Zawgyi version
========================
လင်းအိမ်ငယ်
၁၃. ဧပြီ ၂၀၁၇
Unicode version
မြို့ထဲမှာ ကွင်းပြင်တစ်ခုပျောက်ဆုံး
========================
မြို့ထဲမှာ ကွင်းပြင်တစ်ခုတည်း ရှိတယ်
တစ်မြို့လုံး ကွင်းပြင်တစ်ခုတည်းနဲ့ လုံလောက်နေတဲ့မြို့
ဒဏ်ရာတွေစိမ့်ထွက်နေတဲ့ ပြဇာတ်တွေ ခဏခဏကရင်း
ကိုယ့်မြေကြီးကို ပြန်နမ်းဖို့မေ့နေတဲ့မြို့
အဲ့ဒီမြို့ထဲ ကွင်းပြင်ကြီးတစ်ခုတည်း ရှိတယ်
ဘုရားစူး မြို့ယောင်လုံးဝမဆောင်တတ်တဲ့ ကွင်းပြင်ဖြစ်တယ်
မြစ်တစ်စင်းဆီ ညနေတိုင်း လမ်းလျှောက်ထွက်တက်ပြီး
လသာတိုင်း လဆီ မော့မော့အူတတ်တဲ့ ကွင်းပြင်ဖြစ်တယ်
ဘုရားပန်းအိုးတွေကို ချစ်တတ်တယ်
ညရောက်တိုင် မြို့ယောင်ဆောင်တတ်ဖို့ ဆုးတောင်နေတက်တယ်။
လင်းအိမ်ငယ်
၁၃. ဧပြီ ၂၀၁၇
No comments:
Post a Comment