Sunday, April 9, 2017

သမ္မာအာဇီဝ အသံများ

Zawgyi version

သမ္မာအာဇီဝ အသံများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရင်ရိုး

မှောင်မှောင် မှောင်မှောင်၊ မြို့လယ်ကောင်မှာ
အမောင်လူပျို၊ ပြုံးမြချိုသည်
ခွန်ဆိုလည်ရောင်း အချဉ်ပေါင်းကို
စိတ်ကောင်းနှင့်ဝယ်၊ ရသာကြွယ်ဧ။် ။

ရေခဲရေ ရေခဲရေ၊ တစ်မြေအသွား
ရထားလမ်းဘေး၊ ကားလမ်းဘေးတွင်
ခွက်ကလေးခေါက်၊ ရွယ်မရောက်ခင်
အလုပ်ဝင်သည်၊ ရေစင်မြမို့
ငါသောက်စို့ဧ။်၊ အေးမြဘိ။

ဟောဒီက ပဲပြုတ်၊
မိုးချုပ်မနက်၊ တစ်ရက်အဖွင့်
အော်သံလွှင့်သည်၊ အသင့်စားရန်
ချိန်မှန်လာရောက်၊ ခြံပေါက်ဝတွင်
ငါလေမြင်မိ၊ ၀ယ်စားဧ။်။

ဂျာနယ်တွေရမယ်၊
လက်ဝယ်ပိုက်ထွေး၊ အပြေးအလွှား
လိုင်းကားတွေနောက်၊ တကောက်ကောက်နှင့်
ဆိုင်ပေါက်စုံစေ့၊ မျက်စိဝှေ့၍
ဝယ်သူတွေ့နိုး၊ မျှော်အကိုးတွင်
ဇိုးဇိုးဇတ်ဇတ်၊ ငါဝယ်ဖတ်သည်
အမြတ်ဘယ်လောက်၊ မတေွးထောက်။

ခိုးဝှက်စားသောက်၊ လိမ်ကောက်ဓားပြ
ဟန်ရေးလှသူ၊ ယုတ်မာလူထက်
စိတ်ဖြူရိုးသား၊ ရောင်းဝယ်စားသည့်
လုပ်အားအလှ၊ ငါအားကျသည်
သမ္မာအာဇီဝ အသံများ။      ။

၂၀၁၃။   

Unicode version

No comments:

Post a Comment