Tuesday, April 18, 2017

အလွမ်းစာ

Zawgyi version

အလွမ်းစာ
____________

အနမ်း​တွေ မင်းနာမည်​ကို​အော်ြ​ပီး ငို​နေကြတယ်



လင်းအိမ်​ငယ်
၁၇. ဧပြီ . ၂၀၁၇

Unicode version

အလွမ်းစာ
____________

ရင်ဘတ်ထဲ ငုံကြည့်လိုက်တော့
အနမ်းတွေ မင်းနာမည်ကိုအော်ပြီး ငိုနေကြတယ်

နာရွက်ဖြတ်ပြီးပေးခဲ့တဲ့ ပန်းချီဆရာအကြောင်း ပြောပြချင်တယ်
မီးဖိုချောင်ထဲမှာ သတ်သေသွားခဲ့တဲ့ ကဗျာဆရာမအကြောင်း ပြောပြချင်တယ်
မင်းရွာအဝင်လမ်းမှာရော နေသာရဲ့လား

ကဗျာဆရာက သူ့ချစ်သူကိုပေးဖို့ ကဗျာအပြင် အသက်ပဲရှိတော့တယ်
မင်းမျက်ရည်တွေအတွက် ကဗျာနဲ့မကျေနပ်နိုင်ရင် အသက်ကိုယူပါ
ဝိညာဉ်ကိုတော့ မင်းအိမ်ရှေ့က သရက်ပင်မှာ ထားပေါ့။

လင်းအိမ်ငယ်
၁၇. ဧပြီ . ၂၀၁၇

No comments:

Post a Comment