ့သတိရျခင္းေတြထဲမွာပဲ လည္ေနခဲ့တယ္။ ျပန္လာမလာေမးေနလို႔လည္း ျပန္မလာမွာကိုသိေနခဲ့တယ္။ ဒါေပမယ့္ ျပန္လာခဲ့ပါလို႔ ေအာ္ေနတာေတြ မရပ္ခဲ့ဘူး။ ဘဝဆိုတာ ဒါပဲလား။ ဒီေလာက္ပဲလား။ အဆင္ေျပရင္ေတာ့ ဘဝကို ဆက္ရွာခ်င္ေနေသးတယ္။
၃။ ဆူညံသံေတြက ကြြင္းျပင္ႀကီးကိုအုပ္မိုးထားတယ္။ ေလေတြက သိပ္တိုက္တာပဲ။ ပ်ံေနတဲ့ငွက္ေတြမွာ ရည္မွန္းခ်က္က ဘာဆိုတာဘယ္သူသိႏိုင္မလဲ။ အျဖဴေရာင္ဆိုေတာ့လည္း အျဖဴေရာင္ေပါ့။ ဘာလို႔ျငင္းေနအံုးမလဲ။ ဘုရားသခင္မျဖည့္ဆည္းေပးခဲ့တဲ့အရာေတြထဲမွာ အႏုပညာပါမလား။ တိမ္တိုက္ေတြနဲ႔အလွဆင္ထားတာေတြက ေနေရာင္ထဲမွာဆို ရယ္စရာေတြလိုျဖစ္ေနခဲ့။ ဝိညာဥ္ေတြနဲ႔သီခ်င္းအတူဆိုခဲ့တုန္းက အႏုပညာကိုလန္႔စရာလို႔ထင္ေနခဲ့တာ မဆန္းေလာက္ပါဘူး။ "ရာသီတိုင္းက အဝါေရာင္ပန္းေတြကိုပဲ ခ်စ္တတ္တာလား"ဆိုၿပီး ကဗ်ာဆရာတစ္ေယာက္က ဘယ္သူမွမၾကားႏိုင္တဲ့ေလသံနဲ႔ ဘုရားသခင္ကို လွမ္းေမးေနတယ္။( ဘုရားသခင္မၾကားႏိုင္သလို ဘယ္သူမွမၾကားႏိုင္တာကိုလည္း သူကိုယ္တိုင္သိေန) ထင္းရွဴးပင္ေတြေပၚမွာ ႏွင္းမႈန္ေတြအံုခဲေနတယ္။ ေသာက္လက္စလက္ဘက္ရည္ခြက္တစ္ခြက္ထဲမွာေတာ့ ေဆးလိပ္ျပာတခ်ိဳ႕က်ေနတယ္။ ဘဝဆိုတာကလည္း တစ္ခါတစ္ေလ မျမင္ခ်င္ေယာင္ေဆာင္တတ္ရတယ္ဆိုလားပဲ။ ဆပ္ျပာေၾကာ္ျငာေတြအၾကည့္မ်ားၿပီး ကဗ်ာဆရာလည္း အရင္ကထက္ အသားေတြျဖဴလာသလားထင္ရ။ ကုကၠိဳပင္ေအာက္မွာ စကားမေျပာဘဲေက်ာေပးထိုင္ေနတဲ့ သမီးရည္းစားႏွစ္ေယာက္ရွိေနတယ္။ မထင္မွတ္တဲ့ေထာင့္ေတြကေန ထြက္လာတဲ့အသံေတြက မထင္မွတ္ေလာက္ေအာင္ကို ဆြဲေဆာင္မႈရွိခဲ့တယ္။ မျဖစ္ႏိုင္တာေတြခ်ည္း စဥ္းစားေနမယ့္အစား ဆင္းခါနီးေလယာဥ္ဘီးေတြ ေခ်ာ္ မေခ်ာ္ကိုေတြးေတာေနတာက ပိုအဆင္ေျပမွာပါ။ ကံၾကမၼာဆိုတဲ့ေကာင္က ေဘာလံုးပြဲလိုပဲ မထင္မွတ္တာေတြျဖစ္တတ္တာပဲမဟုတ္လား။ သတင္းဆိုးေတြရဲ႕အေျခခံဟာ မ်ဥ္းၿပိဳင္ေတြနဲ႔မဆိုင္ခဲ့ပါဘူး။
ခဲျခစ္ကံစမ္းမဲတစ္ခုကို ျခစ္လိုက္တယ္။ ဗလာမပါကံစမ္းမဲမွာ ပ်င္းရိညည္းေငြ႕ျခင္းေတြရလိုက္ေတာ့ ေျခာက္ေသြ႕ေနတဲ့ေလေတြကို တဝႀကီး႐ွဴသြင္းလိုက္တယ္။ အဲ့ဒီလိုေပ်ာ္ရႊင္ခဲ့ရတဲ့ေန႔ေတြ။ ျပကၡဒိန္ေပၚမွာ ရက္စြဲေတြက ေပၚလိုက္ေပ်ာက္လိုက္။ ျပန္မရွာခဲ့ပါဘူး။ ေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ။ အဆင္ေျပရင္ လက္ဝါးခ်င္း႐ိုက္ရေအာင္ဆိုေတာ့ အဆင္မေျပေတာ့ ႐ိိုက္လို႔မရဘူးတဲ့လား။ ဟိုတေလာက ပန္းခ်ီဆြဲဖို႔အားလံုးျပည့္စံုေနခ်ိန္ထိ ေရာက္မလာေသးတဲ့စိတ္ကိုေမွ်ာ္ေနတဲ့ ပန္းခ်ီဆရာနဲ႔ေတြ႕ခဲ့တယ္။ ေအးေအးလူလူပါပဲ။ ကင္းဘတ္စကိုထိုင္ေငးၿပီး ေလခြၽန္ေနေလတယ္။ ဖိုင္ဘာျပားေပၚစုပံုထားတဲ့ေဆးေတြကိုေရာနယ္ၿပီး ကင္းဘတ္စေပၚ လွမ္းပစ္တင္လိုက္ေတာ့တယ္။ အညိဳေရာင္ေလးက အစိမ္းေရာင္ေလးနဲ႔ တြဲဖက္ဝတ္ဆင္လိုက္ေတာ့ ပန္းေရာင္က်က်ပန္းခ်ီေလးျဖစ္သြားတယ္။
ဘယ္သူလွမ္းပစ္လိုက္မွန္းမသိတဲ့ ဒဏ္ရာတခ်ိဳ႕ကို အိတ္ကပ္ထဲေကာက္ထည့္ထားလိုက္တယ္။ ဘုရားသခင္ကို သူငယ္ခ်င္းေပါင္းေပါင္းၿပီး လိင္ေဖ်ာ္ေျဖမႈအရသာကို အတူတူခံစားဖို႔ ေစ်းညွိၾကည့္ေတာ့ အိတ္ကပ္ထဲကဒဏ္ရာေတြက အဝါေရာင္သန္းၿပီး ႀကီးထြားလာတယ္။ ဒါကို အႏုပညာလို႔ေတာ့ မဆိုလိုခ်င္ပါဘူး။ ဖန္တီးမႈအရဆိုရင္ မနက္ခင္းရဲ႕အာ႐ံုထဲကသတင္းေတြကေရာ အႏုပညာဆန္ေနမလား။ အေကာင္းနဲ႔အဆိုးဆိုတာ အလႊာပါးပါးေလးပဲျခားထားေလေတာ့ သခၤါရလို႔ပဲ မ်က္လံုးစံုမွိတ္ လက္ခံလိုက္ရမလား။ မေသခ်ာဘူး။ သူေသသြားတယ္ဆိုတာ မေသခ်ာဘူး။ ခႏၶာမရွိေတာ့ေပမယ့္ လူတိုင္းနီးပါးရဲ႕စိတ္ထဲ၊ႏွလံုးသားထဲမွာ ရွိေနတုန္းဆိုေတာ့ ေသဆံုးျခင္းက မေသခ်ာေသးဘူး။ အေတြ႕အထိမရွိေတာ့ေပမယ့္ အေငြ႕အသက္အရသာက ရွိေနတုန္းပဲ။ အႏုပညာကသာ ဘုရားသခင္ဆိုရင္ ဖန္တီးသူ(ကဗ်ာဆရာ၊ပန္းခ်ီဆရာ၊စကားေျပ၊ဂီတ၊စသျဖင့္)ေတြက နတ္သူငယ္ေလာက္ေတာ့ရွိမယ္။ (ဒါလည္း အထင္နဲ႔ေျပာၾကည့္ျခင္းပါ။က်ေနာ္ကိုက်ေနာ္ နတ္သားလို႔ေတာ့မဆိုလိုပါ) ဒီလိုပါပဲ တစ္ခါတစ္ေလလည္း အထင္ေတြနဲ႔ စြတ္ရမ္းေနရတာေတြရွိတက္ပါတယ္။
"က်ေနာ္အိပ္ျပန္သြားရင္ က်ေနာ့္မိသားစုထမင္းငတ္သြားမွာေပါ့"လို႔ ဘီယာဆိုင္က စားပြဲထိုးလူငယ္ေလးကေျပာတယ္။ လူ႕ဘဝဆိုတာ ကဗ်ာတစ္ပုဒ္မွမဟုတ္ပဲ။ ႏုတာနဲ႔ၾကမ္းတာကလြဲရင္ ဒဏ္ရာကေတာ့ ဒဏ္ရာပါပဲ။ "မင္းမိသားစုဘယ္ႏွစ္ေယာက္ရွိလဲ"ဆိုေတာ့ ေလးေယာက္တဲ့။ ေနာက္ၿပီး "အေဖက ေထာင္ထဲေရာက္ေနတာေလ"တဲ့။ ေမးခြန္းေတြဆက္မေမးျဖစ္ခဲ့ပါဘူး။ ေသာက္လက္စဘီယာခြက္ေတြ၊ မွာထားတဲ့အျမည္းေတြ အားလံုးက ေမးခြန္းေတြျဖစ္သြားတယ္။ ေလာကဓံက တစ္ခါတစ္ေလလည္း မ်က္ႏွာလိုက္တတ္တယ္ထင္ရ။ ျဖစ္သလိုျဖတ္သန္းေနရတဲ့ဘဝေတြ၊ အမည္ေဖာ္လို႔မရတဲ့ျပစ္မႈေတြ။ စာသင္ေက်ာင္းမွာ လြယ္အိတ္ေလးလြယ္ေနရမယ့္လူငယ္ေလးက ဘီယာခြက္ေတြ သယ္ေနရတယ္။ ဂဏန္းသခ်ၤာေတြတြက္ခ်က္ေနရမယ့္ေက်ာင္းသားေလးက စားပြဲေပၚကအမ်ိဳးအမည္ေတြကို မ်က္ႏွာငယ္ေလးနဲ႔ တြက္ေနရတယ္။ အဲ့လိုလူငယ္ေလးေတြ ဘယ္ေလာက္ေတာင္ရွိေနမလဲ။ အဲ့လိုမိသားစုေတြ ဘယ္ေလာက္ေတာင္ရွိေနမလဲ။ က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ။ က်ေနာ္တို႔ ၿမိဳ႕မွာ၊ ႏိုင္ငံမွာ၊ ကမာၻမွာ။ ျပန္အမ္းေငြကို မယူဘဲ အေတြးမ်က္ရည္ေတြပဲပါလာတယ္။ ႐ိုးသားရွာတဲ့ စားပြဲထိုးလူငယ္ေလး ဘယ္လိုက်န္ခဲ့ေလမလဲ။ အိမ္မွာရွိေနတဲ့ လူငယ္ေလးရဲ႕အေမ ဒီခ်ိန္ဆို သူ႔သားအတြက္ ေမတၲာပို႔ေနမလား။ ေထာင္ထဲကလူငယ္ေလးရဲ႕အေဖ သူ႔အျပစ္ေတြအတြက္ သူ႕သားကိုသူ ျပန္ရွက္ေနမလား။ လူငယ္ေလးရဲ႕ညီမေလး ေက်ာင္းအိမ္စာေတြ တြက္ခ်က္ေနမလား။ "ကဲ ဘုရားသခင္၊ ေမးခြန္းေတြကို ခင္ဗ်ားကိုယ္တိုင္ေတာင္ ေျဖႏိုင္ပါ့လား။ တကယ္ပဲ ခင္ဗ်ားက အဲ့ဒီလိုေတြဖန္ဆင္းခဲ့သလား။ ခင္ဗ်ားက ဟန္ေဆာင္ေကာင္းလြန္းတယ္။"
၄။ ပံုမွန္အတိုင္း ေနဝင္မိုးခ်ဳပ္ညေနခင္းက ပံုမွန္လိုညေနခင္းေတြေလာက္ကို မလွခဲ့ဘူး။ ဝဲလြင့္ေႂကြက်ေနတဲ့ သစ္ရြက္ေတြနဲ႔အတူ ဒဏ္ရာရစာရင္းမွာ ခ်စ္သူပါသြားခဲ့တယ္။ ေမးထူးေခၚေျပာေလာကဓံနဲ႔ကိုယ္က ရန္သူေတြအျဖစ္ စစ္ေျမျပင္ေပၚေရာက္သြားတယ္။ ဒါဟာ တတိယကမာၻစစ္ပဲ။ ဘယ္သူမွဝင္မတားနဲ႔။ ဘုရားသခင္လည္း ဝင္မပါနဲ႔။ သူ႔ဒဏ္ရာေတြ ေပ်ာက္သြားရင္ေတာင္ ေလာကဓံမ်က္ႏွာနဲ႔အမာရြတ္ေတြက ရွိေနအံုးမယ္။ ဒါက ေခတ္သစ္ ဗ်ည္းႏြဲ႕နဲ႔ဗညားႏြဲ႕ဇာတ္လမ္းပဲ။ ေသာၾကာေန႔တဲ့လား။ အေသမုန္းတယ္။ "မင္းလည္း ရန္သူပဲ" ေသာၾကာ။ လူဆိုတာ ကိုယ္ခ်စ္တဲ့ခင္တဲ့သူဘက္က နာတတ္ၾကတာပဲ။ အေသအခ်ာ ကိုယ္ကလည္း သူလိုကိုယ္လိုလူတစ္ေယာက္ပဲဆိုေတာ့ သူလိုကိုယ္လိုနာက်ည္းတတ္တယ္။ " ငါ့ကို ဘယ္ေတာ့မွႏႈတ္မဆက္နဲ႔" ေလာကဓံ။ အလိုလိုမွ ဝွတ္ထားတဲ့ရင္သားေတြေလာက္ေတာင္ ၾကည့္ေပ်ာ္႐ႈေပ်ာ္မရွိခဲ့တဲ့ ေလာကဓံ။ "ေလာကဓံ ၊ ေလာကဓံ"ဆိုၿပီး ေကာင္းကြက္တစ္ကြက္မွတိုင္တည္စရာမရွိတဲ့ ေလာကဓံ။ ျဒပ္မဲ့ခ်င္းအတူတူ အလြမ္းေလာက္မွ ေခၚဆိုခံစားလို႔မေကာင္းတဲ့ ေလာကဓံ။ "ကံေကာင္းျခင္းေတြကို မင္းေခၚလာတာဆိုလည္း ျပန္ေခၚသြား။ ငါ့ခ်စ္သူရဲ႕ဒဏ္ရာကိုလည္း ျပန္ယူသြား။" အိပ္ေဆးေတြကလည္း ေမ့ေပ်ာက္အိပ္စက္ျခင္းဆီ ေခၚေဆာင္မသြားႏိုင္ၾကဘူး။ သတင္းဆိုးေတြက မနက္ကေန ညေနအထိ။ ညေနခင္းကေန အိပ္မက္ေတြအထိ။ ေပ်ာ္ခ်စ္ေယာင္ေဆာင္ထားတာေတြကိုေတာင္ အေငြ႕ပ်ံေစခဲ့ၿပီလား။ စိတၲဇေဆး႐ံုကို ေရာက္ေနရသလို၊ ကႏၲာရထဲေရာက္ေနရသလို၊ စစ္ေျမျပင္ေပၚေရာက္ေနရသလို။ အေကာင္းေတြကို မေပးႏိုင္ရင္လည္း အဆိုးေတြေတာ့ယူလာမေပးပါနဲ႔။ သစ္ရြက္ေႂကြ၊ ရြက္စုတ္ျပကၡဒိန္၊ လမ္းမေတြ၊ မိသားစုေတြ၊ သစ္ေတာေတြ၊ သယံဇာတေတြ၊ မိန္းမေတြ၊ အရက္ေသစာေတြ၊ အႏုပညာ၊ က်ည္ဆံ ၊ ေျချပတ္လက္ျပတ္၊ ကမာၻေျမ၊ အလွအပ၊ အသက္အရြယ္၊ ျဗာဒိတ္ေတာ္၊ ငွက္ေတြ။ ကိုယ့္ကိုယ္ကိုသတ္ေသသြားတဲ့လူေတြက ဘာအတြက္လဲ။ အိမ္ကထြက္ေျပးသြားတဲ့အိမ္ေဖာ္မေလးက ဘာအတြက္လဲ။ ပ်က္စီးသြားတဲ့လယ္ေျမေတြက ဘာအတြက္လဲ။ တိမ္ေကာသြားတဲ့ ျမစ္ေတြေခ်ာင္းေတြက ဘာအတြက္လဲ။ က်ိဳးက်သြားတဲ့ သစ္ပင္ပ်ိဳက ဘာအတြက္လဲ။ ဒဏ္ရာတိုင္းကေတာ့ အမာရြတ္ေတြနဲ႔ပဲ။ အဆင္ေျပတယ္ဆိုတာကလည္း အဆင္မေျပသေလာက္နီးနီးပါပဲ။ ပံုမွန္တိုင္းဆို ညေနက ဆည္းဆာေတြနဲ႔လွပေနရမွာ။ သစ္ပင္ေတြ၊လမ္းေတြ၊ေရျပင္ေတြေပၚမွာ လိေမၼာ္ေရာင္ေတြေဖ်ာ့ၿပီး လွပေနရမွာ။ ခုေတာ့ သတင္းဆိုးေတြရဲ႕ဖ်က္ဆီးျခင္းမွာ အညိဳေရာင္အပုပ္နံ႔ေတြ လိႈင္ေနၿပီ။ ေသာၾကာေန႔ဟာ ညေနခင္းနဲ႔အတူ ေဆး႐ံုတင္လိုက္ရၿပီ။ ခ်စ္သူက ေသာၾကာေန႔မွာ ဒဏ္ရာရခဲ့ၿပီ။ အဆင္ေျပေျပ မေျပေျပ ဒဏ္ရာကေတာ့ ဒဏ္ရာပဲ။ စစ္ဆိုတာ ဘယ္ၿမိဳ႕ကိုမွ အရွင္တိုင္းမထားခဲ့ဘူး။ သားသတ္သမားက အလွေမြးေခြးေလးေတာင္ ခ်မ္းသာမေပးခဲ့ဘူး။ ေဖာက္ေသာက္ခံလိုက္ရတဲ့ အခ်ိဳရည္ဗူးခြံကို ဘာလို႔မ်ားသိမ္းထားေနအံုးမလဲ။ ပ်က္စီးသြားတဲ့အေရျပားက အမာရြတ္ကို ေနရာတစ္ခုေပးေနရေတာ့မယ္။ ေသရာပါ။ အမုန္း။
၅။ တခ်ိဳ႕အနာတရေတြဟာ အမာရြတ္ေတြလွတတ္ၾကတယ္။ ခ်ိဳၿမိန္တယ္ေပါ့။ အတိတ္ကိုထည့္မတြက္ခဲ့ရင္ေတာ့ အားလံုးဟာ ေပ်ာ္စရာၾကည္ႏူးစရာေပါ့။ အဆံုးမရွိခဲ့တဲ့သတင္းဆိုးေတြက ဝတ္ဆံုအမ်ိဳးမ်ိဳးနဲ႔ ဝင္လိုက္ထြက္လိုက္လုပ္ေနၾကတယ္။ အတိတ္တခ်ိဳ႕ကိုလည္း အိတ္ကပ္ထဲထည့္သယ္လာၾကတယ္။ ကြင္းျပင္ႀကီးအျပည့္လႊမ္းမိုးထားခဲ့တယ္။ ကုန္းေနေရေနသတၲဝါအားလံုးဟာ မႈန္ဝါးေနတဲ့အနာဂတ္ေတြကို မ်က္လံုးမွိတ္ၿပီးၾကည့္ေနၾကရရွာတယ္။
မေျပာမျဖစ္တဲ့အေၾကာင္းေတြက ရထားလမ္းေပၚကေန လမ္းမႊာေတြထဲကို စိမ့္ဝင္လာၾကတယ္။ အိမ္တိုင္းလူတိုင္းနဲ႔ထိေတြ႕အၿပီးမွာ သံသယေတြက ခိုင္မာလာၾကတယ္။ ဒီလိုပါပဲ ဆိုေနက်သီခ်င္းေတြ႐ိုးအီလာၾကတဲ့အခါ အဝါေရာင္ေတြကိုပဲ အညိဳေရာင္ေတြအျဖစ္တင္ဆက္ေနၾကတာေပါ့။ ဒါလည္း လူ႔သဘာဝပဲမဟုတ္လား။
မနက္ခင္းဟာ ညေနအထိ အေၾကာက္မေျပႏိုင္ခဲ့ဘူး။ တစ္ေနကုန္ဘာမွမစားထားလည္း ျမန္ေနတဲ့ႏွလံုးခုန္သံေတြနဲ႔ ဝေနခဲ့တယ္။ ေရာင္မလာတာၾကာၿပီျဖစ္တဲ့ေပ်ာ္စရာကို ႐ုတ္တရက္လမ္းမွာေတြ႕လိုက္ရင္ မွတ္မိႏိုင္ပါ့မလား။ " အို ဘုရားသခင္ ျဖစ္ႏိုင္ရင္ ခဏေလာက္အလည္လာခဲ့ပါ။ ခင္ဗ်ားနဲ႔ေတြ႕ဖို႔ ကဗ်ာဆရာတစ္ေယာက္ေစာင့္ေနတယ္"ဆိုၿပီး ညည္းတြားေနေတာ့လည္း ဘာမွမထူးခဲ့ပါဘူး။
စိတ္အဆာေျပသတင္းစာတစ္ေစာင္ကို ေကာက္ကိုင္လိုက္ေတာ့ နာေရးသတင္းမွာ စိတ္က်န္းမာေရးေဆး႐ံုႀကီး ႐ုတ္တရက္ကြယ္လြန္သြားတယ္တဲ့။ အမွ် အမွ် အမွ် ။
လင္းအိမ္ငယ္
Februry 2017
Unicode version
Idea May !
ငှက်ကျားတွေဟာ ဘုရားသခင်လက်မှတ်မပါတဲ့ သတင်းတွေကိုလိုက်အော်နေတယ်
၁။ ပျော်ရွှင်စရာတွေနဲ့နေသားကျလုကျခင်းဆိုပါတော့။ ဟန်ဆောင်တာထက်ပိုပြီး ဟန်ဆောင်ပျော်ထားမိတယ်။ အပျက်အစီးတွေကိုအကောင်းတိုင်းပြန်မဆက်နိုင်တဲ့ဘဝမှာ စိတ်တစ်ခုလုံးကိုတော့ ပြန်ဆက်တတ်ချင်ခဲ့တယ်။ ဒီလိုပါပဲ လူ့ဘဝဆိုတာကလည်း မရတာကိုတောင့်တက်ကြတာ သဘာဝပါပဲ။ တစ်ခါတစ်လေ ချိန်းဆိုမထားတဲ့ပြဿနာတွေနဲ့ လုံးလည်လိုက်နေရတာပါပဲ။ အဝေးဆုံးထိဝေးသွားတော့မယ့် ပျော်ရွှင်မှုကို ဆွဲဆန့်ထားရုံလေးနဲ့ ဘဝက ပျော်နေတယ်လို့တော့ မပြောလိုပါဘူး။ သတင်းတွေကို နားမထောင်မိခင်အထိတော့ မနက်ခင်းဟာ စိမ်းလန်းနေတုန်းပဲ ဆိုပါတော့။
မနက်ခင်းက ခွေနေရာကနေ ဝုန်းခနဲ့လန့်နိုးလာတယ်။စားလက်စအိပ်ရာခင်းကို ခေါင်မိုးပေါ်ပစ်တင်ရင်း အလန့်တကြားပြေးထွက်သွားလေတယ်။သတင်းတွေဟာ ဝတ်လစ်စလစ်နဲ့ အတင်းတိုးဝှေ့လာတော့ ကြောက်လက်စမနက်ခင်းက ချောင်းထဲဆင်းပြီးရေငုံ့နေလေတော့တယ်။ သတင်းတွေက ကျည်ဆံတွေလို။ နွေရာသီလို။ အသုဘအပြင်အဆင်လို။ ဘယ်လိုမှအဖက်ဆယ်လို့မရအောင်ကို ပျက်ယွင်းသွားတဲ့ မနက်ခင်းက သစ်ရွက်ခြောက်တွေလို တဂျွတ်ဂျွတ်မြည်ပြီးကြေမွသွားရတယ်။ တကယ့်ကိုသနားစရာပါပဲ။ နှင်းဆီရနံ့တွေ သင်းပျံ့နေတုန်းဆိုပေမယ့် ရှုရှိုက်ချိန်ကမရှိခဲ့ဘူး။ ဇေားချွေးတွေနဲ့လုံးချာလိုက်ရင်း ကိုယ့်ဘဝကိုယ်ဘာလဲဆိုတာ ချွေးနံ့တွေကြား ပြန်စဉ်းစားနေမိ။ မောကြီးပန်းကြီးမနက်ခင်းက စိတ်ရဲ့ပြင်ပကိုသွားဖို့ကိုပဲ စဉ်းစားနေတယ်။ ခြေကုန်လက်ပန်းကျနေတဲ့မနက်ခင်းက အနားယူဖို့ထက် စက္ကန့်ပိုင်းစာသတင်းဆိုးတွေကို ဦးနှောက်ထဲကနေ ဖောက်ထုတ်ဖို့ကိုပဲ အပြင်းအထန်ကြိုးစားနေတယ်။ မြင်ကွင်းတွေဟာ ရှုပ်ထွေးသွားတယ်။ နေရောင်ခြည်အောက်က အစိမ်းရောင်လဲ့လဲ့တွေက ရုတ်ခြည်းမှောင်မိုက်သွားတဲ့အထိ ရှုပ်ထွေးသွားခဲ့တယ်။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပေမယ့်လည်း တရာခံကိုရှာလို့မတွေ့ခဲ့ဘူး။ အစွဲအလန်း၊ သံယောဇဉ်တွေရဲ့မီးတောက်တွေနဲ့ သတင်းတွေက အစိမ်းရောင်ပေါ်မှာ ပျော်ပျော်ကြီးတောက်လောင်နေတော့တယ်။
၂။ အိပ်မက်တွေက စိတ်ကူးယဉ်တွေမဟုတ်ခဲ့ပေမယ် စိတ်ကူးတွေကတော့ အိပ်မက်တွေဖြစ်လာခဲ့တယ်။ ခပ်ပါးပါးဘဝထဲမှာပဲ လှောင်ပိတ်ထည့်ထားတဲ့ မနက်ခင်းအသစ်တွေက အသစ်မည်ရုံနဲ့ပဲ ကုန်ဆုံးသွားခဲ့ရတယ်။ အဲ့ဒီလိုပါပဲ။ တနင်္လာကလည်း တနင်္လာကလွဲပြီး ဘာမှမထူးခဲ့ဘူး။ ငှက်တွေ၊ ပန်းပွင့်တွေ၊ အရောင်တွေ အားလုံးကလည်း ပုံမှန်အတိုင်းပဲ သွားသွားလာလာ၊စားစားသောက်သောက်ပါပဲ။ ငယ်ဘဝဆိုတာကို ပြန်လိုက်ရှာတော့ "အတိတ်တွေမရောင်းဘူး"ဆိုတဲ့ပန်းခြံနားမှာ အဝေးကိုလှမ်းငေးနေတာ ပြန်တွေ့လိုက်ရတယ်။ မျက်ရည်တွေက ဘာအတွက်လဲ။ ဝမ်းနည်းတာတွေ၊ ဝမ်းသာတာတွေ။ ဘာကိုရည်ရွယ်နေလဲဆိုတာ ငယ်ဘဝပေါ်ကမျက်ရည်တွေကိုယ်တိုင်တောင် သိပါ့မလားလို့တွေးနေမိတယ်။
" ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်"ဆိုတဲ့သူငယ်ချင်းတစ်ယောက်နဲ့ အရက်ဆိုင်ထဲမှာ ပြန်တွေ့တော့ "ဟေ့ ဆရာဝန်ကြီး"လို့ လှမ်းနှုတ်ဆက်ပြီး အတူတူထိုင်သောက်နေဖြစ်တယ်။ အရက်ကိုသိပ်မသောက်ဖြစ်ပေမယ့် ငယ်ဘဝကိုတော့ တစ်ယောက်တစ်လှည့်ငှဲ့ပေးရင်း ရေမရောဘဲသောက်ဖြစ်သွားတယ်။ ပျော်ပျော်ကြီးပြောဆိုရယ်မောရင်း ကျလာတဲ့မျက်ရည်က ဘာအတွက်ဆိုတာကိုတော့ နှစ်ယောက်လုံးနှိုက်မမြည်းဖြစ်ခဲ့ဘူး။ အမှောင်တွေပိုပြီးရီဝေလာတာနဲ့အမျှ ငယ်ဘဝတွေက ပိုပြီးတောက်ပဝင်းလက်လာတယ်။ နိုင်ငံခြားထွက်သွားတဲ့ကောင်အကြောင်း၊ အပျိုကြီးလုပ်မှာဆိုတဲ့ ကလေးနှစ်ယောက်အမေအကြောင်း၊ စိန်ပြေးတမ်းဆော့ရင်းပတ်ပြေးခဲ့တဲ့ စွယ်တော်ပင်နဲ့ခုံအဝိုင်းလေး(အခုမရှိတော့)အကြောင်း၊ ပင်စင်ယူသွားတဲ့ကျောင်းအုပ်ဆရာကြီး။ပြောစရာတွေက မကုန်ခဲ့။ "မင်းရော ဘာတွေလုပ်နေလဲ"လို့ သူငယ်ချင်းကမေးတော့ ဘာပြန်ဖြေရမှန်းမသိတာနဲ့ ရယ်နေမိခဲ့တယ်။ အဲ့ညက ငှဲ့ပြီးသားတစ်ခွက်စီပဲသောက်ပြီး ငယ်ဘဝတွေနဲ့မူးပြီးပြန်လာခဲ့လိုက်တယ်။
ကွင်းပြင်ကျယ်ကြီးထဲမှာ မပျော်ရွှင်ခြင်းတွေရှိနေတယ်။ လေနဲ့လွင့်နေတဲ့ သစ်ရွက်ခြောက်တွေလို။ ဆူညံသံတွေကလည်း ဟိုတစ်စဒီတစ်စ။ အင်္ဂ ါနေ့က ပူလွန်းခဲ့ပေါ့။ ဝမ်းနည်းစရာပါပဲ။ သတင်းတွေက ဆက်လိုက်ဆိုသလို။ စစ်ပွဲတွေလိုကို ဆက်တိုက်။ မကြားချင်ယောင်ဆောင်ရင်း ကြားနေရ။ ဘယ်သီအိုရီနဲ့ပဲရှာရှာ အဖြေက ထွက်မလာခဲ့ဘူး။ လွမ်းတယ်ဆိုတာကို ဘယ်လိုစကားလုံးနဲ့ပြောထွက်ရက်ပါ့မလဲ။ အနုပညာ ပြီးတော့လည်း အနုပညာ။ လည်နေတဲ့သတိရခြင်းတွေထဲမှာပဲ လည်နေခဲ့တယ်။ ပြန်လာမလာမေးနေလို့လည်း ပြန်မလာမှာကိုသိနေခဲ့တယ်။ ဒါပေမယ့် ပြန်လာခဲ့ပါလို့ အော်နေတာတွေ မရပ်ခဲ့ဘူး။ ဘဝဆိုတာ ဒါပဲလား။ ဒီလောက်ပဲလား။ အဆင်ပြေရင်တော့ ဘဝကို ဆက်ရှာချင်နေသေးတယ်။
၃။ ဆူညံသံတွေက ကွွင်းပြင်ကြီးကိုအုပ်မိုးထားတယ်။ လေတွေက သိပ်တိုက်တာပဲ။ ပျံနေတဲ့ငှက်တွေမှာ ရည်မှန်းချက်က ဘာဆိုတာဘယ်သူသိနိုင်မလဲ။ အဖြူရောင်ဆိုတော့လည်း အဖြူရောင်ပေါ့။ ဘာလို့ငြင်းနေအုံးမလဲ။ ဘုရားသခင်မဖြည့်ဆည်းပေးခဲ့တဲ့အရာတွေထဲမှာ အနုပညာပါမလား။ တိမ်တိုက်တွေနဲ့အလှဆင်ထားတာတွေက နေရောင်ထဲမှာဆို ရယ်စရာတွေလိုဖြစ်နေခဲ့။ ဝိညာဉ်တွေနဲ့သီချင်းအတူဆိုခဲ့တုန်းက အနုပညာကိုလန့်စရာလို့ထင်နေခဲ့တာ မဆန်းလောက်ပါဘူး။ "ရာသီတိုင်းက အဝါရောင်ပန်းတွေကိုပဲ ချစ်တတ်တာလား"ဆိုပြီး ကဗျာဆရာတစ်ယောက်က ဘယ်သူမှမကြားနိုင်တဲ့လေသံနဲ့ ဘုရားသခင်ကို လှမ်းမေးနေတယ်။( ဘုရားသခင်မကြားနိုင်သလို ဘယ်သူမှမကြားနိုင်တာကိုလည်း သူကိုယ်တိုင်သိနေ) ထင်းရှူးပင်တွေပေါ်မှာ နှင်းမှုန်တွေအုံခဲနေတယ်။ သောက်လက်စလက်ဘက်ရည်ခွက်တစ်ခွက်ထဲမှာတော့ ဆေးလိပ်ပြာတချို့ကျနေတယ်။ ဘဝဆိုတာကလည်း တစ်ခါတစ်လေ မမြင်ချင်ယောင်ဆောင်တတ်ရတယ်ဆိုလားပဲ။ ဆပ်ပြာကြော်ငြာတွေအကြည့်များပြီး ကဗျာဆရာလည်း အရင်ကထက် အသားတွေဖြူလာသလားထင်ရ။ ကုက္ကိုပင်အောက်မှာ စကားမပြောဘဲကျောပေးထိုင်နေတဲ့ သမီးရည်းစားနှစ်ယောက်ရှိနေတယ်။ မထင်မှတ်တဲ့ထောင့်တွေကနေ ထွက်လာတဲ့အသံတွေက မထင်မှတ်လောက်အောင်ကို ဆွဲဆောင်မှုရှိခဲ့တယ်။ မဖြစ်နိုင်တာတွေချည်း စဉ်းစားနေမယ့်အစား ဆင်းခါနီးလေယာဉ်ဘီးတွေ ချော် မချော်ကိုတွေးတောနေတာက ပိုအဆင်ပြေမှာပါ။ ကံကြမ္မာဆိုတဲ့ကောင်က ဘောလုံးပွဲလိုပဲ မထင်မှတ်တာတွေဖြစ်တတ်တာပဲမဟုတ်လား။ သတင်းဆိုးတွေရဲ့အခြေခံဟာ မျဉ်းပြိုင်တွေနဲ့မဆိုင်ခဲ့ပါဘူး။
ခဲခြစ်ကံစမ်းမဲတစ်ခုကို ခြစ်လိုက်တယ်။ ဗလာမပါကံစမ်းမဲမှာ ပျင်းရိညည်းငွေ့ခြင်းတွေရလိုက်တော့ ခြောက်သွေ့နေတဲ့လေတွေကို တဝကြီးရှူသွင်းလိုက်တယ်။ အဲ့ဒီလိုပျော်ရွှင်ခဲ့ရတဲ့နေ့တွေ။ ပြက္ခဒိန်ပေါ်မှာ ရက်စွဲတွေက ပေါ်လိုက်ပျောက်လိုက်။ ပြန်မရှာခဲ့ပါဘူး။ မေ့မေ့ပျောက်ပျောက်ပါပဲ။ အဆင်ပြေရင် လက်ဝါးချင်းရိုက်ရအောင်ဆိုတော့ အဆင်မပြေတော့ ရိုက်လို့မရဘူးတဲ့လား။ ဟိုတလောက ပန်းချီဆွဲဖို့အားလုံးပြည့်စုံနေချိန်ထိ ရောက်မလာသေးတဲ့စိတ်ကိုမျှော်နေတဲ့ ပန်းချီဆရာနဲ့တွေ့ခဲ့တယ်။ အေးအေးလူလူပါပဲ။ ကင်းဘတ်စကိုထိုင်ငေးပြီး လေချွန်နေလေတယ်။ ဖိုင်ဘာပြားပေါ်စုပုံထားတဲ့ဆေးတွေကိုရောနယ်ပြီး ကင်းဘတ်စပေါ် လှမ်းပစ်တင်လိုက်တော့တယ်။ အညိုရောင်လေးက အစိမ်းရောင်လေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်တော့ ပန်းရောင်ကျကျပန်းချီလေးဖြစ်သွားတယ်။
ဘယ်သူလှမ်းပစ်လိုက်မှန်းမသိတဲ့ ဒဏ်ရာတချို့ကို အိတ်ကပ်ထဲကောက်ထည့်ထားလိုက်တယ်။ ဘုရားသခင်ကို သူငယ်ချင်းပေါင်းပေါင်းပြီး လိင်ဖျော်ဖြေမှုအရသာကို အတူတူခံစားဖို့ ဈေးညှိကြည့်တော့ အိတ်ကပ်ထဲကဒဏ်ရာတွေက အဝါရောင်သန်းပြီး ကြီးထွားလာတယ်။ ဒါကို အနုပညာလို့တော့ မဆိုလိုချင်ပါဘူး။ ဖန်တီးမှုအရဆိုရင် မနက်ခင်းရဲ့အာရုံထဲကသတင်းတွေကရော အနုပညာဆန်နေမလား။ အကောင်းနဲ့အဆိုးဆိုတာ အလွှာပါးပါးလေးပဲခြားထားလေတော့ သင်္ခါရလို့ပဲ မျက်လုံးစုံမှိတ် လက်ခံလိုက်ရမလား။ မသေချာဘူး။ သူသေသွားတယ်ဆိုတာ မသေချာဘူး။ ခန္ဓာမရှိတော့ပေမယ့် လူတိုင်းနီးပါးရဲ့စိတ်ထဲ၊နှလုံးသားထဲမှာ ရှိနေတုန်းဆိုတော့ သေဆုံးခြင်းက မသေချာသေးဘူး။ အတွေ့အထိမရှိတော့ပေမယ့် အငွေ့အသက်အရသာက ရှိနေတုန်းပဲ။ အနုပညာကသာ ဘုရားသခင်ဆိုရင် ဖန်တီးသူ(ကဗျာဆရာ၊ပန်းချီဆရာ၊စကားပြေ၊ဂီတ၊စသဖြင့်)တွေက နတ်သူငယ်လောက်တော့ရှိမယ်။ (ဒါလည်း အထင်နဲ့ပြောကြည့်ခြင်းပါ။ကျနော်ကိုကျနော် နတ်သားလို့တော့မဆိုလိုပါ) ဒီလိုပါပဲ တစ်ခါတစ်လေလည်း အထင်တွေနဲ့ စွတ်ရမ်းနေရတာတွေရှိတက်ပါတယ်။
"ကျနော်အိပ်ပြန်သွားရင် ကျနော့်မိသားစုထမင်းငတ်သွားမှာပေါ့"လို့ ဘီယာဆိုင်က စားပွဲထိုးလူငယ်လေးကပြောတယ်။ လူ့ဘဝဆိုတာ ကဗျာတစ်ပုဒ်မှမဟုတ်ပဲ။ နုတာနဲ့ကြမ်းတာကလွဲရင် ဒဏ်ရာကတော့ ဒဏ်ရာပါပဲ။ "မင်းမိသားစုဘယ်နှစ်ယောက်ရှိလဲ"ဆိုတော့ လေးယောက်တဲ့။ နောက်ပြီး "အဖေက ထောင်ထဲရောက်နေတာလေ"တဲ့။ မေးခွန်းတွေဆက်မမေးဖြစ်ခဲ့ပါဘူး။ သောက်လက်စဘီယာခွက်တွေ၊ မှာထားတဲ့အမြည်းတွေ အားလုံးက မေးခွန်းတွေဖြစ်သွားတယ်။ လောကဓံက တစ်ခါတစ်လေလည်း မျက်နှာလိုက်တတ်တယ်ထင်ရ။ ဖြစ်သလိုဖြတ်သန်းနေရတဲ့ဘဝတွေ၊ အမည်ဖော်လို့မရတဲ့ပြစ်မှုတွေ။ စာသင်ကျောင်းမှာ လွယ်အိတ်လေးလွယ်နေရမယ့်လူငယ်လေးက ဘီယာခွက်တွေ သယ်နေရတယ်။ ဂဏန်းသချၤာတွေတွက်ချက်နေရမယ့်ကျောင်းသားလေးက စားပွဲပေါ်ကအမျိုးအမည်တွေကို မျက်နှာငယ်လေးနဲ့ တွက်နေရတယ်။ အဲ့လိုလူငယ်လေးတွေ ဘယ်လောက်တောင်ရှိနေမလဲ။ အဲ့လိုမိသားစုတွေ ဘယ်လောက်တောင်ရှိနေမလဲ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ။ ကျနော်တို့ မြို့မှာ၊ နိုင်ငံမှာ၊ ကမ္ဘာမှာ။ ပြန်အမ်းငွေကို မယူဘဲ အတွေးမျက်ရည်တွေပဲပါလာတယ်။ ရိုးသားရှာတဲ့ စားပွဲထိုးလူငယ်လေး ဘယ်လိုကျန်ခဲ့လေမလဲ။ အိမ်မှာရှိနေတဲ့ လူငယ်လေးရဲ့အမေ ဒီချိန်ဆို သူ့သားအတွက် မေတ္တာပို့နေမလား။ ထောင်ထဲကလူငယ်လေးရဲ့အဖေ သူ့အပြစ်တွေအတွက် သူ့သားကိုသူ ပြန်ရှက်နေမလား။ လူငယ်လေးရဲ့ညီမလေး ကျောင်းအိမ်စာတွေ တွက်ချက်နေမလား။ "ကဲ ဘုရားသခင်၊ မေးခွန်းတွေကို ခင်ဗျားကိုယ်တိုင်တောင် ဖြေနိုင်ပါ့လား။ တကယ်ပဲ ခင်ဗျားက အဲ့ဒီလိုတွေဖန်ဆင်းခဲ့သလား။ ခင်ဗျားက ဟန်ဆောင်ကောင်းလွန်းတယ်။"
၄။ ပုံမှန်အတိုင်း နေဝင်မိုးချုပ်ညနေခင်းက ပုံမှန်လိုညနေခင်းတွေလောက်ကို မလှခဲ့ဘူး။ ဝဲလွင့်ကြွေကျနေတဲ့ သစ်ရွက်တွေနဲ့အတူ ဒဏ်ရာရစာရင်းမှာ ချစ်သူပါသွားခဲ့တယ်။ မေးထူးခေါ်ပြောလောကဓံနဲ့ကိုယ်က ရန်သူတွေအဖြစ် စစ်မြေပြင်ပေါ်ရောက်သွားတယ်။ ဒါဟာ တတိယကမ္ဘာစစ်ပဲ။ ဘယ်သူမှဝင်မတားနဲ့။ ဘုရားသခင်လည်း ဝင်မပါနဲ့။ သူ့ဒဏ်ရာတွေ ပျောက်သွားရင်တောင် လောကဓံမျက်နှာနဲ့အမာရွတ်တွေက ရှိနေအုံးမယ်။ ဒါက ခေတ်သစ် ဗျည်းနွဲ့နဲ့ဗညားနွဲ့ဇာတ်လမ်းပဲ။ သောကြာနေ့တဲ့လား။ အသေမုန်းတယ်။ "မင်းလည်း ရန်သူပဲ" သောကြာ။ လူဆိုတာ ကိုယ်ချစ်တဲ့ခင်တဲ့သူဘက်က နာတတ်ကြတာပဲ။ အသေအချာ ကိုယ်ကလည်း သူလိုကိုယ်လိုလူတစ်ယောက်ပဲဆိုတော့ သူလိုကိုယ်လိုနာကျည်းတတ်တယ်။ " ငါ့ကို ဘယ်တော့မှနှုတ်မဆက်နဲ့" လောကဓံ။ အလိုလိုမှ ဝှတ်ထားတဲ့ရင်သားတွေလောက်တောင် ကြည့်ပျော်ရှုပျော်မရှိခဲ့တဲ့ လောကဓံ။ "လောကဓံ ၊ လောကဓံ"ဆိုပြီး ကောင်းကွက်တစ်ကွက်မှတိုင်တည်စရာမရှိတဲ့ လောကဓံ။ ဒြပ်မဲ့ချင်းအတူတူ အလွမ်းလောက်မှ ခေါ်ဆိုခံစားလို့မကောင်းတဲ့ လောကဓံ။ "ကံကောင်းခြင်းတွေကို မင်းခေါ်လာတာဆိုလည်း ပြန်ခေါ်သွား။ ငါ့ချစ်သူရဲ့ဒဏ်ရာကိုလည်း ပြန်ယူသွား။" အိပ်ဆေးတွေကလည်း မေ့ပျောက်အိပ်စက်ခြင်းဆီ ခေါ်ဆောင်မသွားနိုင်ကြဘူး။ သတင်းဆိုးတွေက မနက်ကနေ ညနေအထိ။ ညနေခင်းကနေ အိပ်မက်တွေအထိ။ ပျော်ချစ်ယောင်ဆောင်ထားတာတွေကိုတောင် အငွေ့ပျံစေခဲ့ပြီလား။ စိတ္တဇဆေးရုံကို ရောက်နေရသလို၊ ကန္တာရထဲရောက်နေရသလို၊ စစ်မြေပြင်ပေါ်ရောက်နေရသလို။ အကောင်းတွေကို မပေးနိုင်ရင်လည်း အဆိုးတွေတော့ယူလာမပေးပါနဲ့။ သစ်ရွက်ကြွေ၊ ရွက်စုတ်ပြက္ခဒိန်၊ လမ်းမတွေ၊ မိသားစုတွေ၊ သစ်တောတွေ၊ သယံဇာတတွေ၊ မိန်းမတွေ၊ အရက်သေစာတွေ၊ အနုပညာ၊ ကျည်ဆံ ၊ ခြေပြတ်လက်ပြတ်၊ ကမ္ဘာမြေ၊ အလှအပ၊ အသက်အရွယ်၊ ဗြာဒိတ်တော်၊ ငှက်တွေ။ ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့လူတွေက ဘာအတွက်လဲ။ အိမ်ကထွက်ပြေးသွားတဲ့အိမ်ဖော်မလေးက ဘာအတွက်လဲ။ ပျက်စီးသွားတဲ့လယ်မြေတွေက ဘာအတွက်လဲ။ တိမ်ကောသွားတဲ့ မြစ်တွေချောင်းတွေက ဘာအတွက်လဲ။ ကျိုးကျသွားတဲ့ သစ်ပင်ပျိုက ဘာအတွက်လဲ။ ဒဏ်ရာတိုင်းကတော့ အမာရွတ်တွေနဲ့ပဲ။ အဆင်ပြေတယ်ဆိုတာကလည်း အဆင်မပြေသလောက်နီးနီးပါပဲ။ ပုံမှန်တိုင်းဆို ညနေက ဆည်းဆာတွေနဲ့လှပနေရမှာ။ သစ်ပင်တွေ၊လမ်းတွေ၊ရေပြင်တွေပေါ်မှာ လိမ္မော်ရောင်တွေဖျော့ပြီး လှပနေရမှာ။ ခုတော့ သတင်းဆိုးတွေရဲ့ဖျက်ဆီးခြင်းမှာ အညိုရောင်အပုပ်နံ့တွေ လှိုင်နေပြီ။ သောကြာနေ့ဟာ ညနေခင်းနဲ့အတူ ဆေးရုံတင်လိုက်ရပြီ။ ချစ်သူက သောကြာနေ့မှာ ဒဏ်ရာရခဲ့ပြီ။ အဆင်ပြေပြေ မပြေပြေ ဒဏ်ရာကတော့ ဒဏ်ရာပဲ။ စစ်ဆိုတာ ဘယ်မြို့ကိုမှ အရှင်တိုင်းမထားခဲ့ဘူး။ သားသတ်သမားက အလှမွေးခွေးလေးတောင် ချမ်းသာမပေးခဲ့ဘူး။ ဖောက်သောက်ခံလိုက်ရတဲ့ အချိုရည်ဗူးခွံကို ဘာလို့များသိမ်းထားနေအုံးမလဲ။ ပျက်စီးသွားတဲ့အရေပြားက အမာရွတ်ကို နေရာတစ်ခုပေးနေရတော့မယ်။ သေရာပါ။ အမုန်း။
၅။ တချို့အနာတရတွေဟာ အမာရွတ်တွေလှတတ်ကြတယ်။ ချိုမြိန်တယ်ပေါ့။ အတိတ်ကိုထည့်မတွက်ခဲ့ရင်တော့ အားလုံးဟာ ပျော်စရာကြည်နူးစရာပေါ့။ အဆုံးမရှိခဲ့တဲ့သတင်းဆိုးတွေက ဝတ်ဆုံအမျိုးမျိုးနဲ့ ဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်။ အတိတ်တချို့ကိုလည်း အိတ်ကပ်ထဲထည့်သယ်လာကြတယ်။ ကွင်းပြင်ကြီးအပြည့်လွှမ်းမိုးထားခဲ့တယ်။ ကုန်းနေရေနေသတ္တဝါအားလုံးဟာ မှုန်ဝါးနေတဲ့အနာဂတ်တွေကို မျက်လုံးမှိတ်ပြီးကြည့်နေကြရရှာတယ်။
မပြောမဖြစ်တဲ့အကြောင်းတွေက ရထားလမ်းပေါ်ကနေ လမ်းမွှာတွေထဲကို စိမ့်ဝင်လာကြတယ်။ အိမ်တိုင်းလူတိုင်းနဲ့ထိတွေ့အပြီးမှာ သံသယတွေက ခိုင်မာလာကြတယ်။ ဒီလိုပါပဲ ဆိုနေကျသီချင်းတွေရိုးအီလာကြတဲ့အခါ အဝါရောင်တွေကိုပဲ အညိုရောင်တွေအဖြစ်တင်ဆက်နေကြတာပေါ့။ ဒါလည်း လူ့သဘာဝပဲမဟုတ်လား။
မနက်ခင်းဟာ ညနေအထိ အကြောက်မပြေနိုင်ခဲ့ဘူး။ တစ်နေကုန်ဘာမှမစားထားလည်း မြန်နေတဲ့နှလုံးခုန်သံတွေနဲ့ ဝနေခဲ့တယ်။ ရောင်မလာတာကြာပြီဖြစ်တဲ့ပျော်စရာကို ရုတ်တရက်လမ်းမှာတွေ့လိုက်ရင် မှတ်မိနိုင်ပါ့မလား။ " အို ဘုရားသခင် ဖြစ်နိုင်ရင် ခဏလောက်အလည်လာခဲ့ပါ။ ခင်ဗျားနဲ့တွေ့ဖို့ ကဗျာဆရာတစ်ယောက်စောင့်နေတယ်"ဆိုပြီး ညည်းတွားနေတော့လည်း ဘာမှမထူးခဲ့ပါဘူး။
စိတ်အဆာပြေသတင်းစာတစ်စောင်ကို ကောက်ကိုင်လိုက်တော့ နာရေးသတင်းမှာ စိတ်ကျန်းမာရေးဆေးရုံကြီး ရုတ်တရက်ကွယ်လွန်သွားတယ်တဲ့။ အမျှ အမျှ အမျှ ။
လင်းအိမ်ငယ်
Februry 2017
No comments:
Post a Comment