Zawgyi version
သို႔...ေႏြ
lllllllllllll
သစ္ရြက္ေျခာက္ေတြကိုခလုတ္တိုက္မိေတာ့
ဖုန္မႈန္႔ကေလးေတြထပ်ံသြားၾကတယ္
သူလိုကိုယ္လိုအေသြးအသားထဲ
သူလိုကိုယ္လိုေခြၽးစို႔ေနရ
၀တ္ထားတဲ့၀င္သက္ထြက္သက္ကအသက္ဓါတ္မွာမကပ္ေတာ့
ကပ္ထားတဲ့ေစတသိက္ကခႏၶာမွာမျမဲေတာ့
ပူေလာင္မႈကို အပူတျပင္းေခ်ာ့သိပ္ရတာလည္း
သံေခ်းကိုက္ေနတဲ့ဓားကိုဓားအိမ္ထဲကဆြဲထုတ္ရသလိုပါပဲ
ေလတိုက္တိုင္းလြင့္ပါသြားတဲ့ေျခာက္ေသြ႕မႈမွာ
သက္ျပင္းေမာေတြကိုမႈတ္ထုတ္ရတဲ့
ရာသီဥတုဟာေႏြေပါ့
ေနျမင့္ေလအ႐ူးရင့္ေလလို႔ေျပာေျပာ
ေခြး႐ူးေကာင္းစားတစ္မြန္းတည့္ပဲဆိုဆို
ကမၻာႀကီးက
သူ႔အပူသူယက္ထုတ္ၿပီး
ခင္းဗ်ားတို႔ ကြၽန္ေတာ္တို႔က
ကိုယ့္အပူကိုယ္ေက်ာသပ္ၿပီးနားခ်ခဲ့ၾကတာပဲမဟုတ္လား...။
ေအာင္ကိုကိုလတ္(တမူး)
၁၁.၃.၂၀၁၄
Unicode version
သို့...နွေ
lllllllllllll
သစ်ရွက်ခြောက်တွေကိုခလုတ်တိုက်မိတော့
ဖုန်မှုန့်ကလေးတွေထပျံသွားကြတယ်
သူလိုကိုယ်လိုအသွေးအသားထဲ
သူလိုကိုယ်လိုချွေးစို့နေရ
ဝတ်ထားတဲ့ဝင်သက်ထွက်သက်ကအသက်ဓါတ်မှာမကပ်တော့
ကပ်ထားတဲ့စေတသိက်ကခန္ဓာမှာမမြဲတော့
ပူလောင်မှုကို အပူတပြင်းချော့သိပ်ရတာလည်း
သံချေးကိုက်နေတဲ့ဓားကိုဓားအိမ်ထဲကဆွဲထုတ်ရသလိုပါပဲ
လေတိုက်တိုင်းလွင့်ပါသွားတဲ့ခြောက်သွေ့မှုမှာ
သက်ပြင်းမောတွေကိုမှုတ်ထုတ်ရတဲ့
ရာသီဥတုဟာနွေပေါ့
နေမြင့်လေအရူးရင့်လေလို့ပြောပြော
ခွေးရူးကောင်းစားတစ်မွန်းတည့်ပဲဆိုဆို
ကမ္ဘာကြီးက
သူ့အပူသူယက်ထုတ်ပြီး
ခင်းဗျားတို့ ကျွန်တော်တို့က
ကိုယ့်အပူကိုယ်ကျောသပ်ပြီးနားချခဲ့ကြတာပဲမဟုတ်လား...။
အောင်ကိုကိုလတ်(တမူး)
၁၁.၃.၂၀၁၄
No comments:
Post a Comment