Sunday, April 9, 2017

ေအးသီတာထံ အညံ့ခံျခင္​း

Zawgyi version

​ေအးသီတာထံ အညံ့ခံျခင္​း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရင္​႐ိုး

သို႔ ​ေအးသီတာ
ဒီကဗ်ာနဲ႔ မင္​းကို အညံ့ခံလိုက္​ပါတယ္​
ငါ ညံ့ခဲ့တာကို ငါခံလိုက္​တာ​ေပါ့​ေအးသီတာ
ဇာတ္​မင္​းသားရဲ႕ အရံမင္​းသား​ေလာက္​ရိွတဲ့ ငါ့႐ုပ္​ရည္​ကို
မင္​း စိတ္​မခ်တာ ငါစိတ္​ညစ္​​ေပမယ္​့ ငါဝမ္​းသာတယ္​
မင္​း ငါ့က္ို ခ်စ္​မက္​​ေန​ေသးတဲ့ဘက္​က ငါ​ေတြးယူလိုက္​တာ​ေပါ့
ငါက ကဗ်ာ​ေရးၿပီး ထမင္​း​ေက်ြးမည္​ စိတ္​ကူးယဥ္​​ေနသူ
ကမၻာႀကီးအတြက္​ ​ေတြးပူၿပီး
ငါ့အနီးနားက မင္​းအတြက္​ ​ေတြးမပူမိဘူး
ငါ ကဗ်ာကို ခ်စ္​ခဲ့မိတာ
မင္​း​ေတာ့ ထမင္​းအိုး​ေမွာက္​တာပဲ၊
ျပည္​တြင္​း​ေရးကို စိတ္​ဝင္​စားတယ္​
အိမ္​တြင္​း​ေရးကို စိတ္​မဝင္​စားဘူး
ငါ့​ေခါင္​းထဲမွာ မင္​းမ႐ိွဘူး
ငါ့အ​ေတြးထဲမွာ ကဗ်ာ​ေတြ
မင္​းကို ၾကည္​့​ေနရ​ေပမယ္​့
မင္​းကို ငါမျမင္​ရဘူး
မင္​းအနားမွာ ငါ႐ိွတယ္​
ငါ့အနားမွာ မင္​းမ႐ိွဘူး
ငါ့ရည္​မွန္​းခ်က္​က
အလြန္​​ေအာင္​ျမင္​တဲ့ ကဗ်ာတစ္​ပုဒ္​​ေရးဖို႔
မင္​းရည္​မွန္​းခ်က္​က
အလြန္​သာယာတဲ့ မိသားစုတစ္​ခု တည္​​ေဆာက္​ဖို႔၊
ငါ့ကို ယူထားတာ
မင္​းအတြက္​ မတန္​လိုက္​တာ
ငါ့အ​ေတြးထဲ မင္​းကို တမင္​ဖယ္​ထုတ္​ထားတာ မဟုတ္​ဘူး​ေအးသီတာ
ငါ့အ​ေတြးထဲ မင္​း႐ိွတာ​ေပါ့
ငါ့ကဗ်ာ​ေတြ ​ေအာင္​ျမင္​ရင္​
ငါခံစားရမယ္​့ ပီတိကို မင္​းလည္​းခံစားရမယ္​
ငါက မင္​းကို ခံစား​ေစခ်င္​တာ၊
ဒါ​ေပမဲ့ မင္​းက လက္​​ေတြ႕က်တယ္​
မနက္​ျဖန္​အတြက္​ ​ေတြးပူတယ္​၊
ငါလည္​း ကဗ်ာကို စိတ္​ကုန္​တာ​ေပါ့
မင္​းက ငါ့ကို စိတ္​ကုန္​သလို စိတ္​ကုန္​တာ​ေပါ့
မင္​းက ငါ့ကို မျပတ္​နိုင္​သလို
ငါကလည္​း ကဗ်ာကို မျပတ္​နိုင္​ဘူး​ေလ၊
ငါက ကဗ်ာကို ဘာ​ေမ်ွာ္​လင္​့ခ်က္​မွမရိွဘဲ ​ေရးတယ္​
မင္​းက ငါ့ကို ဘာ​ေမ်ွာ္​လင္​့စရာမွမ႐ိွဘဲ ​ေပါင္​းတယ္​
မင္​းနဲ႔ငါ ဘယ္​သူ သူရဲ​ေကာင္​းလဲ၊
ကဗ်ာ​ေရးတာဟာ သီလ​ေဆာက္​တည္​တာပဲ
တစ္​​ေထာင္​တန္​တဲ့ပစၥည္​း တစ္​ရာတင္​​ေရာင္​းဖို႔ ငါဝန္​​ေလးတယ္​
ဒါ​ေၾကာင္​့ မင္​းအထည္​ဆိုင္​မွာ ငါမ​ေအာင္​ျမင္​ဘူး
​ေစ်းမွန္​​ေျပာလို႔ ​ေစ်းဆစ္​ခံရရင္​
ငါ​ ​ေဒါသထြက္​ၿပီ
ဒါ​ေၾကာင္​့ မင္​းအထည္​ဆိုင္​မွာ ငါမ​ေအာင္​ျမင္​ဘူး၊
ဆယ္​တန္​း​ေအာင္​ဖို႔မလိုဘဲ
အလိုက္​သိဖို႔ပဲလိုတဲ့ လူ​ေတြၾကားမွာ ငါ႐ႈံးနိမ္​့ခဲ့ပါတယ္​
ငါဟာ အလိုက္​မသိသူပါ​ေအးသီတာ
သီလမရိွသူ​ေတြထံမွာ ငါ ဒူးမ​ေထာက္​ပါရ​ေစနဲ႔
မင္​းကို​ေတာ့ ငါ ဒူး​ေထာက္​လိုက္​ပါတယ္​
မင္​း​ေပးမယ္​့အျပစ္​ဟာ
ငါ ​ေနာက္​ထပ္​​ေရးရမယ္​့ ကဗ်ာတစ္​ပုဒ္​ပါပဲ။      ။

3/12/2015
ရင္႐ိုး

Unicode version

အေးသီတာထံ အညံ့ခံခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရင်ရိုး

သို့ အေးသီတာ
ဒီကဗျာနဲ့ မင်းကို အညံ့ခံလိုက်ပါတယ်
ငါ ညံ့ခဲ့တာကို ငါခံလိုက်တာပေါ့အေးသီတာ
ဇာတ်မင်းသားရဲ့ အရံမင်းသားလောက်ရှိတဲ့ ငါ့ရုပ်ရည်ကို
မင်း စိတ်မချတာ ငါစိတ်ညစ်ပေမယ့် ငါဝမ်းသာတယ်
မင်း ငါ့ကို ချစ်မက်နေသေးတဲ့ဘက်က ငါတွေးယူလိုက်တာပေါ့
ငါက ကဗျာရေးပြီး ထမင်းကျွေးမည် စိတ်ကူးယဉ်နေသူ
ကမ္ဘာကြီးအတွက် တွေးပူပြီး
ငါ့အနီးနားက မင်းအတွက် တွေးမပူမိဘူး
ငါ ကဗျာကို ချစ်ခဲ့မိတာ
မင်းတော့ ထမင်းအိုးမှောက်တာပဲ၊
ပြည်တွင်းရေးကို စိတ်ဝင်စားတယ်
အိမ်တွင်းရေးကို စိတ်မဝင်စားဘူး
ငါ့ခေါင်းထဲမှာ မင်းမရှိဘူး
ငါ့အတွေးထဲမှာ ကဗျာတွေ
မင်းကို ကြည့်နေရပေမယ့်
မင်းကို ငါမမြင်ရဘူး
မင်းအနားမှာ ငါရှိတယ်
ငါ့အနားမှာ မင်းမရှိဘူး
ငါ့ရည်မှန်းချက်က
အလွန်အောင်မြင်တဲ့ ကဗျာတစ်ပုဒ်ရေးဖို့
မင်းရည်မှန်းချက်က
အလွန်သာယာတဲ့ မိသားစုတစ်ခု တည်ဆောက်ဖို့၊
ငါ့ကို ယူထားတာ
မင်းအတွက် မတန်လိုက်တာ
ငါ့အတွေးထဲ မင်းကို တမင်ဖယ်ထုတ်ထားတာ မဟုတ်ဘူးအေးသီတာ
ငါ့အတွေးထဲ မင်းရှိတာပေါ့
ငါ့ကဗျာတွေ အောင်မြင်ရင်
ငါခံစားရမယ့် ပီတိကို မင်းလည်းခံစားရမယ်
ငါက မင်းကို ခံစားစေချင်တာ၊
ဒါပေမဲ့ မင်းက လက်တွေ့ကျတယ်
မနက်ဖြန်အတွက် တွေးပူတယ်၊
ငါလည်း ကဗျာကို စိတ်ကုန်တာပေါ့
မင်းက ငါ့ကို စိတ်ကုန်သလို စိတ်ကုန်တာပေါ့
မင်းက ငါ့ကို မပြတ်နိုင်သလို
ငါကလည်း ကဗျာကို မပြတ်နိုင်ဘူးလေ၊
ငါက ကဗျာကို ဘာမျှော်လင့်ချက်မှမရှိဘဲ ရေးတယ်
မင်းက ငါ့ကို ဘာမျှော်လင့်စရာမှမရှိဘဲ ပေါင်းတယ်
မင်းနဲ့ငါ ဘယ်သူ သူရဲကောင်းလဲ၊
ကဗျာရေးတာဟာ သီလဆောက်တည်တာပဲ
တစ်ထောင်တန်တဲ့ပစ္စည်း တစ်ရာတင်ရောင်းဖို့ ငါဝန်လေးတယ်
ဒါကြောင့် မင်းအထည်ဆိုင်မှာ ငါမအောင်မြင်ဘူး
ဈေးမှန်ပြောလို့ ဈေးဆစ်ခံရရင်
ငါ ဒေါသထွက်ပြီ
ဒါကြောင့် မင်းအထည်ဆိုင်မှာ ငါမအောင်မြင်ဘူး၊
ဆယ်တန်းအောင်ဖို့မလိုဘဲ
အလိုက်သိဖို့ပဲလိုတဲ့ လူတွေကြားမှာ ငါရှုံးနိမ့်ခဲ့ပါတယ်
ငါဟာ အလိုက်မသိသူပါအေးသီတာ
သီလမရှိသူတွေထံမှာ ငါ ဒူးမထောက်ပါရစေနဲ့
မင်းကိုတော့ ငါ ဒူးထောက်လိုက်ပါတယ်
မင်းပေးမယ့်အပြစ်ဟာ
ငါ နောက်ထပ်ရေးရမယ့် ကဗျာတစ်ပုဒ်ပါပဲ။      ။

3/12/2015
ရင်ရိုး

No comments:

Post a Comment