Tuesday, April 18, 2017

ေမတၱာ​စာ

Zawgyi version

​ေမတၱာ​စာ
=================

​ေျမသားနံ႔​ေလး သာယာပါ​ေစ
​ေရခ်မ္​းစင္​​ေလး ခ်မ္​း​ေျမ့ပါ​ေစ
ႏွလံုးသားရပ္​၀န္​းမွာ ​ေနသာၿပီး
မ​ေပ်ာ္​ရႊင္​​ေနတဲ့စိတ္​​ေလးလည္​း ​ေပ်ာ္​ရႊင္​​ေနႏိုင္​ပါ​ေစ
အိပ္​မက္​​ေတြ ခ်ိဳပါ​ေစ
အလြမ္​း​ေတြလည္​း ​ေမႊးပါ​ေစ
ၾကမ္​းတမ္​းတဲ့အဓမၼလည္​း သိမ္​​ေမြ႕ပါ​ေစ
သားသတ္​ဓားလည္​း ၾကည္​လင္​ပါ​ေစ
၀တ္​မႈန္​ကူးသူတို႔ လန္​းဆန္​းပါ​ေစ
သစ္​ရြက္​လႈပ္​သံလည္​း ဆည္​းလည္​းခတ္​သံလို
ပ်က္​စီးသြားတဲ့စိတ္​ဓာတ္​​လည္​း ​ေဘးမသီရန္​မခပါ​ေစနဲ႔
ဥပုပ္​​ေက်ာင္​း​ေလးထဲက ​ေအးခ်မ္​းတိတ္​ဆိတ္​မႈလို
စမ္​း​ေရထဲက ငါး​ေလး​ေတြလည္​း ​ေတးသီက်ဴးႏိုင္​ပါ​ေစ
ျပတ္​သြားတဲ့ဖိနပ္​​ေလးလည္​း တည္​ၿငိမ္​ႏိုင္​ပါ​ေစ
ရထားက ရထားလို​ေျပလႊားႏိုင္​ၿပီး
ခ်စ္​သူ​ေတြလည္​း ခ်စ္​သူ​ေတြလို ၾကည္​ႏူးႏိုင္​ပါ​ေစ
ကမာၻမ​ေၾကသီခ်င္​းလည္​း သီခ်င္​းအတိုင္​းပဲ ႐ွိပါ​ေစ
က်ည္​ဆံ​ေတြလည္​း က်ည္​အိမ္​ထဲမွာပဲ ​ေပ်ာ္​​ေမြ႕​ေနႏိုင္​ပါ​ေစ
တိမ္​ကင္​းစင္​တဲ့ ရာသီဥတုမွာ
ပုန္​း​ေအာင္​း​ေနတဲ့ တိမ္​ညိဳ​ေတြလည္​း တရားရၾကပါ​ေစ
သံသရာ ၿငိမ္​းခ်မ္​းပါ​ေစ
ဖိနပ္​ခြၽတ္​​ေလး ၾကည္​လင္​ပါ​ေစ
​ေလွကားထစ္​မ်ား ​ေျဖာင္​့ျဖဴးပါ​ေစ
ႏွလံုးသားတစ္​ခုလံုး ​ေနသာၿပီး
တင္​းမာ​ေနတဲ့ႀကိဳး​​ေလးလည္​း ပိုးသားလို ႏူးညံ့ပါ​ေစ။

လင္​းအိမ္​ငယ္​
၁၇. ဧၿပီ  ၂၀၁၇

Unicode version

မေတ္တာစာ
=================

မြေသားနံ့လေး သာယာပါစေ
ရေချမ်းစင်လေး ချမ်းမြေ့ပါစေ
နှလုံးသားရပ်ဝန်းမှာ နေသာပြီး
မပျော်ရွှင်နေတဲ့စိတ်လေးလည်း ပျော်ရွှင်နေနိုင်ပါစေ
အိပ်မက်တွေ ချိုပါစေ
အလွမ်းတွေလည်း မွှေးပါစေ
ကြမ်းတမ်းတဲ့အဓမ္မလည်း သိမ်မွေ့ပါစေ
သားသတ်ဓားလည်း ကြည်လင်ပါစေ
ဝတ်မှုန်ကူးသူတို့ လန်းဆန်းပါစေ
သစ်ရွက်လှုပ်သံလည်း ဆည်းလည်းခတ်သံလို
ပျက်စီးသွားတဲ့စိတ်ဓာတ်လည်း ဘေးမသီရန်မခပါစေနဲ့
ဥပုပ်ကျောင်းလေးထဲက အေးချမ်းတိတ်ဆိတ်မှုလို
စမ်းရေထဲက ငါးလေးတွေလည်း တေးသီကျူးနိုင်ပါစေ
ပြတ်သွားတဲ့ဖိနပ်လေးလည်း တည်ငြိမ်နိုင်ပါစေ
ရထားက ရထားလိုပြေလွှားနိုင်ပြီး
ချစ်သူတွေလည်း ချစ်သူတွေလို ကြည်နူးနိုင်ပါစေ
ကမ္ဘာမကြေသီချင်းလည်း သီချင်းအတိုင်းပဲ ရှိပါစေ
ကျည်ဆံတွေလည်း ကျည်အိမ်ထဲမှာပဲ ပျော်မွေ့နေနိုင်ပါစေ
တိမ်ကင်းစင်တဲ့ ရာသီဥတုမှာ
ပုန်းအောင်းနေတဲ့ တိမ်ညိုတွေလည်း တရားရကြပါစေ
သံသရာ ငြိမ်းချမ်းပါစေ
ဖိနပ်ချွတ်လေး ကြည်လင်ပါစေ
လှေကားထစ်များ ဖြောင့်ဖြူးပါစေ
နှလုံးသားတစ်ခုလုံး နေသာပြီး
တင်းမာနေတဲ့ကြိုးလေးလည်း ပိုးသားလို နူးညံ့ပါစေ။

လင်းအိမ်ငယ်
၁၇. ဧပြီ  ၂၀၁၇

No comments:

Post a Comment