Monday, April 24, 2017

သက္ေသျပခ်က္

Zawgyi version

သက္ေသျပခ်က္
lllllllllllllllllllllllllll

ေက်ာက္ခဲကိုခလုတ္တိုက္မိတဲ့ေျခေထာက္
ေျခမလန္ထြက္သြားတယ္

ကတၱရာလမ္းေပၚကေက်ာက္ခဲဟာ
ကားဘီးေအာက္ကေနလြင့္စင္ထြက္လာတယ္

ေက်ာက္ခဲဟာအနမ္းျဖစ္ၿပီး
ေျခမဟာအခ်စ္ျဖစ္တယ္

ကတၱရာလမ္းဟာဘဝျဖစ္ၿပီး
ကားဘီးဟာဒုကၡျဖစ္တယ္

လြင့္စင္ထြက္လာတဲ့ေက်ာက္ခဲဟာ
ခလုတ္တိုက္မယ့္ေျခမကိုေစာင့္ေနသလိုေပါ့

ကားဘီးႀကိတ္ခံရလို႔
ေၾကမြေနတဲ့ေျခမတစ္ဖက္
ကတၱရာလမ္းေပၚေသြးတရႊဲရႊဲနဲ႔ေအာ္ေနတယ္။

ေအာင္ကိုကိုလတ္(တမူး)

Unicode version
သက်သေပြချက်
lllllllllllllllllllllllllll

ကျောက်ခဲကိုခလုတ်တိုက်မိတဲ့ခြေထောက်
ခြေမလန်ထွက်သွားတယ်

ကတ္တရာလမ်းပေါ်ကကျောက်ခဲဟာ
ကားဘီးအောက်ကနေလွင့်စင်ထွက်လာတယ်

ကျောက်ခဲဟာအနမ်းဖြစ်ပြီး
ခြေမဟာအချစ်ဖြစ်တယ်

ကတ္တရာလမ်းဟာဘဝဖြစ်ပြီး
ကားဘီးဟာဒုက္ခဖြစ်တယ်

လွင့်စင်ထွက်လာတဲ့ကျောက်ခဲဟာ
ခလုတ်တိုက်မယ့်ခြေမကိုစောင့်နေသလိုပေါ့

ကားဘီးကြိတ်ခံရလို့
ကြေမွနေတဲ့ခြေမတစ်ဖက်
ကတ္တရာလမ်းပေါ်သွေးတရွှဲရွှဲနဲ့အော်နေတယ်။

အောင်ကိုကိုလတ်(တမူး)

No comments:

Post a Comment