Zawgyi version
သားအဖအက္ေဆး၊ တစ္မ်က္ႏွာအက္ေဆး ၄ပုဒ္
(သစၥာတည္ဦးေမြးေန႔အမွတ္တရ)
(၁)
ငါးေခါင္းထဲက အသားဖတ္ေတြ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါးေခါင္းဟင္းခ်ိဳဆိုတာ ေစ်းႀကီးတဲ့ဟင္းလ်ာ။ ခ်ဥ္ခ်ိဳအရသာအျပည့္။ လွ်ာရင္းျမက္လွပါတယ္။ ထမင္းေလးတစ္လဳတ္စားအၿပီး ငါးေခါင္းဟင္းရည္ကေလးတစ္စြန္းေလာက္ ေသာက္လိုက္ရရင္ အာလွ်ေျပေပ်ာက္သြားတတ္တယ္။ လ်ွာျပတ္တယ္ေခၚတာေပါ့။
သိတဲ့အတိုင္း ငါးေခါင္းဟင္းရည္က ဟင္းရည္တင္ ေသာက္လို႔ေကာင္းတာမဟုတ္။ ငါးေခါင္းထဲမွာ ကတ္သီးကတ္သတ္တြယ္ကပ္ေနတဲ့ အသားဖတ္ကေလးေတြကလည္း အရသာ႐ိွတယ္မဟုတ္လား။ ငါးေခါင္းကို လက္ကကိုင္တဲ့ၿပီး ႁပြတ္ခနဲႁပြတ္ခနဲစုပ္ၿမိဳလိုက္ရရင္ တစ္ခါတည္းခြန္အားျပည့္ေမာက္သြားသလို ခံစားရတတ္တယ္။
ဒါက အ႐ြယ္ေရာက္ၿပီးသူေတြသာ ျပဳမူခံစားႏိုင္တဲ့အရသာ။ အ႐ြယ္မေရာက္ေသးတဲ့ကေလးငယ္ေတြကေတာ့ တင္းျပည့္က်ပ္ျပည့္ခံစားႏိုင္မွာမဟုတ္။ ငါးေခါင္းတစ္ေခါင္းကို ခ်ေပးထားၿပီး ကေလးငယ္ေတြကို သူတို႔ဘာသာစားခိုင္းလို႔ မျဖစ္ႏိုင္ပါ။ ငါးအ႐ိုးစူးလို႔ ဒုကၡေရာက္သြားႏိုင္ပါတယ္။
ကေလးေလးေတြ ငါးေခါင္းထဲက အသားဖတ္ကေလးေတြကို စားရဖို႔ လူႀကီးေတြက အကူအညီေပးသင့္လွပါတယ္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အေမရယ္
တျခားသူေတြအတြက္ေတာ့
အရာရာဟာ
လက္တစ္ပစ္စာရယ္ပါ၊
သားမွာေတာ့
ယူဇနာသန္းေပါင္းမ်ားစြာ ေဝးကြာလို႔၊"
"ၾကယ္ျပာေလးနဲ႔ ထမင္းစားၿပီးတဲ့ေနာက္"ကဗ်ာမွာ ေမာင္ေခ်ာႏြယ္ေရးခဲ့တယ္။ တခ်ိဳ႕အတြက္ လက္တစ္ပစ္စာဟာ တခ်ိဳ႕အတြက္ ယူဇနာသန္းေပါင္းမ်ားစြာ ေဝးကြာေနတတ္တယ္။
ဖခင္ရဲ႕ လက္ကေလးတစ္ဖ်စ္၊ မိခင္ရဲ႕ အနမ္းေလးတစ္႐ႈိက္ကို တခ်ိဳ႕သားသမီးေတြ ရခဲ့ၾကေပမယ့္ တခ်ိဳ႕သားသမီးေတြ မရခဲ့ၾကဘူး။ တခ်ိဳ႕က မိဘမ႐ိွလို႔၊ တခ်ိဳ႕ကေတာ့ မိဘရဲ႕ မယုယမၾကင္နာတတ္လို႔ မရခဲ့ၾကတာ။
ၿပီးခဲ့တဲ့တစ္ေခါက္ ကြၽန္ေတာ္ ႐ြာကိုျပန္ေတာ့ ကေလးတစ္ေယာက္ကို ေတြ႔ခဲ့တယ္။ ကြၽန္ေတာ့္ညီေက်ာ္ဇင္လတ္က သူ႔သားအံ့မွဴးသြင္ကို ေက်ာပိုးထားတာကိုၾကည့္ၿပီး အဲဒီေကာင္ေလး အံ့အားသင့္ေနတယ္။
ကြၽန္ေတာ့္တူအံ့မွဴးသြင္ကို သူ တိုးတိုးေလးကပ္ေမးတယ္တဲ့။ "မင္းအေဖက မင္းကို ေက်ာပိုးတယ္လား"တဲ့။
ဒီတစ္ခါ အံ့အားသင့္ရတာက ကြၽန္ေတာ္ပါ။ ဖခင္ျဖစ္သူက သားျဖစ္သူကို ေက်ာပိုးတာဟာ ျပဳ႐ိုးျပဳစဥ္သာမန္ကိစၥပါ။ သား႐ိွတဲ့ဖခင္တိုင္း ျပဳလုပ္ေနက်။ ဒီကေလးကေတာ့ သူ႔အေဖက သူ႔ကို ေက်ာပိုးေပးပုံမရပါဘူး။ သူ႔အေဖရဲ႕ေက်ာေပၚ တက္ခြစီးခြင့္ မရဘူးထင္ပါတယ္။
သူ သူ႔အေဖရဲ႕ေက်ာေပၚ တက္ခြစီးခ်င္စိတ္ေတြ မြတ္သိပ္ေနပုံရပါတယ္။ သူ႔အတြက္ သူ႔အေဖရဲ႕ေက်ာေပၚ တက္ခြစီးခြင့္ဟာ ယူဇနာတစ္သန္းေဝးကြာေနတယ္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကြၽန္ေတာ္ ကြၽန္ေတာ့္လက္နဲ႔ႏႊင္ေပးထားတဲ့ ငါးေခါင္းထဲက အသားဖတ္ကေလးေတြကို ကြၽန္ေတာ့္သားသစၥာတည္ဦး တဆတ္ဆတ္ကိုက္စားေနတာၾကည့္ၿပီး ပီတိျဖစ္ေနတယ္။
စိတ္ထဲကလည္း ေမးေနမိတယ္။ "ငါးေခါင္းထဲက အသားဖတ္ကေလးေတြ ခ်ိဳျမပါရဲ႕လားသားရယ္"လို႔။
ရင္႐ိုး
23-1-2017
(၂)
ေရငုပ္ျခင္း
။။။။။။။။။။။။။။
ဒီေန႔ သားသားသစၥာတည္ဦးကို ေရငုပ္သင္ေပးျဖစ္တယ္။ ေရငုပ္တာဟာ သင္ေပးရေလာက္ေအာင္ခက္ခဲတဲ့ ပညာရပ္တစ္ခုေတာ့ မဟုတ္ပါဘူး။ ေရထဲမွာ ေခါင္းႏွစ္ၿပီး အသက္ေအာင့္ထားလိုက္႐ုံပါပဲ။ ဒါေပမယ့္ တစ္ခါမွေရမငုပ္ဖူးတဲ့ သားသားအတြက္ေတာ့ ခက္ခဲေနခဲ့တာအမွန္ပါ။
ေရနဲ႔နီးနီးစပ္စပ္ မေနခဲ့ဖူးသူေတြ ေရေၾကာက္တတ္တာ ဆန္းဏတာ့မဆန္းပါဘူး။ တခ်ိဳ႕လူေတြ အသက္အ႐ြယ္ရလာေပမယ့္ ေရမကူးတတ္။ ေရမက်င္တတ္။ ေရမွာ ေပၚေနေအာင္ ကိုယ္ေဖာ့ၿပီး မေနတတ္ၾက။ ေရထဲမွာ တစ္ကိုယ္လုံးျမဳပ္ေနေအာင္ ငုပ္ေနဖို႔ဆိုတာကေတာ့ ေဝလာေဝး။ ေသမေလာက္ေၾကာက္ၾကတယ္။
ကြၽန္ေတာ္ကေတာ့ ေခ်ာင္းနဲ႔ေျမာင္းနဲ႔ နီးစပ္ခဲ့သူဆိုေတာ့ အေတာ္အသင့္ေရကို မေၾကာတ္တတ္။ ေရ ဘယ္လိုကူးရမယ္၊ ေရ ဘယ္လိုက်င္ရမယ္ က်က်နနသင္ေပးခဲ့သူမ႐ိွပါဘဲ ေရကူးတတ္ခဲ့တယ္။ ေရကူးၿပိဳင္တယ္၊ ေရငုပ္ၿပိဳင္တယ္ဆိုတာ ထူးထူးျခားျခားစာဖြဲ႔ေနရေလာက္တဲ့ အေတြ႔အၾကဳံမဟုတ္။ ကိုယ့္ရပ္ကိုယ့္႐ြာက ေကာင္ေတြတိုင္း ၾကဳံေနၾက၊ ေတြ႔ေနၾက။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကြၽန္ေတာ့္သားအလွည့္မွာေတာ့ ဒီလိုမဟုတ္။ ေခ်ာင္းနဲ႔ေျမာင္းနဲ႔ မနီး။ တြင္းေရပဲ အျမဲတမ္းခပ္ခ်ိဳးေနၾကဆိုေတာ့ ေခ်ာင္းေရေျမာင္းေရကို သူေၾကာက္တယ္။ သူ႔အ႐ြယ္မွာ ကြၽန္ေတာ္ငယ္ငယ္ကဆို ကြၽမ္းျပန္ေနၿပီ။ ေ႐ွ႕ကြၽမ္း၊ ေနာက္ကြၽမ္း၊ ေဘးကြၽမ္း ကြၽမ္းေပါင္းစုံ။ ဒိုက္ဗင္တစြက္စြက္ပစ္ေနၿပီ။
သူ႔မွာေတာ့ မဟုတ္။
အသက္က ႐ွစ္ႏွစ္ျပည့္ေတာ့မယ္။ တစ္ခါမွ ေရမငုပ္ဖူးဘူး။ တစ္ခါမွ ေရမကူးဖူးဘူး။ တစ္ခါမွ ကြၽမ္းမပစ္ဖူးဘူး။
ဒီေန႔ေတာ့ သားကို ပါဟဲေခ်ာင္းေခၚသြား၊ ေရကူးခိုင္း၊ ေရငုပ္ခိုင္းၾကည့္တယ္။ လုံးဝမရ၊။ လုံးဝမကူးတတ္။ လုံးဝမငုပ္တတ္။
ကြၽန္ေတာ့္မွာ သားသားကိုၾကည့္ၿပီး အားမရေတာ့။ စိတ္မ႐ွည္ခ်င္ေတာ့။ ဒါေလးမ်ားကြာဆိုၿပီး စိတ္က ျဖစ္လာတယ္။ ဒါနဲ႔ သူ႔ေခါင္းကို အတင္းဖိ၊ စြက္ခနဲႏွစ္မိလိုက္ေတာ့တယ္။
ဖိထားတဲ့လက္ကို လႊတ္လိုက္ေတာ့ တဖူးဖူးနဲ႔ ဝူးရားဝူးရားေအာ္ေတာ့တာေပါ့။ အသက္ကို ႐ႈိက္တဲ့႐ိႈက္တဲ့ၿပီး ႐ွဴေနလိုက္တာ ကြၽန္ေတာ့္မွာ ဝမ္းနည္းသနားႀကီးခံစားလိုက္ရတယ္။ ဇြတ္ငုပ္မေပးဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္။ ကြၽန္ေတာ့္လက္ကို ကိုင္ခိုင္းၿပီး ျဖည္းျဖည္းသာသာငုပ္ဖို႔ သုံးေလးခါေလာက္ႀကိဳးစားေပးလိုက္တယ္။
ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္သား ပထမဆုံးအႀကိမ္ ေရငုပ္ဖူးၿပီ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
လူ႔ဘဝမွာလည္း တစ္ခါတစ္ခါ ေရငုပ္သလို ငုပ္ေနသင့္တဲ့အေၾကာင္း သားသားသစၥာတည္ဦး အ႐ြယ္ေရာက္လာရင္ ထပ္သင္ေပးရဦးမယ္။ ။
ရင္႐ိုး
22-1-2017
(၃)
အေဖမွန္ရင္ ကိုယ့္သားရဲ႕ေဂြးႁပြတ္ကေလးကို ငုံေပးဖူးရမယ္
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ဗိမၺိသာရမင္းႀကီးက သူ႔သားေတာ္အဇာတသတ္ရဲ႕လက္က ျပည္ပုပ္ေတြကို ငုံၿပီးမ်ိဳခ်ခဲ့တာ ကြၽန္ေတာ္သိပါတယ္။ "ဖခင္ေမတၱာ"အေၾကာင္းေျပာရင္ စံျပဳရတဲ့ဇာတ္လမ္းေပါ့။ ျပည္ပုပ္ေတြကို မျမင္ဘဲ ဖခင္ေမတၱာကို လွမ္းျမင္ရတယ္။
ဗိမၺိသာရမင္းႀကီးရဲ႕ "ဖခင္ေမတၱာ"ကို ကြၽန္ေတာ္ တုပယွဥ္ၿပိဳင္လိုျခင္းမဟုတ္ပါ။ ေမတၱာတရားကို ေလေပါင္အေလွ်ာ့အတင္းလုပ္လို႔လည္း မရႏိုင္ပါ။ ေမတၱာတရားကို တိုင္းတာရန္ ေပတံလည္းမ႐ိွ။
သမၼတက သူ႔သားအေပၚထားတဲ့ ဖခင္ေမတၱာနဲ႔. ကုန္ထမ္းသမားက သူ႔သားအေပၚထားတဲ့ ဖခင္ေမတၱာဟာ အတူတူပဲျဖစ္ပါတယ္။ ရာထူး၊ စည္းစိမ္၊ ဂုဏ္ပကာသနေၾကာင့္ ေမတၱာတရားဟာ အေလးအေပါ့ ေျပာင္းလဲမသြားပါ။ အတိမ္အနက္ ကြဲျပားမသြားပါ။
ေမတၱာတရားဟာ တစ္သမတ္တည္း။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကိုယ့္သားသမီးရဲ႕ ခႏၶာကိုယ္ကေလးကို ေထြးေပြ႔လိုက္ရတဲ့အရသာ၊ ကိုယ့္သားသမီးရဲ႕ပါးႏုႏုေလးကို ေမႊး႐ႈိက္လိုက္ရတဲ့အရသာဟာ ဘာနဲ႔မွမလဲႏိုင္ပါ။ သားသမီးမ်က္ႏွာေလးကို ၾကည့္ရင္းၾကည့္ရင္း ေမတၱာအ႐ိွန္အဟုန္ႀကီးမားလာတဲ့အခါ ၾကည့္မဝ၊ ႐ႈမဝ ျဖစ္လာပါေတာ့တယ္။ အူေတြယားလာၿပီး ကိုယ့္သားသမီးရဲ႕လက္ႏုႏုကေလးကို မနာက်င္ေအာင္ ဖိကိုက္တတ္ၾကတယ္။ ခႏၶာကိုယ္ကေလးကို ဖ်စ္ညႇစ္တတ္ၾကတယ္။ ခ်စ္လြန္းလို႔ အူေတြ အသည္းေတြေတာင္ တဆတ္ဆတ္တုန္သြားသလိုေပါ့။
အိပ္ေနတဲ့ကိုယ့္ရင္ေသြးေလးကို တစိမ့္စိမ့္ၾကည့္မဝတာ၊ သူ႔လက္ဖဝါးေသးေသးေလးထဲကို ကိုယ့္လက္ေခ်ာင္းႀကီး ထည့္ၾကည့္မိတာ၊ သူ႔လက္သီးဆုပ္ကေလးကို ကိုယ့္လက္ဖဝါးနဲ႔ ဖြဖြကေလးဆုပ္ညႇစ္မိတာ၊ နဖူးကေလးကို နမ္းတာ၊ ပါးကေလးကို ေမႊးတာ၊ သူ႔ေျခဖဝါးေလးႏွစ္ဖက္ကို ကိုယ့္ပါးျပင္မွာ ဖိကပ္ၾကည့္မိတာ ဒါေတြဟာ မိဘတိုင္း ခံစားထိေတြ႔ဖူးၾကတဲ့ အေတြ႔အၾကဳံေတြပါ။
ဘယ္သူက ဘယ္သူ႔ထက္ ပိုပါတယ္လို႔ ေျပာေကာင္းတဲ့အရာ မဟုတ္ပါဘူး။ မိဘတိုင္းက ကိုယ့္သားသမီးရဲ႕ကိုယ္ေငြ႔ကေလးနဲ႔ နီးနီးကပ္ကပ္ထိေတြ႔ခ်င္ၾကတယ္။
ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္ ေျပာျပဖူးတယ္။ သူ႔အသက္က ေလးဆယ္ေက်ာ္ေနၿပီ။ သူ႔မွာ မယားနဲ႔ သားနဲ႔သမီးနဲ႔။ သူ သူ႔မိဘအိမ္ျပန္ေတာ့ သူ႔အေဖက သူ႔အနားမွာ တိုးေဝွ့လာအိပ္သတဲ့။ သူ႔သား ေလးဆယ္ေက်ာ္နီတာတြတ္ကေလးရဲ႕ ကိုယ္ေငြ႔ကို ႐ွဴ႐ႈိက္ခ်င္တာေပါ့။ အေနေဝးသြားတဲ့ သူ႔သားကိုယ္ေငြ႔ကေလးကို တမ္းတငတ္မြတ္ေနပုံရပါတယ္။
ေယာက်္ားရင့္မာႀကီးအေဖအိုရဲ႕ ေမတၱာ။ သနားက႐ုဏာေတာင္ ျဖစ္ခဲ့ရပါတယ္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အေဖမွန္ရင္ ကိုယ့္သားရဲ႕ေဂြးႁပြတ္ကေလးကို ငုံေပးဖူးရမယ္"
တကယ္ေတာ့ ဖခင္ေမတၱာကို ကြၽန္ေတာ္ "ဖြဲ႔"လိုက္ျခင္းျဖစ္ပါတယ္။ အျခားသူတစ္ဦးတစ္ေယာက္ကို ကိုယ္လုပ္သလို လိုက္လုပ္ၾကဖို႔ မတိုက္တြန္းစေကာင္းမွန္း ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ့္အေတြ႔အၾကဳံကို မွ်ေဝလိုက္ျခင္း၊ ဖခင္ေမတၱာကို "ဖြဲ႔"လိုက္ျခင္းအျဖစ္သာ မွတ္ယူေစလိုပါတယ္။
ကြၽန္ေတာ့္သား သုံးႏွစ္အ႐ြယ္က။ ေရခ်ိဳးေပးျဖစ္တဲ့တစ္ေန႔။ သူ႔ေျခေထာက္ကို ေၾကးတြန္းေပးေနရင္း အမွတ္မထင္။ ကြၽန္ေတာ့္မ်က္ႏွာနဲ႔ ကြၽန္ေတာ့္သားေ႐ႊပန္းကေလး နီးကပ္ေနတုန္း။ ေရစက္ေရမႈန္ကေလးေတြ တြဲရ႐ြဲခိုတြယ္ေနတဲ့စပ်စ္ခိုင္ကေလးလို ဝင္းမွည့္ေနတဲ့..။
႐ုတ္တရက္ ေမတၱာအ႐ိွန္အဟုန္ေဆာင့္အတက္မွာ ကြၽန္ေတာ္ ပါးစပ္နဲ႔ဖမ္းဟပ္လိုက္တယ္။ ေဂြးႁပြတ္ကေလးကို၊ ကြၽန္ေတာ့္သားသစၥာတည္ဦးရဲ႕ ေဂြးႁပြတ္ကေလးကိုေပါ့။ ဖခင္ဘက္ကၾကည့္ရင္ ကိုယ္အဂၤါအစိတ္အပိုင္းတစ္ခုပါပဲ။ လက္မေလးလို၊ ေျခမေလးလို၊ ပါးေဖာင္းေဖာင္းကေလးလို ကိုယ္အဂၤါအစိတ္အပိုင္းတစ္ခုပါပဲ။
လုပ္ေကာင္းသလား၊ မေကာင္းသလား ကြၽန္ေတာ္ စဥ္းစားဆုံးျဖတ္ခ်ိန္မရလိုက္ပါ။ ႀကိဳတင္ၾကံစည္ထားျခင္း မ႐ိွပါ။ ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ စိတ္ခံစားခ်က္အတိုင္း ျပဳမူလႈပ္႐ွားလိုက္ျခင္းသာ ျဖစ္ပါတယ္။
အ႐ိုးခံအတိုင္းစီးဆင္းမွသာ ေမတၱာတရားဟာ ေအးျမပါလိမ့္မယ္။
ရင္႐ိုး
25-1-2017
(၄)
တံခါးၾကားက မ်က္ဝန္းမ်ား
။။။။။။။။။။။။။။။။။။၊၊၊။။။။။။။။။။။။
"သစၥာတည္ဦး နင့္အေဖနဲ႔လိုက္မွာလား၊ ငါနဲ႔ေနမွာလား ေျပာ""
"ေဖေဖနဲ႔ လိုက္မွာ"
ကြၽန္ေတာ္သည္ မိန္းမႏွင့္ သူတစ္ခြန္းကိုယ္တစ္ခြန္း စကားမ်ားေနသည့္ၾကားက ျပဳံးလိုက္မိပါသည္။ မိန္းမသည္လည္း သား၏အေျဖကို ၾကားလိုက္ရသည့္တစ္ခဏ ဆြံ႔အသြားသည္ထင္၏။ ႐ုတ္တရက္တိတ္ဆိတ္သြားသည္။
ကေလးငယ္မ်ားကို "အေဖနဲ႔အေမ ဘယ္သူ႔ကို ပိုခ်စ္လဲ"ဟူေသာ ေမးခြန္းမ်ားကို မေမးေစခ်င္ပါ။ ေမးေကာင္းသည္ဟု မထင္မိပါ။ "မိ"သည္လည္း "ဘ"ျဖစ္၍ "ဘ"သည္လည္း "မိ"ျဖစ္ပါသည္။ျဖဴစင္ႏုနယ္လွသည့္ ကေလးမ်ားကို စိတ္အနည္အမႈန္မ်ား ကင္းစင္ေစခ်င္ပါသည္။ "မိ"ကို ခ်စ္၍ "ဘ"ကို ေလးစားတတ္ေသာကေလးမ်ားသာ ျဖစ္ေစခ်င္ပါ၏။
ကြၽန္ေတာ္သည္ သားက "ေဖေဖနဲ႔ လိုက္မွာ" ဟူေသာအေျဖေၾကာင့္ ျပဳံးမိသည္မွာ မွန္ပါသည္။ သို့ေသာ္ သားက ကြၽန္ေတာ့္ကို ပို၍ခင္တြယ္သည့္အဓိပၸါယ္ကိုယူ၍ ျပဳံးမိျခင္းမဟုတ္ပါ။ ေဒါသေတြ ဆူေဝေနသည့္မိန္းမ ဘာထပ္ေျပာရမွန္းမသိေအာင္ ေၾကာင္အသြားပုံကိုၾကည့္၍ ျပဳံးမိျခင္းျဖစ္ပါသည္။
သစၥာတည္ဦး ကြၽန္ေတာ့္ကို ပို၍ခင္တြယ္ရန္ မလိုအပ္ပါ။ ကြၽန္ေတာ့္ကို ပို၍ ခင္တြယ္ေနေစရန္ အလိုလိုက္အႀကိဳက္ေဆာင္ေနမည္ မဟုတ္ပါ။ သူ႔အေမကို ပို၍ခ်စ္ခင္တြယ္တာလွ်င္လည္း ကြၽန္ေတာ့္အေနႏွင့္ ပီတိျဖစ္မိသည္သာ ျဖစ္ပါသည္။
ကြၽန္ေတာ္တို႔သည္ ဖခင္မ်ားျဖစ္၍ မိခင္မ်ားအေပၚ မနာလိုဝန္တိုစိတ္ထားကာ စိတ္ထားေသးသိမ္လွ်င္ ႐ွက္စရာျဖစ္ေနပါလိမ့္မည္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အိမ္ေပၚက ခဏခဏဆင္း၍
အခ်ိန္မေတာ္က် ဖြဖြကေလးနင္းၿပီး ျပန္လာတတ္သည္"
ကြၽန္ေတာ္၏ "ရင္သည္ ႐ိုးသည္"အမည္ရ ကဗ်ာတစ္ပုဒ္တြင္ အထက္ပါအတိုင္း ထည့္ေရးထား၏။ က်ြန္ေတာ္သည္ မိန္းမႏွင့္ စကားမ်ားရန္ျဖစ္သည့္အခါတိုင္း အိမ္အျပင္ထြက္၍ အခ်ိန္ျဖဳန္းေလ့႐ိွတတ္သည္။ ယခင္က ရန္ျဖစ္လွ်င္ ထိပ္တိုက္ရင္ဆိုင္ကာ ေျဖ႐ွင္းတတ္၏။ သို႔ေသာ္ ပို၍တင္းမာသြားသည္သာ မ်ားတတ္သည္။ ေနာက္ပိုင္း ထိပ္တိုက္ရင္မဆိုင္ဘဲ သူေရာကိုယ္ေရာ ေသြးေအးသြားသည္အထိ ေခတၱခဏေ႐ွာင္လႊဲေနျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ အိမ္ျပန္ခ်ိန္ ေနာက္က်တတ္၏။
တစ္ခါတရံ အိမ္အျပင္ထြက္သည္သာမကေတာ့ဘဲ ၿမိဳ႕အျပင္ထြက္သည္အထိ ျဖစ္ကုန္ေတာ့သည္။ ေနထိုင္ရာတမူးၿမိဳ႕မွ ဇာတိေျမမတၱရာၿမိဳ႕အထိ ေျပးထြက္ခဲ့မိ၏။ "ဒီတစ္ခါ အျပတ္ပဲ"ေတြဘာေတြ ေႂကြးေၾကာ္ခဲ့ေသးသည္။
လက္ထပ္စာခ်ဳပ္ကိုလည္း ေဒါသအေလ်ာက္ဆုတ္ျဖဲပစ္ခဲ့၏။ ေနာက္ ျပန္ေျပလည္သြားေတာ့မွ ကိုယ္ဆုတ္ျဖဲခဲ့တာ လက္ထပ္စာခ်ဳပ္မဟုတ္ဘဲ ဆိုင္ခန္းဝယ္ထားသည့္စာခ်ဳပ္ျဖစ္မွန္း သိရ၏။
မတၱရာေရာက္၍ ေလးငါးဆယ္ရက္ၾကာေတာ့ မိသားစုကို ျပန္လြမ္းသြားပါသည္။ အထူးသျဖင့္ သားသားကိုျဖစ္၏။ သူ႔မ်က္ႏွာေလး ျမင္ေယာင္လိုက္လွ်င္ ကိုယ့္ေဒါသ၊ ကိုယ့္မာနမ်ားသည္ ၿပိဳဆင္းသြား၏။ သားသားထက္အေရးႀကီးတာ ဘာမွမ႐ိွေၾကာင္း ဆင္ျခင္မိ၏။ လူႀကီးမ်ား၏ပဋိပကၡသည္ ကေလးမ်ားႏွင့္မဆိုင္ေၾကာင္း သေဘာေပါက္မိ၏။ အိမ္ေထာင္ေရးအ႐ႈပ္အ႐ွင္းေၾကာင့္မဟုတ္ဘဲ တစ္ဦးခ်င္း၏အတၱမာနေၾကာင့္ မိသားစု မၿပိဳကြဲသင့္ေၾကာင္း ႏွလုံးသြင္းလိုက္ပါေတာ့သည္။
အခ်ိန္တန္ေတာ့ ခ်ည္တိုင္႐ိွရာအရပ္ဆီ ေျခသုတ္ပုဆိုး ေႁမြစြယ္က်ိဳးကေလးလို ႐ိုးက်ိဳးခ်ဥ္းကပ္ခဲ့ပါေတာ့သည္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
အိမ္ျပန္ေရာက္၍ မိသားစု ပုံမွန္အတိုင္းစိုစိုျပည္ျပည္ ျပန္ျဖစ္ခ်ိန္တြင္ မိန္းမက စကားတစ္ခြန္းေျပာပါသည္။ မိန္းမစကားကို ၾကားရခ်ိန္တြင္ ကြၽန္ေတာ္သည္ အေက်ာထဲစိမ့္ေနေအာင္ ေဆြးသြားပါသည္။
ရင္ထဲ မေကာင္းလိုက္သည္မွာ ေျပာမျပတတ္ေအာင္ပင္။
"ခင္ဗ်ားသြားေနတုန္းက သားသားက ညေနတိုင္ ခင္ဗ်ားျပန္လာမလားဆိုၿပီး တံခါးၾကားက ေခ်ာင္းေခ်ာင္းၾကည့္တာ"တဲ့။
ကြၽန္ေတာ္သည္ တံခါးၾကားက မ်က္ဝန္းမ်ားကို ရင္မဆိုင္ဝံ့ေတာ့ပါ။ ။
ရင္႐ိုး
1-2-2017
Unicode version
သားအဖအက်ဆေး၊ တစ်မျက်နှာအက်ဆေး ၄ပုဒ်
(သစ္စာတည်ဦးမွေးနေ့အမှတ်တရ)
(၁)
ငါးခေါင်းထဲက အသားဖတ်တွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါးခေါင်းဟင်းချိုဆိုတာ ဈေးကြီးတဲ့ဟင်းလျာ။ ချဉ်ချိုအရသာအပြည့်။ လျှာရင်းမြက်လှပါတယ်။ ထမင်းလေးတစ်လုတ်စားအပြီး ငါးခေါင်းဟင်းရည်ကလေးတစ်စွန်းလောက် သောက်လိုက်ရရင် အာလျှပြေပျောက်သွားတတ်တယ်။ လျှာပြတ်တယ်ခေါ်တာပေါ့။
သိတဲ့အတိုင်း ငါးခေါင်းဟင်းရည်က ဟင်းရည်တင် သောက်လို့ကောင်းတာမဟုတ်။ ငါးခေါင်းထဲမှာ ကတ်သီးကတ်သတ်တွယ်ကပ်နေတဲ့ အသားဖတ်ကလေးတွေကလည်း အရသာရှိတယ်မဟုတ်လား။ ငါးခေါင်းကို လက်ကကိုင်တဲ့ပြီး ပြွတ်ခနဲပြွတ်ခနဲစုပ်မြိုလိုက်ရရင် တစ်ခါတည်းခွန်အားပြည့်မောက်သွားသလို ခံစားရတတ်တယ်။
ဒါက အရွယ်ရောက်ပြီးသူတွေသာ ပြုမူခံစားနိုင်တဲ့အရသာ။ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကတော့ တင်းပြည့်ကျပ်ပြည့်ခံစားနိုင်မှာမဟုတ်။ ငါးခေါင်းတစ်ခေါင်းကို ချပေးထားပြီး ကလေးငယ်တွေကို သူတို့ဘာသာစားခိုင်းလို့ မဖြစ်နိုင်ပါ။ ငါးအရိုးစူးလို့ ဒုက္ခရောက်သွားနိုင်ပါတယ်။
ကလေးလေးတွေ ငါးခေါင်းထဲက အသားဖတ်ကလေးတွေကို စားရဖို့ လူကြီးတွေက အကူအညီပေးသင့်လှပါတယ်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ၊
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့၊"
"ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်"ကဗျာမှာ မောင်ချောနွယ်ရေးခဲ့တယ်။ တချို့အတွက် လက်တစ်ပစ်စာဟာ တချို့အတွက် ယူဇနာသန်းပေါင်းများစွာ ဝေးကွာနေတတ်တယ်။
ဖခင်ရဲ့ လက်ကလေးတစ်ဖျစ်၊ မိခင်ရဲ့ အနမ်းလေးတစ်ရှိုက်ကို တချို့သားသမီးတွေ ရခဲ့ကြပေမယ့် တချို့သားသမီးတွေ မရခဲ့ကြဘူး။ တချို့က မိဘမရှိလို့၊ တချို့ကတော့ မိဘရဲ့ မယုယမကြင်နာတတ်လို့ မရခဲ့ကြတာ။
ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် ရွာကိုပြန်တော့ ကလေးတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော့်ညီကျော်ဇင်လတ်က သူ့သားအံ့မှူးသွင်ကို ကျောပိုးထားတာကိုကြည့်ပြီး အဲဒီကောင်လေး အံ့အားသင့်နေတယ်။
ကျွန်တော့်တူအံ့မှူးသွင်ကို သူ တိုးတိုးလေးကပ်မေးတယ်တဲ့။ "မင်းအဖေက မင်းကို ကျောပိုးတယ်လား"တဲ့။
ဒီတစ်ခါ အံ့အားသင့်ရတာက ကျွန်တော်ပါ။ ဖခင်ဖြစ်သူက သားဖြစ်သူကို ကျောပိုးတာဟာ ပြုရိုးပြုစဉ်သာမန်ကိစ္စပါ။ သားရှိတဲ့ဖခင်တိုင်း ပြုလုပ်နေကျ။ ဒီကလေးကတော့ သူ့အဖေက သူ့ကို ကျောပိုးပေးပုံမရပါဘူး။ သူ့အဖေရဲ့ကျောပေါ် တက်ခွစီးခွင့် မရဘူးထင်ပါတယ်။
သူ သူ့အဖေရဲ့ကျောပေါ် တက်ခွစီးချင်စိတ်တွေ မွတ်သိပ်နေပုံရပါတယ်။ သူ့အတွက် သူ့အဖေရဲ့ကျောပေါ် တက်ခွစီးခွင့်ဟာ ယူဇနာတစ်သန်းဝေးကွာနေတယ်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော် ကျွန်တော့်လက်နဲ့နွှင်ပေးထားတဲ့ ငါးခေါင်းထဲက အသားဖတ်ကလေးတွေကို ကျွန်တော့်သားသစ္စာတည်ဦး တဆတ်ဆတ်ကိုက်စားနေတာကြည့်ပြီး ပီတိဖြစ်နေတယ်။
စိတ်ထဲကလည်း မေးနေမိတယ်။ "ငါးခေါင်းထဲက အသားဖတ်ကလေးတွေ ချိုမြပါရဲ့လားသားရယ်"လို့။
ရင်ရိုး
23-1-2017
(၂)
ရေငုပ်ခြင်း
။။။။။။။။။။။။။။
ဒီနေ့ သားသားသစ္စာတည်ဦးကို ရေငုပ်သင်ပေးဖြစ်တယ်။ ရေငုပ်တာဟာ သင်ပေးရလောက်အောင်ခက်ခဲတဲ့ ပညာရပ်တစ်ခုတော့ မဟုတ်ပါဘူး။ ရေထဲမှာ ခေါင်းနှစ်ပြီး အသက်အောင့်ထားလိုက်ရုံပါပဲ။ ဒါပေမယ့် တစ်ခါမှရေမငုပ်ဖူးတဲ့ သားသားအတွက်တော့ ခက်ခဲနေခဲ့တာအမှန်ပါ။
ရေနဲ့နီးနီးစပ်စပ် မနေခဲ့ဖူးသူတွေ ရေကြောက်တတ်တာ ဆန်းဏတာ့မဆန်းပါဘူး။ တချို့လူတွေ အသက်အရွယ်ရလာပေမယ့် ရေမကူးတတ်။ ရေမကျင်တတ်။ ရေမှာ ပေါ်နေအောင် ကိုယ်ဖော့ပြီး မနေတတ်ကြ။ ရေထဲမှာ တစ်ကိုယ်လုံးမြုပ်နေအောင် ငုပ်နေဖို့ဆိုတာကတော့ ဝေလာဝေး။ သေမလောက်ကြောက်ကြတယ်။
ကျွန်တော်ကတော့ ချောင်းနဲ့မြောင်းနဲ့ နီးစပ်ခဲ့သူဆိုတော့ အတော်အသင့်ရေကို မကြောတ်တတ်။ ရေ ဘယ်လိုကူးရမယ်၊ ရေ ဘယ်လိုကျင်ရမယ် ကျကျနနသင်ပေးခဲ့သူမရှိပါဘဲ ရေကူးတတ်ခဲ့တယ်။ ရေကူးပြိုင်တယ်၊ ရေငုပ်ပြိုင်တယ်ဆိုတာ ထူးထူးခြားခြားစာဖွဲ့နေရလောက်တဲ့ အတွေ့အကြုံမဟုတ်။ ကိုယ့်ရပ်ကိုယ့်ရွာက ကောင်တွေတိုင်း ကြုံနေကြ၊ တွေ့နေကြ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော့်သားအလှည့်မှာတော့ ဒီလိုမဟုတ်။ ချောင်းနဲ့မြောင်းနဲ့ မနီး။ တွင်းရေပဲ အမြဲတမ်းခပ်ချိုးနေကြဆိုတော့ ချောင်းရေမြောင်းရေကို သူကြောက်တယ်။ သူ့အရွယ်မှာ ကျွန်တော်ငယ်ငယ်ကဆို ကျွမ်းပြန်နေပြီ။ ရှေ့ကျွမ်း၊ နောက်ကျွမ်း၊ ဘေးကျွမ်း ကျွမ်းပေါင်းစုံ။ ဒိုက်ဗင်တစွက်စွက်ပစ်နေပြီ။
သူ့မှာတော့ မဟုတ်။
အသက်က ရှစ်နှစ်ပြည့်တော့မယ်။ တစ်ခါမှ ရေမငုပ်ဖူးဘူး။ တစ်ခါမှ ရေမကူးဖူးဘူး။ တစ်ခါမှ ကျွမ်းမပစ်ဖူးဘူး။
ဒီနေ့တော့ သားကို ပါဟဲချောင်းခေါ်သွား၊ ရေကူးခိုင်း၊ ရေငုပ်ခိုင်းကြည့်တယ်။ လုံးဝမရ၊။ လုံးဝမကူးတတ်။ လုံးဝမငုပ်တတ်။
ကျွန်တော့်မှာ သားသားကိုကြည့်ပြီး အားမရတော့။ စိတ်မရှည်ချင်တော့။ ဒါလေးများကွာဆိုပြီး စိတ်က ဖြစ်လာတယ်။ ဒါနဲ့ သူ့ခေါင်းကို အတင်းဖိ၊ စွက်ခနဲနှစ်မိလိုက်တော့တယ်။
ဖိထားတဲ့လက်ကို လွှတ်လိုက်တော့ တဖူးဖူးနဲ့ ဝူးရားဝူးရားအော်တော့တာပေါ့။ အသက်ကို ရှိုက်တဲ့ရှိုက်တဲ့ပြီး ရှူနေလိုက်တာ ကျွန်တော့်မှာ ဝမ်းနည်းသနားကြီးခံစားလိုက်ရတယ်။ ဇွတ်ငုပ်မပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ကျွန်တော့်လက်ကို ကိုင်ခိုင်းပြီး ဖြည်းဖြည်းသာသာငုပ်ဖို့ သုံးလေးခါလောက်ကြိုးစားပေးလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်သား ပထမဆုံးအကြိမ် ရေငုပ်ဖူးပြီ။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
လူ့ဘဝမှာလည်း တစ်ခါတစ်ခါ ရေငုပ်သလို ငုပ်နေသင့်တဲ့အကြောင်း သားသားသစ္စာတည်ဦး အရွယ်ရောက်လာရင် ထပ်သင်ပေးရဦးမယ်။ ။
ရင်ရိုး
22-1-2017
(၃)
အဖေမှန်ရင် ကိုယ့်သားရဲ့ဂွေးပြွတ်ကလေးကို ငုံပေးဖူးရမယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ဗိမ္ဗိသာရမင်းကြီးက သူ့သားတော်အဇာတသတ်ရဲ့လက်က ပြည်ပုပ်တွေကို ငုံပြီးမျိုချခဲ့တာ ကျွန်တော်သိပါတယ်။ "ဖခင်မေတ္တာ"အကြောင်းပြောရင် စံပြုရတဲ့ဇာတ်လမ်းပေါ့။ ပြည်ပုပ်တွေကို မမြင်ဘဲ ဖခင်မေတ္တာကို လှမ်းမြင်ရတယ်။
ဗိမ္ဗိသာရမင်းကြီးရဲ့ "ဖခင်မေတ္တာ"ကို ကျွန်တော် တုပယှဉ်ပြိုင်လိုခြင်းမဟုတ်ပါ။ မေတ္တာတရားကို လေပေါင်အလျှော့အတင်းလုပ်လို့လည်း မရနိုင်ပါ။ မေတ္တာတရားကို တိုင်းတာရန် ပေတံလည်းမရှိ။
သမ္မတက သူ့သားအပေါ်ထားတဲ့ ဖခင်မေတ္တာနဲ့. ကုန်ထမ်းသမားက သူ့သားအပေါ်ထားတဲ့ ဖခင်မေတ္တာဟာ အတူတူပဲဖြစ်ပါတယ်။ ရာထူး၊ စည်းစိမ်၊ ဂုဏ်ပကာသနကြောင့် မေတ္တာတရားဟာ အလေးအပေါ့ ပြောင်းလဲမသွားပါ။ အတိမ်အနက် ကွဲပြားမသွားပါ။
မေတ္တာတရားဟာ တစ်သမတ်တည်း။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကိုယ့်သားသမီးရဲ့ ခန္ဓာကိုယ်ကလေးကို ထွေးပွေ့လိုက်ရတဲ့အရသာ၊ ကိုယ့်သားသမီးရဲ့ပါးနုနုလေးကို မွှေးရှိုက်လိုက်ရတဲ့အရသာဟာ ဘာနဲ့မှမလဲနိုင်ပါ။ သားသမီးမျက်နှာလေးကို ကြည့်ရင်းကြည့်ရင်း မေတ္တာအရှိန်အဟုန်ကြီးမားလာတဲ့အခါ ကြည့်မဝ၊ ရှုမဝ ဖြစ်လာပါတော့တယ်။ အူတွေယားလာပြီး ကိုယ့်သားသမီးရဲ့လက်နုနုကလေးကို မနာကျင်အောင် ဖိကိုက်တတ်ကြတယ်။ ခန္ဓာကိုယ်ကလေးကို ဖျစ်ညှစ်တတ်ကြတယ်။ ချစ်လွန်းလို့ အူတွေ အသည်းတွေတောင် တဆတ်ဆတ်တုန်သွားသလိုပေါ့။
အိပ်နေတဲ့ကိုယ့်ရင်သွေးလေးကို တစိမ့်စိမ့်ကြည့်မဝတာ၊ သူ့လက်ဖဝါးသေးသေးလေးထဲကို ကိုယ့်လက်ချောင်းကြီး ထည့်ကြည့်မိတာ၊ သူ့လက်သီးဆုပ်ကလေးကို ကိုယ့်လက်ဖဝါးနဲ့ ဖွဖွကလေးဆုပ်ညှစ်မိတာ၊ နဖူးကလေးကို နမ်းတာ၊ ပါးကလေးကို မွှေးတာ၊ သူ့ခြေဖဝါးလေးနှစ်ဖက်ကို ကိုယ့်ပါးပြင်မှာ ဖိကပ်ကြည့်မိတာ ဒါတွေဟာ မိဘတိုင်း ခံစားထိတွေ့ဖူးကြတဲ့ အတွေ့အကြုံတွေပါ။
ဘယ်သူက ဘယ်သူ့ထက် ပိုပါတယ်လို့ ပြောကောင်းတဲ့အရာ မဟုတ်ပါဘူး။ မိဘတိုင်းက ကိုယ့်သားသမီးရဲ့ကိုယ်ငွေ့ကလေးနဲ့ နီးနီးကပ်ကပ်ထိတွေ့ချင်ကြတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောပြဖူးတယ်။ သူ့အသက်က လေးဆယ်ကျော်နေပြီ။ သူ့မှာ မယားနဲ့ သားနဲ့သမီးနဲ့။ သူ သူ့မိဘအိမ်ပြန်တော့ သူ့အဖေက သူ့အနားမှာ တိုးဝှေ့လာအိပ်သတဲ့။ သူ့သား လေးဆယ်ကျော်နီတာတွတ်ကလေးရဲ့ ကိုယ်ငွေ့ကို ရှူရှိုက်ချင်တာပေါ့။ အနေဝေးသွားတဲ့ သူ့သားကိုယ်ငွေ့ကလေးကို တမ်းတငတ်မွတ်နေပုံရပါတယ်။
ယောကျ်ားရင့်မာကြီးအဖေအိုရဲ့ မေတ္တာ။ သနားကရုဏာတောင် ဖြစ်ခဲ့ရပါတယ်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အဖေမှန်ရင် ကိုယ့်သားရဲ့ဂွေးပြွတ်ကလေးကို ငုံပေးဖူးရမယ်"
တကယ်တော့ ဖခင်မေတ္တာကို ကျွန်တော် "ဖွဲ့"လိုက်ခြင်းဖြစ်ပါတယ်။ အခြားသူတစ်ဦးတစ်ယောက်ကို ကိုယ်လုပ်သလို လိုက်လုပ်ကြဖို့ မတိုက်တွန်းစကောင်းမှန်း ကျွန်တော်သိပါတယ်။ ကျွန်တော့်အတွေ့အကြုံကို မျှဝေလိုက်ခြင်း၊ ဖခင်မေတ္တာကို "ဖွဲ့"လိုက်ခြင်းအဖြစ်သာ မှတ်ယူစေလိုပါတယ်။
ကျွန်တော့်သား သုံးနှစ်အရွယ်က။ ရေချိုးပေးဖြစ်တဲ့တစ်နေ့။ သူ့ခြေထောက်ကို ကြေးတွန်းပေးနေရင်း အမှတ်မထင်။ ကျွန်တော့်မျက်နှာနဲ့ ကျွန်တော့်သားရွှေပန်းကလေး နီးကပ်နေတုန်း။ ရေစက်ရေမှုန်ကလေးတွေ တွဲရရွဲခိုတွယ်နေတဲ့စပျစ်ခိုင်ကလေးလို ဝင်းမှည့်နေတဲ့..။
ရုတ်တရက် မေတ္တာအရှိန်အဟုန်ဆောင့်အတက်မှာ ကျွန်တော် ပါးစပ်နဲ့ဖမ်းဟပ်လိုက်တယ်။ ဂွေးပြွတ်ကလေးကို၊ ကျွန်တော့်သားသစ္စာတည်ဦးရဲ့ ဂွေးပြွတ်ကလေးကိုပေါ့။ ဖခင်ဘက်ကကြည့်ရင် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။ လက်မလေးလို၊ ခြေမလေးလို၊ ပါးဖောင်းဖောင်းကလေးလို ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပါပဲ။
လုပ်ကောင်းသလား၊ မကောင်းသလား ကျွန်တော် စဉ်းစားဆုံးဖြတ်ချိန်မရလိုက်ပါ။ ကြိုတင်ကြံစည်ထားခြင်း မရှိပါ။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်အတိုင်း ပြုမူလှုပ်ရှားလိုက်ခြင်းသာ ဖြစ်ပါတယ်။
အရိုးခံအတိုင်းစီးဆင်းမှသာ မေတ္တာတရားဟာ အေးမြပါလိမ့်မယ်။
ရင်ရိုး
25-1-2017
(၄)
တံခါးကြားက မျက်ဝန်းများ
။။။။။။။။။။။။။။။။။။၊၊၊။။။။။။။။။။။။
"သစ္စာတည်ဦး နင့်အဖေနဲ့လိုက်မှာလား၊ ငါနဲ့နေမှာလား ပြော""
"ဖေဖေနဲ့ လိုက်မှာ"
ကျွန်တော်သည် မိန်းမနှင့် သူတစ်ခွန်းကိုယ်တစ်ခွန်း စကားများနေသည့်ကြားက ပြုံးလိုက်မိပါသည်။ မိန်းမသည်လည်း သား၏အဖြေကို ကြားလိုက်ရသည့်တစ်ခဏ ဆွံ့အသွားသည်ထင်၏။ ရုတ်တရက်တိတ်ဆိတ်သွားသည်။
ကလေးငယ်များကို "အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်လဲ"ဟူသော မေးခွန်းများကို မမေးစေချင်ပါ။ မေးကောင်းသည်ဟု မထင်မိပါ။ "မိ"သည်လည်း "ဘ"ဖြစ်၍ "ဘ"သည်လည်း "မိ"ဖြစ်ပါသည်။ဖြူစင်နုနယ်လှသည့် ကလေးများကို စိတ်အနည်အမှုန်များ ကင်းစင်စေချင်ပါသည်။ "မိ"ကို ချစ်၍ "ဘ"ကို လေးစားတတ်သောကလေးများသာ ဖြစ်စေချင်ပါ၏။
ကျွန်တော်သည် သားက "ဖေဖေနဲ့ လိုက်မှာ" ဟူသောအဖြေကြောင့် ပြုံးမိသည်မှာ မှန်ပါသည်။ သို့သော် သားက ကျွန်တော့်ကို ပို၍ခင်တွယ်သည့်အဓိပ္ပါယ်ကိုယူ၍ ပြုံးမိခြင်းမဟုတ်ပါ။ ဒေါသတွေ ဆူဝေနေသည့်မိန်းမ ဘာထပ်ပြောရမှန်းမသိအောင် ကြောင်အသွားပုံကိုကြည့်၍ ပြုံးမိခြင်းဖြစ်ပါသည်။
သစ္စာတည်ဦး ကျွန်တော့်ကို ပို၍ခင်တွယ်ရန် မလိုအပ်ပါ။ ကျွန်တော့်ကို ပို၍ ခင်တွယ်နေစေရန် အလိုလိုက်အကြိုက်ဆောင်နေမည် မဟုတ်ပါ။ သူ့အမေကို ပို၍ချစ်ခင်တွယ်တာလျှင်လည်း ကျွန်တော့်အနေနှင့် ပီတိဖြစ်မိသည်သာ ဖြစ်ပါသည်။
ကျွန်တော်တို့သည် ဖခင်များဖြစ်၍ မိခင်များအပေါ် မနာလိုဝန်တိုစိတ်ထားကာ စိတ်ထားသေးသိမ်လျှင် ရှက်စရာဖြစ်နေပါလိမ့်မည်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အိမ်ပေါ်က ခဏခဏဆင်း၍
အချိန်မတော်ကျ ဖွဖွကလေးနင်းပြီး ပြန်လာတတ်သည်"
ကျွန်တော်၏ "ရင်သည် ရိုးသည်"အမည်ရ ကဗျာတစ်ပုဒ်တွင် အထက်ပါအတိုင်း ထည့်ရေးထား၏။ ကျွန်တော်သည် မိန်းမနှင့် စကားများရန်ဖြစ်သည့်အခါတိုင်း အိမ်အပြင်ထွက်၍ အချိန်ဖြုန်းလေ့ရှိတတ်သည်။ ယခင်က ရန်ဖြစ်လျှင် ထိပ်တိုက်ရင်ဆိုင်ကာ ဖြေရှင်းတတ်၏။ သို့သော် ပို၍တင်းမာသွားသည်သာ များတတ်သည်။ နောက်ပိုင်း ထိပ်တိုက်ရင်မဆိုင်ဘဲ သူရောကိုယ်ရော သွေးအေးသွားသည်အထိ ခေတ္တခဏရှောင်လွှဲနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိမ်ပြန်ချိန် နောက်ကျတတ်၏။
တစ်ခါတရံ အိမ်အပြင်ထွက်သည်သာမကတော့ဘဲ မြို့အပြင်ထွက်သည်အထိ ဖြစ်ကုန်တော့သည်။ နေထိုင်ရာတမူးမြို့မှ ဇာတိမြေမတ္တရာမြို့အထိ ပြေးထွက်ခဲ့မိ၏။ "ဒီတစ်ခါ အပြတ်ပဲ"တွေဘာတွေ ကြွေးကြော်ခဲ့သေးသည်။
လက်ထပ်စာချုပ်ကိုလည်း ဒေါသအလျောက်ဆုတ်ဖြဲပစ်ခဲ့၏။ နောက် ပြန်ပြေလည်သွားတော့မှ ကိုယ်ဆုတ်ဖြဲခဲ့တာ လက်ထပ်စာချုပ်မဟုတ်ဘဲ ဆိုင်ခန်းဝယ်ထားသည့်စာချုပ်ဖြစ်မှန်း သိရ၏။
မတ္တရာရောက်၍ လေးငါးဆယ်ရက်ကြာတော့ မိသားစုကို ပြန်လွမ်းသွားပါသည်။ အထူးသဖြင့် သားသားကိုဖြစ်၏။ သူ့မျက်နှာလေး မြင်ယောင်လိုက်လျှင် ကိုယ့်ဒေါသ၊ ကိုယ့်မာနများသည် ပြိုဆင်းသွား၏။ သားသားထက်အရေးကြီးတာ ဘာမှမရှိကြောင်း ဆင်ခြင်မိ၏။ လူကြီးများ၏ပဋိပက္ခသည် ကလေးများနှင့်မဆိုင်ကြောင်း သဘောပေါက်မိ၏။ အိမ်ထောင်ရေးအရှုပ်အရှင်းကြောင့်မဟုတ်ဘဲ တစ်ဦးချင်း၏အတ္တမာနကြောင့် မိသားစု မပြိုကွဲသင့်ကြောင်း နှလုံးသွင်းလိုက်ပါတော့သည်။
အချိန်တန်တော့ ချည်တိုင်ရှိရာအရပ်ဆီ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကလေးလို ရိုးကျိုးချဉ်းကပ်ခဲ့ပါတော့သည်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
အိမ်ပြန်ရောက်၍ မိသားစု ပုံမှန်အတိုင်းစိုစိုပြည်ပြည် ပြန်ဖြစ်ချိန်တွင် မိန်းမက စကားတစ်ခွန်းပြောပါသည်။ မိန်းမစကားကို ကြားရချိန်တွင် ကျွန်တော်သည် အကျောထဲစိမ့်နေအောင် ဆွေးသွားပါသည်။
ရင်ထဲ မကောင်းလိုက်သည်မှာ ပြောမပြတတ်အောင်ပင်။
"ခင်ဗျားသွားနေတုန်းက သားသားက ညနေတိုင် ခင်ဗျားပြန်လာမလားဆိုပြီး တံခါးကြားက ချောင်းချောင်းကြည့်တာ"တဲ့။
ကျွန်တော်သည် တံခါးကြားက မျက်ဝန်းများကို ရင်မဆိုင်ဝံ့တော့ပါ။ ။
ရင်ရိုး
1-2-2017
No comments:
Post a Comment