Sunday, April 9, 2017

တုတ္ႀကီးေခ်ာင္းတံတားေပၚက ဇာတ္ဝင္ခန္း

Zawgyi version

တုတ္ႀကီးေခ်ာင္းတံတားေပၚက ဇာတ္ဝင္ခန္း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

....
          အေမ့ေမတၱာဟာ ျပင္းထန္ေအးျမလွပါတယ္။ အဲယားကြန္းခန္းထဲက သင္းပ်ံ့ေအးျမမႈလည္းမဟုတ္။ ပူေလာင္တဲ့ လြင္တီးေခါင္အလယ္က တစ္ပင္တည္းေသာသစ္ရိပ္ရဲ႕ ေအးျမမႈလည္းမဟုတ္။ အေမ့ေမတၱာက ေအးျမမႈေတြရဲ႕ထြဋ္ေခါင္၊ ေအးျမမႈေတြရဲ႕သရဖူ။ အေမဆိုတာ ေအးျမမႈေတြ ထုတ္လုပ္ေပးတဲ့ စက္႐ုံႀကီး။ စားသုံးသူသားသမီးေတြကို ေစ်းေပါေပါနဲ႔ ေရာင္းခ်ေပးေနေလရဲ႕။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
          ကြၽန္ေတာ္ ဇာတ္ကြက္ဇာတ္လမ္းေတြနဲ႔ ဝတၳဳမေရးဖူးပါ။ ဆန္းၾကယ္တဲ့၊ စာဖတ္သူ စြဲလမ္းသြားေစမယ့္ ဇာတ္ဝင္ခန္းေတြကိုလည္း မဖန္တီးႏိုင္ေသး။ ဒါေပမယ့္ ကိုယ္တိုင္ဇာတ္လိုက္ျဖစ္ေနတဲ့ ကိုယ့္ဘဝဇာတ္လမ္းမွာေတာ့ မေမ့ႏိုင္စရာျဖစ္ရပ္ကေလးေတြ ႐ိွေနပါတယ္။ အတိတ္စီဒီထဲမွာ ျပန္ရစ္ၾကည့္လိုက္ရင္ တခ်ိဳ႕ျဖစ္ရပ္ကေလးေတြဟာ ထင္ထင္႐ွား႐ွားေပၚလာတတ္တယ္။ ကြၽန္ေတာ္နဲ႔ အေမနဲ႔ အစ္ကိုဝမ္းခြဲတစ္ေယာက္နဲ႔ တုတ္ႀကီးေခ်ာင္းတံတားေပၚက ဇာတ္ဝင္ခန္းကေတာ့ ၾကည္ႏူးစရာလား၊ ေၾကကြဲစရာလား မေဝခြဲႏိုင္ေအာင္ပါပဲ။
          ကြၽန္ေတာ္ ဘာမွန္းမသိခင္အခ်ိန္ကတည္းက ကြၽန္ေတာ့္အေဖန႔ဲအေမ အိမ္ေထာင္ကြဲခ့ဲၿပီ။ ေနာက္ ကြၽန္ေတာ္ ဘာမွနားမလည္ေသးခင္ ေျခာက္ႏွစ္သားေလာက္မွာပဲ အေမက တစ္ပင္ထပ္ထူခဲ့တယ္။ ကိုယ္တိုင္ မဖန္တီးလိုက္ရဘဲ၊ ကိုယ္တိုင္ မတည္ေဆာက္လိုက္ရဘဲ ေရာႁပြမ္းမိသားစုတစ္ခုကို ကြၽန္ေတာ္ လက္ခံလိုက္ရတယ္။ ေရာႁပြမ္းမိသားစုလို႔ ဆိုလိုက္ရတာက ကြၽန္ေတာ္တို႔ဘက္က အေမတစ္ခု သားတစ္ခု၊ ဟိုဘက္က အေဖတစ္ခု သားတစ္ခု သမီးတစ္ခုမို႔လို႔ပါ။
            ေရာႁပြမ္းမိသားစုဆိုေပမယ့္ နာက်ည္းမုန္းတီးစရာ မနာလိုဝန္တိုမႈေတြ မ႐ိွခဲ့ပါ။ ညီၫြတ္မွ်တစြာ ေနထိုင္ခဲ့ၾကပါတယ္။ ပေထြးက ႏွိပ္စက္လို႔တို႔၊ မိေထြးက အက်င့္ယုတ္လို႔တို႔ ဆိုတာေတြ ေဝလာေဝး။ "ပေထြး၊ မိေထြး"ဆိုတဲ့ အသုံးအႏႈန္းေတြကိုေတာင္ မသုံးခဲ့ၾက။ အေဖ၊ အေမလို႔ပဲ ေလးေလးစားစားေခၚဆိုခဲ့ၾကတယ္။ ဒါေပမယ့္ စင္းလုံးေခ်ာ ၿငိမ္သက္ေနတာေတာ့လည္းမဟုတ္။ အေဖ့ဘက္က သားသမီးေတြအေပၚ အေမက သေဘာမေတြ႔စရာ႐ိွတတ္တဲ့အခါ လက္ရင္းျဖစ္တဲ့ သားအရင္းကြၽန္ေတာ့္ကို နာနာေထာင္းေတာ့တယ္။ နာနာေထာင္းေတာ့ ကြၽန္ေတာ္ကလည္း ေဂ်ာင္းၿပီေပါ့။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
           နာက်င္မႈနဲ႔ အားငယ္မႈ ေပါင္းစပ္လိုက္တဲ့အခါ ကြၽန္ေတာ္ဟာ မ်က္ရည္ကို တိတ္တိတ္ကေလး ညႇစ္ထုတ္တတ္လာတယ္။ ေခ်ာင္တစ္ေခ်ာင္မွာ ကြၽန္ေတာ့္ရဲ႕ေဝဒနာေတြကို စုပုံထားတတ္လာတယ္။ အဲဒီအခ်ိန္ေတြဆိုရင္ ကမၻာႀကီးမွာ လူဦးေရသန္းေျခာက္ေထာင္မ႐ိွေတာ့။ ကမၻာႀကီးနဲ႔ ကြၽန္ေတာ္တစ္ေယာက္တည္း။ အရာအားလုံးဟာ ေမွာင္မည္းပိတ္ဆို႔ေနတယ္။ အေမ့ရဲ႕အဖိအေဖာ့ကို မသိေတာ့ အေမ့ရဲ႕ေမတၱာကိုလည္း နားမလည္ႏိုင္ေတာ့ဘူး။
            ကြၽန္ေတာ္ မဟုတ္တာေတြလုပ္မိတဲ့အခါ အေဖက ကြၽန္ေတာ့္ကို ဆူမွာစိုးလို႔. အေမက ဦးေအာင္ဆူတတ္တယ္။ တျဖည္းျဖည္း အေမဆူတာေတြ၊ အေမ႐ိုက္တာေတြ မ်ားမ်ားလာတယ္လို႔ ထင္လာရတယ္။ တစ္ေန႔တစ္ေန႔ ဘယ္အခ်ိန္ အေမ ကြၽန္ေတာ့္ကို ဆူမလဲ။ ဘယ္အခ်ိန္ ကြၽန္ေတာ့္ကို ႐ိုက္မလဲ။ စိုးထိတ္လာတယ္။ ကြၽန္ေတာ့္ရဲ႕ေပ်ာ္႐ႊင္မႈေတြ တဟုန္ထိုး စိုက္ဆင္းသြားၿပီ။ ကြၽန္ေတာ့ရဲ႕ေဘးမွာ အေမ႐ိွေပမယ့္ ကြၽန္ေတာ့္ရဲ႕အေဝးကို အေမ ေရာက္သြားၿပီ။
           ကြၽန္ေတာ့္ကိုယ္မွာ ဝမ္းနည္းတိတ္ဆိတ္မႈေတြ စြဲကပ္သြားၿပီ။ ကြၽန္ေတာ္ သတၱိမ႐ိွေတာ့။ ကြၽန္ေတာ္ အရာရာကိုေၾကာက္တတ္တဲ့ လူေၾကာက္ကေလးတစ္ေယာက္ျဖစ္သြားေတာ့တယ္။ အခုအခ်ိန္ထိ အဲဒီေၾကာက္စိတ္ဟာ ကြၽန္ေတာ့္ရဲ႕ကိုယ္တြင္းတစ္ေနရာမွာ ႐ိွေနတုန္း။ ကြၽန္ေတာ္ ဘယ္ကိုသြားရမလဲ။ မသြားတတ္ေသး။ ကြၽန္ေတာ့္အသက္ဟာ ႐ွစ္ႏွစ္ေလာက္ပဲ႐ိွဦးမယ္။
          အဲဒီအခ်ိန္မွာ ကြၽန္ေတာ္ အေမနဲ႔ေဝးရာကိုသြားရဖို႔ အေၾကာင္းတစ္ခုဖန္လာတယ္။ အေမ့ရဲ႕အစ္မ ႀကီးႀကီးလွစိန္က အလႉေပးမလို႔တဲ့။ ကြၽန္ေတာ့္ကို ႐ွင္ျပဳေပးဖို႔ အေမ့ဆီကေတာင္းေတာ့ အေမကလည္း ခြင့္ျပဳေပးလိုက္ပါတယ္။ ကြၽန္ေတာ္ ဝမ္းသာသြားတယ္။ ကိုရင္ဝတ္ခ်င္တာထက္ အေမ့အ႐ိုက္မခံရေတာ့ဘူးဆိုၿပီး ေပ်ာ္သြားတာ။ ကြၽန္ေတာ္သြားရမယ့္႐ြာကလည္း ကြၽန္ေတာ္နဲ႔အေမ အတူေနခဲ့တဲ့ ေအာက္ကင္း႐ြာ။ အေမက ေနာက္အိမ္ေထာင္ေနာက္ လိုက္ခဲ့လို႔သာ ေဝးကြာခဲ့ရတာ။ ၿပီးေတာ့ ေအာက္ကင္း႐ြာမွာ ကြၽန္ေတာ္သိပ္ခ်စ္ရတဲ့ ႀကီးႀကီးလွစိန္ရဲ႕သား ညီေလးထြန္းဝင္းႏိုင္လည္း ႐ိွပါတယ္။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
          ေအာက္ကင္း႐ြာဆိုတာ ႐ြာႀကီးတစ္႐ြာပါ။ ႐ြာေျမာက္ဘက္ပိုင္းတို႔ ႐ြာအေနာက္ဘက္ပိုင္းတို႔ ေျပာရေလာက္ေအာင္ က်ယ္ဝန္းပါတယ္။ ဒါေပမယ့္ ဘုန္းႀကီ္းေက်ာင္းကေတာ့ တစ္ေက်ာင္းတည္း။ ႐ြာနဲ႔ ဘုန္းႀကီးေက်ာင္းကို ဆက္သြယ္ထားတာက တုတ္ႀကီးေခ်ာင္းတံတား။ ဒီတုတ္ႀကီးေခ်ာင္းတံတားကို မေဟသီမဂၢဇင္းမွာပါတဲ့ ကြၽန္ေတာ့္ရသစာတမ္းတစ္ပုဒ္မွာလည္း ထည့္ေရးဖူးပါတယ္။
           ကြၽန္ေတာ္ သကၤန္းေတာင္းက်က္ဖို႔၊ ဘုန္းႀကီးစာ သင္ဖို႔ ေအာက္ကင္း႐ြာကို အရင္ေရာက္ႏွင့္တယ္။ အေမက အလႉနားနီးမွလာမွာ။ အေမမလာခင္ၾကားမွာ ကြၽန္ေတာ္က ေအာက္ကင္း႐ြာမွာ ေပ်ာ္ေနၿပီ။ ႐ြာဘုန္းႀကီးေက်ာင္းမွာ စာသင္ရင္း ဘုန္းႀကီးေက်ာင္းသားလုပ္ေနၿပီ။ မနက္တိုင္း "ဆြမ္းေတာ္ဗ်ိဳ႕ ဆြမ္းေတာ္ဗ်ိဳ႕ "နဲ႔ ညီေလးထြန္းဝင္းႏိုင္နဲ႔အတူတူ တေၾကာ္ေၾကာ္။ တုတ္ႀကီးေခ်ာင္းတံတားေပၚ ေျပးလႊားေဆာ့ကစားေပ်ာ္ပါးလို႔ အေမ့ကိုလည္း သတိမရလွ။ အေမကေတာ့ ဘယ္လိုေနမယ္မသိ ကြၽန္ေတာ့္စိတ္ေတြကေတာ့ ေပါ့ပါးလန္းဆန္းလို႔။
         ဒီလိုနဲ႔ အလႉပြဲေရာက္။ ကိုရင္ဝတ္။ ကိုရင္ဝတ္ဖို႔ ဘုန္းႀကီးထံ သကၤန္းေတာင္းစာ႐ြတ္ေတာ့ အေမက ၾကည္ႏူးမဆုံး၊ ဂုဏ္ယူမဆုံးတဲ့။ ကြၽန္ေတာ္ကေတာ့ မသိ။ ဘယ္လိုမ်က္ဝန္းေတြနဲ႔ အေမ ကြၽန္ေတာ့္ကို ၾကည့္ေနသလဲ ကြၽန္ေတာ္ ဂ႐ုမစိုက္မိပါ။ ႐ွင္ေလာင္းငယ္ေတြထဲ ကြၽန္ေတာ္တစ္ေယာက္ပဲ သကၤန္းေတာင္းရတာကိုေတာ့ မွတ္မိေနပါတယ္။
           အေမကေတာ့ သားႏုေထြးကိုရင္ေလးကို ျပန္လည္သိမ္းပိုက္ဖို႔ ညိဳ႕ဓာတ္ႀကီးေတြနဲ႔ ၾကည့္ေနခဲ့ပါသလား။ ရင္ခြင္ထဲကို ဆြဲသြင္းဖို႔ သူ႔လက္ႏွစ္ဖက္ကို ျဖန္႔ကားထားပါသလား။ ကြၽန္ေတာ္ကေတာ့ အေမနဲ႔ျပန္လိုက္ဖို႔ စဥ္းစားမထား။ ေန႔စဥ္ထိတ္လန္႔မႈေတြရဲ႕အေဝးမွာ ကြၽန္ေတာ္ဟာ ႏြားေပါက္ကေလးလို ျမဴးခုန္ေနမိတယ္။ ကိုရင္ဝတ္ကေလးအတိုင္း ကြၽန္ေတာ့္ကို ျပန္ေခၚလို႔မရတဲ့အခါ လူထြက္မွ ျပန္လာေခၚမယ္ဆိုၿပီး အေမက မွာၾကားသြားခဲ့တယ္။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
          ကြၽန္ေတာ္ လူထြက္ခဲ့ပါၿပီ။ ကိုရင္လူထြက္ ငါးပိခ်က္ကေလးကြၽန္ေတာ္။ ဂ်ာနယ္ေက်ာ္မမေလးရဲ႕ "ေသြး"ဝတၳဳထဲက ဘုန္းႀကီးေက်ာင္းသားေလး ဂ်ပန္လိုပါပဲ။ ဒါေပမယ့္ ဂ်ပန္ေလာက္ေတာ့ သတၱိမ႐ိွပါ။ အားလုံးရဲ႕အႏိုင္က်င့္ခံဘဝေရာက္ေနေပမယ့္ ကြၽန္ေတာ္ အေမ့ဆီကို ျပန္မေျပးလိုေတာ့။ ေဂြလိမ့္တယ္၊ ေထြပစ္တယ္၊ တုတ္ႀကီးေခ်ာင္းတံတားေပၚကေန ဒိုင္ဗင္ေပါက္စေလးေတြေတာင္ ပစ္တတ္ေနပါၿပီ။ ကြၽန္ေတာ့္ရဲ႕ ဘဝအစိတ္အပိုင္းေလးတစ္ခုကို မိဘမဲ့ကေလးတစ္ေယာက္လို ကုန္ဆုံးေနခဲ့တယ္။
           မၾကာပါဘူး။ အေမ ေပါက္ခ်လာတယ္။ အေမေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္က ႀကီးႀကီးအိမ္မွာမ႐ိွ။ တုတ္ႀကီးေခ်ာင္းထဲမွာ ေရကူးေနတယ္။ အေမကလည္း ကြၽန္ေတာ္ ျပန္အလာကို မေစာင့္ႏိုင္။ ကြၽန္ေတာ္႐ိွရာကို လိုက္လာတယ္။ အေမ့ေဘးမွာ ကြၽန္ေတာ့္အစ္ကို ဝမ္းကြဲတစ္ေယာက္လည္း ပါလာတယ္။ ကြၽန္ေတာ္ ေရကူးေနတာက ဘုန္းႀကီးေက်ာင္းကမ္းပါးဘက္ တံတားေဘး။ အေမက ကြၽန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ ႐ြာကမ္းဘက္ေရာက္ေတာ့ "သား"ဆိုၿပီး တုန္ယင္တဲ့အသံႀကီးနဲ႔ လွမ္းေခၚလိုက္တယ္။ ႐ုတ္တရက္ ကြၽန္ေတာ္ ရပ္ဆိုင္းသြားတယ္။ ေနာက္ လူက အလိုလိုကမ္းေပၚေရာက္သြားၿပီ။
          ကြၽန္ေတာ္က ေ႐ွ႕ကေျပးတယ္။ ထိတ္လန္႔မႈနဲ႔ေျပးတယ္။ အေမက ေနာက္ကလိုက္တယ္။ ေႏြးေထြးမႈနဲ႔လိုက္တယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေျပးတမ္းလိုက္တမ္းပြဲႀကီးဟာ ဘုန္းႀကီးေက်ာင္းဝင္းထဲမွာ တဝုန္းဝုန္း။ တျဖည္းျဖည္း ေမာလာေတာ့ ကြၽန္ေတာ္လည္း ၾကာၾကာမေျပးႏိုင္။ တုတ္ႀကီးေခ်ာင္းတံတားေပၚအေရာက္မွာ အေမက ကြၽန္ေတာ့္ကို မီလာတယ္။ အစ္ကိုက ကြၽန္ေတာ့္ကို ဖမ္းမိသြားတယ္။
          တုတ္ႀကီးေခ်ာင္း တံတားေပါင္ကို ကြၽန္ေတာ္ မလြတ္တမ္းသိုင္းဖက္ထားလိုက္တယ္။ အစ္ကိုက ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေပြ႔ဖက္လိုက္ေတာ့ ကြၽန္ေတာ္က ေလထဲမွာ တန္းလန္းႀကီး။ ကြၽန္ေတာ့္လက္ႏွစ္ဖက္က တံတားေပါင္မွာ၊ ကြၽန္ေတာ့္ေျခေထာက္ႏွစ္ေခ်ာင္းက အစ္ကို႔လက္ထဲမွာ။ အေမက ေဘးမွာ ဒူးေထာက္လို႔ ။ ျပန္လိုက္ခဲ့ဖို႔ သနားစဖြယ္ေတာင္းပန္တယ္။ အေမ့မ်က္ဝန္းမွာလည္း မ်က္ရည္ေတြအျပည့္။ ကြၽန္ေတာ္လည္း တင္းမခံႏိုင္ေတာ့။ အေမနဲ႔ ျပန္လိုက္သြားဖို႔ ေခါင္းညိတ္လိုက္ေတာ့တယ္။ ဒါေပမယ့္ အေမ့ဆီက ကတိတစ္ခုကိုေတာ့ ရေအာင္ေတာင္းလိုက္ေသး။ "အေမ သားကို မ႐ိုက္ရဘူး"လို႔။
          အေမကလည္း ကတိတည္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး အေမ ကြၽန္ေတာ့္ကို ဘယ္ေတာ့မွ မ႐ိုက္ေတာ့။   ။

ရင္႐ိုး
ေပဖူးလႊာ မဂၢဇင္​း၊ ၾသဂုတ္​လ၊ ၂၀၁၂ခုႏွစ္။

Unicode version

တုတ်ကြီးချောင်းတံတားပေါ်က ဇာတ်ဝင်ခန်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

....
          အမေ့မေတ္တာဟာ ပြင်းထန်အေးမြလှပါတယ်။ အဲယားကွန်းခန်းထဲက သင်းပျံ့အေးမြမှုလည်းမဟုတ်။ ပူလောင်တဲ့ လွင်တီးခေါင်အလယ်က တစ်ပင်တည်းသောသစ်ရိပ်ရဲ့ အေးမြမှုလည်းမဟုတ်။ အမေ့မေတ္တာက အေးမြမှုတွေရဲ့ထွဋ်ခေါင်၊ အေးမြမှုတွေရဲ့သရဖူ။ အမေဆိုတာ အေးမြမှုတွေ ထုတ်လုပ်ပေးတဲ့ စက်ရုံကြီး။ စားသုံးသူသားသမီးတွေကို ဈေးပေါပေါနဲ့ ရောင်းချပေးနေလေရဲ့။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
          ကျွန်တော် ဇာတ်ကွက်ဇာတ်လမ်းတွေနဲ့ ဝတ္ထုမရေးဖူးပါ။ ဆန်းကြယ်တဲ့၊ စာဖတ်သူ စွဲလမ်းသွားစေမယ့် ဇာတ်ဝင်ခန်းတွေကိုလည်း မဖန်တီးနိုင်သေး။ ဒါပေမယ့် ကိုယ်တိုင်ဇာတ်လိုက်ဖြစ်နေတဲ့ ကိုယ့်ဘဝဇာတ်လမ်းမှာတော့ မမေ့နိုင်စရာဖြစ်ရပ်ကလေးတွေ ရှိနေပါတယ်။ အတိတ်စီဒီထဲမှာ ပြန်ရစ်ကြည့်လိုက်ရင် တချို့ဖြစ်ရပ်ကလေးတွေဟာ ထင်ထင်ရှားရှားပေါ်လာတတ်တယ်။ ကျွန်တော်နဲ့ အမေနဲ့ အစ်ကိုဝမ်းခွဲတစ်ယောက်နဲ့ တုတ်ကြီးချောင်းတံတားပေါ်က ဇာတ်ဝင်ခန်းကတော့ ကြည်နူးစရာလား၊ ကြေကွဲစရာလား မဝေခွဲနိုင်အောင်ပါပဲ။
          ကျွန်တော် ဘာမှန်းမသိခင်အချိန်ကတည်းက ကျွန်တော့်အဖေန့ဲအမေ အိမ်ထောင်ကွဲခ့ဲပြီ။ နောက် ကျွန်တော် ဘာမှနားမလည်သေးခင် ခြောက်နှစ်သားလောက်မှာပဲ အမေက တစ်ပင်ထပ်ထူခဲ့တယ်။ ကိုယ်တိုင် မဖန်တီးလိုက်ရဘဲ၊ ကိုယ်တိုင် မတည်ဆောက်လိုက်ရဘဲ ရောပြွမ်းမိသားစုတစ်ခုကို ကျွန်တော် လက်ခံလိုက်ရတယ်။ ရောပြွမ်းမိသားစုလို့ ဆိုလိုက်ရတာက ကျွန်တော်တို့ဘက်က အမေတစ်ခု သားတစ်ခု၊ ဟိုဘက်က အဖေတစ်ခု သားတစ်ခု သမီးတစ်ခုမို့လို့ပါ။
            ရောပြွမ်းမိသားစုဆိုပေမယ့် နာကျည်းမုန်းတီးစရာ မနာလိုဝန်တိုမှုတွေ မရှိခဲ့ပါ။ ညီညွတ်မျှတစွာ နေထိုင်ခဲ့ကြပါတယ်။ ပထွေးက နှိပ်စက်လို့တို့၊ မိထွေးက အကျင့်ယုတ်လို့တို့ ဆိုတာတွေ ဝေလာဝေး။ "ပထွေး၊ မိထွေး"ဆိုတဲ့ အသုံးအနှုန်းတွေကိုတောင် မသုံးခဲ့ကြ။ အဖေ၊ အမေလို့ပဲ လေးလေးစားစားခေါ်ဆိုခဲ့ကြတယ်။ ဒါပေမယ့် စင်းလုံးချော ငြိမ်သက်နေတာတော့လည်းမဟုတ်။ အဖေ့ဘက်က သားသမီးတွေအပေါ် အမေက သဘောမတွေ့စရာရှိတတ်တဲ့အခါ လက်ရင်းဖြစ်တဲ့ သားအရင်းကျွန်တော့်ကို နာနာထောင်းတော့တယ်။ နာနာထောင်းတော့ ကျွန်တော်ကလည်း ဂျောင်းပြီပေါ့။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
           နာကျင်မှုနဲ့ အားငယ်မှု ပေါင်းစပ်လိုက်တဲ့အခါ ကျွန်တော်ဟာ မျက်ရည်ကို တိတ်တိတ်ကလေး ညှစ်ထုတ်တတ်လာတယ်။ ချောင်တစ်ချောင်မှာ ကျွန်တော့်ရဲ့ဝေဒနာတွေကို စုပုံထားတတ်လာတယ်။ အဲဒီအချိန်တွေဆိုရင် ကမ္ဘာကြီးမှာ လူဦးရေသန်းခြောက်ထောင်မရှိတော့။ ကမ္ဘာကြီးနဲ့ ကျွန်တော်တစ်ယောက်တည်း။ အရာအားလုံးဟာ မှောင်မည်းပိတ်ဆို့နေတယ်။ အမေ့ရဲ့အဖိအဖော့ကို မသိတော့ အမေ့ရဲ့မေတ္တာကိုလည်း နားမလည်နိုင်တော့ဘူး။
            ကျွန်တော် မဟုတ်တာတွေလုပ်မိတဲ့အခါ အဖေက ကျွန်တော့်ကို ဆူမှာစိုးလို့. အမေက ဦးအောင်ဆူတတ်တယ်။ တဖြည်းဖြည်း အမေဆူတာတွေ၊ အမေရိုက်တာတွေ များများလာတယ်လို့ ထင်လာရတယ်။ တစ်နေ့တစ်နေ့ ဘယ်အချိန် အမေ ကျွန်တော့်ကို ဆူမလဲ။ ဘယ်အချိန် ကျွန်တော့်ကို ရိုက်မလဲ။ စိုးထိတ်လာတယ်။ ကျွန်တော့်ရဲ့ပျော်ရွှင်မှုတွေ တဟုန်ထိုး စိုက်ဆင်းသွားပြီ။ ကျွန်တော့ရဲ့ဘေးမှာ အမေရှိပေမယ့် ကျွန်တော့်ရဲ့အဝေးကို အမေ ရောက်သွားပြီ။
           ကျွန်တော့်ကိုယ်မှာ ဝမ်းနည်းတိတ်ဆိတ်မှုတွေ စွဲကပ်သွားပြီ။ ကျွန်တော် သတ္တိမရှိတော့။ ကျွန်တော် အရာရာကိုကြောက်တတ်တဲ့ လူကြောက်ကလေးတစ်ယောက်ဖြစ်သွားတော့တယ်။ အခုအချိန်ထိ အဲဒီကြောက်စိတ်ဟာ ကျွန်တော့်ရဲ့ကိုယ်တွင်းတစ်နေရာမှာ ရှိနေတုန်း။ ကျွန်တော် ဘယ်ကိုသွားရမလဲ။ မသွားတတ်သေး။ ကျွန်တော့်အသက်ဟာ ရှစ်နှစ်လောက်ပဲရှိဦးမယ်။
          အဲဒီအချိန်မှာ ကျွန်တော် အမေနဲ့ဝေးရာကိုသွားရဖို့ အကြောင်းတစ်ခုဖန်လာတယ်။ အမေ့ရဲ့အစ်မ ကြီးကြီးလှစိန်က အလှူပေးမလို့တဲ့။ ကျွန်တော့်ကို ရှင်ပြုပေးဖို့ အမေ့ဆီကတောင်းတော့ အမေကလည်း ခွင့်ပြုပေးလိုက်ပါတယ်။ ကျွန်တော် ဝမ်းသာသွားတယ်။ ကိုရင်ဝတ်ချင်တာထက် အမေ့အရိုက်မခံရတော့ဘူးဆိုပြီး ပျော်သွားတာ။ ကျွန်တော်သွားရမယ့်ရွာကလည်း ကျွန်တော်နဲ့အမေ အတူနေခဲ့တဲ့ အောက်ကင်းရွာ။ အမေက နောက်အိမ်ထောင်နောက် လိုက်ခဲ့လို့သာ ဝေးကွာခဲ့ရတာ။ ပြီးတော့ အောက်ကင်းရွာမှာ ကျွန်တော်သိပ်ချစ်ရတဲ့ ကြီးကြီးလှစိန်ရဲ့သား ညီလေးထွန်းဝင်းနိုင်လည်း ရှိပါတယ်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
          အောက်ကင်းရွာဆိုတာ ရွာကြီးတစ်ရွာပါ။ ရွာမြောက်ဘက်ပိုင်းတို့ ရွာအနောက်ဘက်ပိုင်းတို့ ပြောရလောက်အောင် ကျယ်ဝန်းပါတယ်။ ဒါပေမယ့် ဘုန်းကြီ်းကျောင်းကတော့ တစ်ကျောင်းတည်း။ ရွာနဲ့ ဘုန်းကြီးကျောင်းကို ဆက်သွယ်ထားတာက တုတ်ကြီးချောင်းတံတား။ ဒီတုတ်ကြီးချောင်းတံတားကို မဟေသီမဂ္ဂဇင်းမှာပါတဲ့ ကျွန်တော့်ရသစာတမ်းတစ်ပုဒ်မှာလည်း ထည့်ရေးဖူးပါတယ်။
           ကျွန်တော် သင်္ကန်းတောင်းကျက်ဖို့၊ ဘုန်းကြီးစာ သင်ဖို့ အောက်ကင်းရွာကို အရင်ရောက်နှင့်တယ်။ အမေက အလှူနားနီးမှလာမှာ။ အမေမလာခင်ကြားမှာ ကျွန်တော်က အောက်ကင်းရွာမှာ ပျော်နေပြီ။ ရွာဘုန်းကြီးကျောင်းမှာ စာသင်ရင်း ဘုန်းကြီးကျောင်းသားလုပ်နေပြီ။ မနက်တိုင်း "ဆွမ်းတော်ဗျို့ ဆွမ်းတော်ဗျို့ "နဲ့ ညီလေးထွန်းဝင်းနိုင်နဲ့အတူတူ တကြော်ကြော်။ တုတ်ကြီးချောင်းတံတားပေါ် ပြေးလွှားဆော့ကစားပျော်ပါးလို့ အမေ့ကိုလည်း သတိမရလှ။ အမေကတော့ ဘယ်လိုနေမယ်မသိ ကျွန်တော့်စိတ်တွေကတော့ ပေါ့ပါးလန်းဆန်းလို့။
         ဒီလိုနဲ့ အလှူပွဲရောက်။ ကိုရင်ဝတ်။ ကိုရင်ဝတ်ဖို့ ဘုန်းကြီးထံ သင်္ကန်းတောင်းစာရွတ်တော့ အမေက ကြည်နူးမဆုံး၊ ဂုဏ်ယူမဆုံးတဲ့။ ကျွန်တော်ကတော့ မသိ။ ဘယ်လိုမျက်ဝန်းတွေနဲ့ အမေ ကျွန်တော့်ကို ကြည့်နေသလဲ ကျွန်တော် ဂရုမစိုက်မိပါ။ ရှင်လောင်းငယ်တွေထဲ ကျွန်တော်တစ်ယောက်ပဲ သင်္ကန်းတောင်းရတာကိုတော့ မှတ်မိနေပါတယ်။
           အမေကတော့ သားနုထွေးကိုရင်လေးကို ပြန်လည်သိမ်းပိုက်ဖို့ ညို့ဓာတ်ကြီးတွေနဲ့ ကြည့်နေခဲ့ပါသလား။ ရင်ခွင်ထဲကို ဆွဲသွင်းဖို့ သူ့လက်နှစ်ဖက်ကို ဖြန့်ကားထားပါသလား။ ကျွန်တော်ကတော့ အမေနဲ့ပြန်လိုက်ဖို့ စဉ်းစားမထား။ နေ့စဉ်ထိတ်လန့်မှုတွေရဲ့အဝေးမှာ ကျွန်တော်ဟာ နွားပေါက်ကလေးလို မြူးခုန်နေမိတယ်။ ကိုရင်ဝတ်ကလေးအတိုင်း ကျွန်တော့်ကို ပြန်ခေါ်လို့မရတဲ့အခါ လူထွက်မှ ပြန်လာခေါ်မယ်ဆိုပြီး အမေက မှာကြားသွားခဲ့တယ်။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
          ကျွန်တော် လူထွက်ခဲ့ပါပြီ။ ကိုရင်လူထွက် ငါးပိချက်ကလေးကျွန်တော်။ ဂျာနယ်ကျော်မမလေးရဲ့ "သွေး"ဝတ္ထုထဲက ဘုန်းကြီးကျောင်းသားလေး ဂျပန်လိုပါပဲ။ ဒါပေမယ့် ဂျပန်လောက်တော့ သတ္တိမရှိပါ။ အားလုံးရဲ့အနိုင်ကျင့်ခံဘဝရောက်နေပေမယ့် ကျွန်တော် အမေ့ဆီကို ပြန်မပြေးလိုတော့။ ဂွေလိမ့်တယ်၊ ထွေပစ်တယ်၊ တုတ်ကြီးချောင်းတံတားပေါ်ကနေ ဒိုင်ဗင်ပေါက်စလေးတွေတောင် ပစ်တတ်နေပါပြီ။ ကျွန်တော့်ရဲ့ ဘဝအစိတ်အပိုင်းလေးတစ်ခုကို မိဘမဲ့ကလေးတစ်ယောက်လို ကုန်ဆုံးနေခဲ့တယ်။
           မကြာပါဘူး။ အမေ ပေါက်ချလာတယ်။ အမေရောက်တဲ့အချိန်မှာ ကျွန်တော်က ကြီးကြီးအိမ်မှာမရှိ။ တုတ်ကြီးချောင်းထဲမှာ ရေကူးနေတယ်။ အမေကလည်း ကျွန်တော် ပြန်အလာကို မစောင့်နိုင်။ ကျွန်တော်ရှိရာကို လိုက်လာတယ်။ အမေ့ဘေးမှာ ကျွန်တော့်အစ်ကို ဝမ်းကွဲတစ်ယောက်လည်း ပါလာတယ်။ ကျွန်တော် ရေကူးနေတာက ဘုန်းကြီးကျောင်းကမ်းပါးဘက် တံတားဘေး။ အမေက ကျွန်တော်နဲ့မျက်နှာချင်းဆိုင် ရွာကမ်းဘက်ရောက်တော့ "သား"ဆိုပြီး တုန်ယင်တဲ့အသံကြီးနဲ့ လှမ်းခေါ်လိုက်တယ်။ ရုတ်တရက် ကျွန်တော် ရပ်ဆိုင်းသွားတယ်။ နောက် လူက အလိုလိုကမ်းပေါ်ရောက်သွားပြီ။
          ကျွန်တော်က ရှေ့ကပြေးတယ်။ ထိတ်လန့်မှုနဲ့ပြေးတယ်။ အမေက နောက်ကလိုက်တယ်။ နွေးထွေးမှုနဲ့လိုက်တယ်။ ကျွန်တော်တို့ရဲ့ ပြေးတမ်းလိုက်တမ်းပွဲကြီးဟာ ဘုန်းကြီးကျောင်းဝင်းထဲမှာ တဝုန်းဝုန်း။ တဖြည်းဖြည်း မောလာတော့ ကျွန်တော်လည်း ကြာကြာမပြေးနိုင်။ တုတ်ကြီးချောင်းတံတားပေါ်အရောက်မှာ အမေက ကျွန်တော့်ကို မီလာတယ်။ အစ်ကိုက ကျွန်တော့်ကို ဖမ်းမိသွားတယ်။
          တုတ်ကြီးချောင်း တံတားပေါင်ကို ကျွန်တော် မလွတ်တမ်းသိုင်းဖက်ထားလိုက်တယ်။ အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်တော့ ကျွန်တော်က လေထဲမှာ တန်းလန်းကြီး။ ကျွန်တော့်လက်နှစ်ဖက်က တံတားပေါင်မှာ၊ ကျွန်တော့်ခြေထောက်နှစ်ချောင်းက အစ်ကို့လက်ထဲမှာ။ အမေက ဘေးမှာ ဒူးထောက်လို့ ။ ပြန်လိုက်ခဲ့ဖို့ သနားစဖွယ်တောင်းပန်တယ်။ အမေ့မျက်ဝန်းမှာလည်း မျက်ရည်တွေအပြည့်။ ကျွန်တော်လည်း တင်းမခံနိုင်တော့။ အမေနဲ့ ပြန်လိုက်သွားဖို့ ခေါင်းညိတ်လိုက်တော့တယ်။ ဒါပေမယ့် အမေ့ဆီက ကတိတစ်ခုကိုတော့ ရအောင်တောင်းလိုက်သေး။ "အမေ သားကို မရိုက်ရဘူး"လို့။
          အမေကလည်း ကတိတည်ပါတယ်။ အဲဒီအချိန်ကစပြီး အမေ ကျွန်တော့်ကို ဘယ်တော့မှ မရိုက်တော့။   ။

ရင်ရိုး
ပေဖူးလွှာ မဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၂ခုနှစ်။

No comments:

Post a Comment