Zawgyi version
အသံေတြကုန္သြားတဲ့ ႏွလံုးသားထဲမွာ မိုးေတြ သည္းေနတယ္
========================================
ငွက္ကိုခ်စ္လ်က္နဲ႔ ကိုင္းမျဖစ္ခဲ့ရတာကို ရင္နာတယ္
ၾကည့္ေနတယ္ ျမင္ေနတယ္ စိတ္နဲ႔ပဲေျပာေနရတဲ့စကားေတြအတြက္
ကေဖးဆိုင္ထဲလည္း တစ္ေယာက္တည္း ေၾကကြဲ ေငးေမာရီေဝေပါ့
ကိုယ္တိုက္မွကိုယ္ရမယ့္တိုက္ပြဲကို ေဘးကရပ္ၾကည့္ေနခဲ့မိတာ
တစ္ခ်ိန္မွာက်ကြဲမယ္မွန္းသိေနတဲ့ ပန္းအိုးေလးကိုပဲ ခ်စ္ျမတ္ႏိုးေနမိတာ
မေအာင္ႏိုင္တဲ့စာေမးပြဲကို စိတၱဇဝင္ေနမိတဲ့ ကဗ်ာမွာ ဝိညာဥ္ရွိပါ့မလား
မေျပာျဖစ္တဲ့စကားအတြက္ ေျပာေစခ်င္တဲ့စကာကိုလည္း မေတာင္းဆိုေတာ့ဘူး
ညေတြက သိပ္ေမွာင္လြန္းတာပဲ စိတ္တစ္ခုလံုးလည္း မျမင္ႏိုင္ေတာ့ဘူး
စိမ္းစိုေနတတ္တဲ့ပတ္ဝန္းက်င္ေလး မရွိေတာ့ဘူး
စကားေတြသိပ္တတ္တဲ့ ၾကက္တူေရြးေလးလည္း ဆြံ႕အ သြားခဲ့ၿပီ
ဘဝတစ္ခုလံုးသည္းလိုက္တဲ့ မိုးက တစ္ခါေလးမွ မငဲ့ညွာေပးခဲ့ဘူး
ရထားေနာက္က်တာ ေသခ်ာခဲ့တဲ့အထိကို ဒဏ္ရာေတြ သည္းတုန္း
အျဖဴအစိမ္းေလး အျဖဴအျပာေလး အဝါေရာင္ဦးထုပ္ေလး လြမ္းတယ္
အနည္ထိုင္သြားတဲ့ ေရအိုင္ေလးအတြက္ေတာ့ ဝမ္းသာ မ်က္ရည္ေတြနဲ႔ဝမ္းသာ
မၾကာခင္ဆို ငါးကေလေတြ ျမင္ရေတာ့မယ္ လိပ္ျပာေလးေတြ ေရေသာက္ဆင္းေတာ့မယ္
ကံစမ္းမဲကို မႏႈိက္ခဲ့ပဲ ဗလာက်ေတာ့ ဘယ္သူ႔ကို အျပစ္တင္ရပါ့ ကံၾကမၼာရယ္
လက္ေျပာင္းလက္လႊဲက ပိရိလြန္းခဲ့တယ္ ေပ်ာ္ရႊင္ပါေစ ငွက္ကေလးေရ
ေပ်ာ္ရႊင္မွာပါ မၾကာခင္ဆို အမွတ္အသားေတြက ေပ်ာက္ပ်က္သြားမွာပါ
ဖြင့္ထားတဲ့ ျပတင္းေပါက္မွာ မိုးေရေတြ စိုရႊဲေနတယ္
တစ္ခ်က္တစ္ခ်က္ ျဖာထြက္လာတဲ့ လွ်ပ္စီးေတြေအာက္မွာ လူညံ႕တစ္ေယာက္
ကဗ်ာေတြ အက်ယ္ႀကီးရြတ္ေနတယ္ မိုးက တိတ္မသြားဘူး။ ။
လင္းအိမ္ငယ္
၄ ဧၿပီ ၂၀၁၇
Unicode version
အသံတွေကုန်သွားတဲ့ နှလုံးသားထဲမှာ မိုးတွေ သည်းနေတယ်
========================================
ငှက်ကိုချစ်လျက်နဲ့ ကိုင်းမဖြစ်ခဲ့ရတာကို ရင်နာတယ်
ကြည့်နေတယ် မြင်နေတယ် စိတ်နဲ့ပဲပြောနေရတဲ့စကားတွေအတွက်
ကဖေးဆိုင်ထဲလည်း တစ်ယောက်တည်း ကြေကွဲ ငေးမောရီဝေပေါ့
ကိုယ်တိုက်မှကိုယ်ရမယ့်တိုက်ပွဲကို ဘေးကရပ်ကြည့်နေခဲ့မိတာ
တစ်ချိန်မှာကျကွဲမယ်မှန်းသိနေတဲ့ ပန်းအိုးလေးကိုပဲ ချစ်မြတ်နိုးနေမိတာ
မအောင်နိုင်တဲ့စာမေးပွဲကို စိတ္တဇဝင်နေမိတဲ့ ကဗျာမှာ ဝိညာဉ်ရှိပါ့မလား
မပြောဖြစ်တဲ့စကားအတွက် ပြောစေချင်တဲ့စကာကိုလည်း မတောင်းဆိုတော့ဘူး
ညတွေက သိပ်မှောင်လွန်းတာပဲ စိတ်တစ်ခုလုံးလည်း မမြင်နိုင်တော့ဘူး
စိမ်းစိုနေတတ်တဲ့ပတ်ဝန်းကျင်လေး မရှိတော့ဘူး
စကားတွေသိပ်တတ်တဲ့ ကြက်တူရွေးလေးလည်း ဆွံ့အ သွားခဲ့ပြီ
ဘဝတစ်ခုလုံးသည်းလိုက်တဲ့ မိုးက တစ်ခါလေးမှ မငဲ့ညှာပေးခဲ့ဘူး
ရထားနောက်ကျတာ သေချာခဲ့တဲ့အထိကို ဒဏ်ရာတွေ သည်းတုန်း
အဖြူအစိမ်းလေး အဖြူအပြာလေး အဝါရောင်ဦးထုပ်လေး လွမ်းတယ်
အနည်ထိုင်သွားတဲ့ ရေအိုင်လေးအတွက်တော့ ဝမ်းသာ မျက်ရည်တွေနဲ့ဝမ်းသာ
မကြာခင်ဆို ငါးကလေတွေ မြင်ရတော့မယ် လိပ်ပြာလေးတွေ ရေသောက်ဆင်းတော့မယ်
ကံစမ်းမဲကို မနှိုက်ခဲ့ပဲ ဗလာကျတော့ ဘယ်သူ့ကို အပြစ်တင်ရပါ့ ကံကြမ္မာရယ်
လက်ပြောင်းလက်လွှဲက ပိရိလွန်းခဲ့တယ် ပျော်ရွှင်ပါစေ ငှက်ကလေးရေ
ပျော်ရွှင်မှာပါ မကြာခင်ဆို အမှတ်အသားတွေက ပျောက်ပျက်သွားမှာပါ
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ မိုးရေတွေ စိုရွှဲနေတယ်
တစ်ချက်တစ်ချက် ဖြာထွက်လာတဲ့ လျှပ်စီးတွေအောက်မှာ လူညံ့တစ်ယောက်
ကဗျာတွေ အကျယ်ကြီးရွတ်နေတယ် မိုးက တိတ်မသွားဘူး။ ။
လင်းအိမ်ငယ်
၄ ဧပြီ ၂၀၁၇
No comments:
Post a Comment