Zawgyi version
နတ္သမီးေထာင္ေခ်ာက္
=================
နာေရးသတင္းကို စိတ္မ၀င္စားတဲ့ နာရီတစ္လံုးက
မဂၤလာဖိတ္စာကို ၾကည့္ၿပီး ငိုေနတယ္
အတိတ္ကို အတိတ္မွာ ထားခဲ့လည္း ခါးတာပဲ
မနက္ျဖန္ေတြက ေစာလြန္းေနတယ္
မဂၤလာပါ မိတ္ေဆြ
သင့္ကို အကြၽန္႔ ဒုကၡထဲက ႀကိဳဆိုပါတယ္
မလြမ္းဘူးဆိုတဲ့အေၾကာင္းကို မ်က္ရည္ေတြက ေလွာင္ေျပာင္ေနတယ္
နံရံေတြဆီ လွမ္းၾကည့္ေတာ့ ျပံဳးေနတဲ့မ်က္ႏွာေလး
ျပန္ျပံဳးျပၿပီး ျဖတ္႐ိုတ္ပစ္လိုက္တယ္
စုန္းမလည္း ၾကည္ျဖဴရင္ ရြာထဲမွာ ေနခြင့္႐ွိပါတယ္
ျပန္ထြက္သြားပါ မိတ္ေဆြ
သင့္ကို အကြၽန္႔ အလြမ္းေတြကေတာင္ မၾကည္ျဖဴလို႔ပါ။
လင္းအိမ္ငယ္
၁၂. ဧၿပီ ၂၀၁၇
Unicode version
နတ်သမီးထောင်ချောက်
=================
နာရေးသတင်းကို စိတ်မဝင်စားတဲ့ နာရီတစ်လုံးက
မင်္ဂလာဖိတ်စာကို ကြည့်ပြီး ငိုနေတယ်
အတိတ်ကို အတိတ်မှာ ထားခဲ့လည်း ခါးတာပဲ
မနက်ဖြန်တွေက စောလွန်းနေတယ်
မင်္ဂလာပါ မိတ်ဆွေ
သင့်ကို အကျွန့် ဒုက္ခထဲက ကြိုဆိုပါတယ်
မလွမ်းဘူးဆိုတဲ့အကြောင်းကို မျက်ရည်တွေက လှောင်ပြောင်နေတယ်
နံရံတွေဆီ လှမ်းကြည့်တော့ ပြုံးနေတဲ့မျက်နှာလေး
ပြန်ပြုံးပြပြီး ဖြတ်ရိုတ်ပစ်လိုက်တယ်
စုန်းမလည်း ကြည်ဖြူရင် ရွာထဲမှာ နေခွင့်ရှိပါတယ်
ပြန်ထွက်သွားပါ မိတ်ဆွေ
သင့်ကို အကျွန့် အလွမ်းတွေကတောင် မကြည်ဖြူလို့ပါ။
လင်းအိမ်ငယ်
၁၂. ဧပြီ ၂၀၁၇
No comments:
Post a Comment