Sunday, April 2, 2017

အေပ်ာ္တမ္းဝွက္စာ

Zawgyi version

အေပ်ာ္တမ္းဝွက္စာ
=============

လွပမယ့္အိပ္မက္ တစ္ဒါဇင္ရွိတယ္
စစ္ပြဲရဲ႕အနက္က ၿငိမ္းခ်မ္းေရးလို႔ပဲ ဆိုၾကပါစို႔
ေစာင့္ေမွ်ာ္ရတဲ့မနက္ျဖန္ေတြက ဘာေတြမွားေနလဲ
ကိုယ္တိုင္ထြန္ယက္စိုက္ပ်ိဳးစားေသာက္ရမဲ့ မနက္ျဖန္ေတြ
ကိုယ္တိုင္ျဖတ္ေတာက္ခ်ဳပ္လုပ္ဝတ္ဆင္ရမဲ့ ႏိုင္ငံေတာ္မွာ
အေရာင္ေတြက အစပ္အဟပ္မတည့္ႏိုင္ေအာင္ကို
ဟင္းခတ္အေမႊးအႀကိဳင္ေတြလည္း သိပ္အသံုးမဝင္ခဲ့ပါဘူး
တနဂၤေႏြကို ခရစ္ေတာ္ဆီမွာပဲ ကုန္ဆံုးလိုက္တယ္
ရာသီေပၚအိပ္မက္ေတြအတြက္ေတာ့ ဘုရားသခင္ဆီ အာပတ္ေျဖခဲ့တယ္။

လင္းအိမ္ငယ္
၂  ဧၿပီ  ၂၀၁၇

Uncode version

အပျော်တမ်းဝှက်စာ
=============

လှပမယ့်အိပ်မက် တစ်ဒါဇင်ရှိတယ်
စစ်ပွဲရဲ့အနက်က ငြိမ်းချမ်းရေးလို့ပဲ ဆိုကြပါစို့
စောင့်မျှော်ရတဲ့မနက်ဖြန်တွေက ဘာတွေမှားနေလဲ
ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးစားသောက်ရမဲ့ မနက်ဖြန်တွေ
ကိုယ်တိုင်ဖြတ်တောက်ချုပ်လုပ်ဝတ်ဆင်ရမဲ့ နိုင်ငံတော်မှာ
အရောင်တွေက အစပ်အဟပ်မတည့်နိုင်အောင်ကို
ဟင်းခတ်အမွှေးအကြိုင်တွေလည်း သိပ်အသုံးမဝင်ခဲ့ပါဘူး
တနင်္ဂနွေကို ခရစ်တော်ဆီမှာပဲ ကုန်ဆုံးလိုက်တယ်
ရာသီပေါ်အိပ်မက်တွေအတွက်တော့ ဘုရားသခင်ဆီ အာပတ်ဖြေခဲ့တယ်။

လင်းအိမ်ငယ်
၂  ဧပြီ  ၂၀၁၇

No comments:

Post a Comment