Zawgyi version
ကြင္းျပင္က်ယ္ႀကီးရဲ႕တစ္ဖက္မွာ
=======================
ခ်စ္ေမတၱာေတြ ျပဳန္းတီးလာတဲ့အခါ
ပင္လယ္ထဲ အညစ္အေၾကးေတြ စုေ၀းလာတဲ့အခါ
ေကာင္းကင္ဟာ အျပာေရာင္ကို တျဖည္းျဖည္ေမ့ေလ်ာ့လာတယ္
ေျခာက္ေသြ႕မ်က္ရည္ေႂကြေတြနဲ႔ လမ္းေတြဟာ ၀ါးလာ
ယူကလစ္ေခါက္ေတြလို စာနာမႈေတြ ကြာက်လာ
ေမႊးရနံ႔ေတြမ႐ွိေတာ့တဲ့ မီးဖိုထဲ ကူးခ်ည္သန္းခ်ည္ အလြမ္းမ်ား
အေ၀းကိုေျပးေနတဲ့ ေလေျပက အေ၀းကို မေငးအားဘူး
အဲ့ဒီလို ညေတြဟာ အလ်ားလိုက္ ဆန္႔ထြက္လာတယ္။
လင္းအိမ္ငယ္
၉ ဧၿပီ ၂၀၁၇
Unicode version
ကွင်းပြင်ကျယ်ကြီးရဲ့တစ်ဖက်မှာ
=======================
ချစ်မေတ္တာတွေ ပြုန်းတီးလာတဲ့အခါ
ပင်လယ်ထဲ အညစ်အကြေးတွေ စုဝေးလာတဲ့အခါ
ကောင်းကင်ဟာ အပြာရောင်ကို တဖြည်းဖြည်မေ့လျော့လာတယ်
ခြောက်သွေ့မျက်ရည်ကြွေတွေနဲ့ လမ်းတွေဟာ ဝါးလာ
ယူကလစ်ခေါက်တွေလို စာနာမှုတွေ ကွာကျလာ
မွှေးရနံ့တွေမရှိတော့တဲ့ မီးဖိုထဲ ကူးချည်သန်းချည် အလွမ်းများ
အဝေးကိုပြေးနေတဲ့ လေပြေက အဝေးကို မငေးအားဘူး
အဲ့ဒီလို ညတွေဟာ အလျားလိုက် ဆန့်ထွက်လာတယ်။
လင်းအိမ်ငယ်
၉ ဧပြီ ၂၀၁၇
No comments:
Post a Comment