Sunday, April 9, 2017

ငါ့အၾကည္ဓာတ္ကို လာေႏွာင့္ယွက္တဲ့တနဂၤေႏြ

Zawgyi version

ငါ့အၾကည္ဓာတ္ကို လာေႏွာင့္ယွက္တဲ့တနဂၤေႏြ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငါ့ဟာငါ စာကေလးဖတ္
ငါ့ဟာငါ စာကေလးေရး
ငါ့ဟာငါ ကဗ်ာေလးေတြ ေတြးေနတုန္း
ျဗဳန္းဆို သတင္းဆိုးႀကီးဝင္လာ
ငါ့အၾကည္ဓာတ္ကို ဖ်က္ဆီးသြားတယ္
ငါအရင္ဆုံးဝမ္းနည္းမိတာ ငါ့ႏိုင္ငံရဲ႕စိတ္ယဥ္ေက်းမႈ
ငါ့လူမ်ိဳး ငါ့ႏိုင္ငံသားေတြရဲ႕ ေမတၱာအင္အား
ငါတို႔အမ်ိဳးသားေတြရဲ႕ ဆင္ျခင္တုံတရားမဲ့အသိဉာဏ္
ငါတကယ္ကို ေပ်ာ့ေခြသြားၿပီ
ငါတကယ္ကို ယူက်ဳံးမရျဖစ္ရၿပီ
ကမၻာမွာလည္း ႐ိွတာပဲလို႔ လာမေျပာပါနဲ႔
ျမန္မာမွာ ဘာလို႔႐ိွရမွာလဲ
စြန္​းထင္​းသြားတဲ့သမိုင္းကို
ေလ်ာ္ေၾကးေပးၿပီး ေဖ်ာက္ဖ်က္လို႔မရေတာ့ဘူး
အင္အားဆိုတာ ေသနတ္က်ည္ဆံထဲမွာမွ ႐ိွတာမဟုတ္ဘဲ
ပန္းကေလးတစ္ပြင့္ထဲမွာလည္း ႐ိွတယ္ဆိုတဲ့အေၾကာင္း
ငါ ေျပာျပခ်င္လွတယ္
ေမာင္ေခ်ာႏြယ္ေရ
ကြၽန္ေတာ္တို႔ရဲ႕ ကဗ်ာဆရာေမာင္ေခ်ာႏြယ္ေရ
"လူသား တစ္ေယာက္နဲ႔တစ္ေယာက္
ႏူးညံ့ျခင္းၿပိဳင္ပြဲ မ႐ိွတာကိုေတာ့
ကြၽန္ေတာ္က ရယ္သြမ္းေသြးလိုပါတယ္"လို႔
ထပ္ေျပာလိုက္ပါဦး။   ။

ရင္႐ိုး
30-1-2017

Unicode version

ငါ့အကြည်ဓာတ်ကို လာနှောင့်ယှက်တဲ့တနင်္ဂနွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငါ့ဟာငါ စာကလေးဖတ်
ငါ့ဟာငါ စာကလေးရေး
ငါ့ဟာငါ ကဗျာလေးတွေ တွေးနေတုန်း
ဗြုန်းဆို သတင်းဆိုးကြီးဝင်လာ
ငါ့အကြည်ဓာတ်ကို ဖျက်ဆီးသွားတယ်
ငါအရင်ဆုံးဝမ်းနည်းမိတာ ငါ့နိုင်ငံရဲ့စိတ်ယဉ်ကျေးမှု
ငါ့လူမျိုး ငါ့နိုင်ငံသားတွေရဲ့ မေတ္တာအင်အား
ငါတို့အမျိုးသားတွေရဲ့ ဆင်ခြင်တုံတရားမဲ့အသိဉာဏ်
ငါတကယ်ကို ပျော့ခွေသွားပြီ
ငါတကယ်ကို ယူကျုံးမရဖြစ်ရပြီ
ကမ္ဘာမှာလည်း ရှိတာပဲလို့ လာမပြောပါနဲ့
မြန်မာမှာ ဘာလို့ရှိရမှာလဲ
စွန်းထင်းသွားတဲ့သမိုင်းကို
လျော်ကြေးပေးပြီး ဖျောက်ဖျက်လို့မရတော့ဘူး
အင်အားဆိုတာ သေနတ်ကျည်ဆံထဲမှာမှ ရှိတာမဟုတ်ဘဲ
ပန်းကလေးတစ်ပွင့်ထဲမှာလည်း ရှိတယ်ဆိုတဲ့အကြောင်း
ငါ ပြောပြချင်လှတယ်
မောင်ချောနွယ်ရေ
ကျွန်တော်တို့ရဲ့ ကဗျာဆရာမောင်ချောနွယ်ရေ
"လူသား တစ်ယောက်နဲ့တစ်ယောက်
နူးညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့
ကျွန်တော်က ရယ်သွမ်းသွေးလိုပါတယ်"လို့
ထပ်ပြောလိုက်ပါဦး။   ။

ရင်ရိုး
30-1-2017

No comments:

Post a Comment