Monday, April 3, 2017

ႏိုင္ငံေတာ္အလြမ္း

Zawgyi version

ႏိုင္ငံေတာ္အလြမ္း
။။။။။။။။။။။။။။။။။။။။။။။။

ခ်စ္တဲ့သူငယ္ေလ
သူငယ္ခ်င္းေကာင္း၊ ျပည္သူအေပါင္းတို႔ေရ။

ငါတို႔ႏိုင္ငံမွာ၊ ေကာက္ပဲသီးႏွံ
ဆန္ေရစပါး၊ ေပါမ်ားလွပါတယ္
ပတၱျမားေက်ာက္သံ၊ သယံဇာတ
တြင္းထြက္ျမႏွင့္၊ ေက်ာက္စိမ္းကထြက္ေသးတယ္
ျမစ္ဝတစ္ဝွမ္း၊ ေျမဆီလႊမ္းႏွင့္
ေတာင္တန္းသာေမာ၊ ေရေျမေတာေတာင္
ကမ္းေျမာင္ပင္လယ္၊ ႐ႈတိုင္းႂကြယ္လွပါတယ္။

လူသားရင္းျမစ္၊ စြမ္းအားႏွစ္ႏွင့္
အားသစ္ဖြံ႔ၿဖိဳး၊ လူမ်ိဳးေပါင္းစုံလည္း႐ိွတယ္
သတၱိၾသဇာ၊ လြန္စြာႀကီးမား
ကမၻာကပင္ေလးစားတဲ့
မဟာဗႏၶဳလသားေကာင္းလည္း႐ိွခဲ့တယ္
ကုလသမဂၢအတြင္းေရးမွဴး
ရာထူးေနရာ၊ ထည္ဝါခန္႔ခန္႔
ဦးသန္႔လို ပညာတတ္လည္း႐ိွခဲ့တယ္။

အဘက္ဘက္ျပည့္စုံ၊ ဇာတိဂုဏ္ႏွင့္
ကမၻာကုန္အလယ္မွာ
ဝင့္ထည္ေနသင့္ပါတယ္။

ေရခံေျမခံ၊ အေၾကာင္းကံႏွင့္
လူခံလူေကာင္း၊
အေၾကာင္းေပါင္းျပည့္စုံခဲ့ေပမယ့္
ႏိုင္ငံဂုဏ္မြဲ၊ ဆင္းရဲခဲ့ရတယ္။

ေကာက္က်စ္ယုတ္မာ၊ အာဏာဓားျပ
တိုင္းျပည္ကိုလုခဲ့ၾကလို႔
ငါတို႔ဘဝေတြ၊ နာက်င္ေၾကမြ
ယူၾကဳံးမရျဖစ္ခဲ့ရတယ္ေလး။ ....။

ျမစ္႐ိုး
3-4-2017

Unicode version

နိုင်ငံတော်အလွမ်း
။။။။။။။။။။။။။။။။။။။။။။။။

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း၊ ပြည်သူအပေါင်းတို့ရေ။

ငါတို့နိုင်ငံမှာ၊ ကောက်ပဲသီးနှံ
ဆန်ရေစပါး၊ ပေါများလှပါတယ်
ပတ္တမြားကျောက်သံ၊ သယံဇာတ
တွင်းထွက်မြနှင့်၊ ကျောက်စိမ်းကထွက်သေးတယ်
မြစ်ဝတစ်ဝှမ်း၊ မြေဆီလွှမ်းနှင့်
တောင်တန်းသာမော၊ ရေမြေတောတောင်
ကမ်းမြောင်ပင်လယ်၊ ရှုတိုင်းကြွယ်လှပါတယ်။

လူသားရင်းမြစ်၊ စွမ်းအားနှစ်နှင့်
အားသစ်ဖွံ့ဖြိုး၊ လူမျိုးပေါင်းစုံလည်းရှိတယ်
သတ္တိသြဇာ၊ လွန်စွာကြီးမား
ကမ္ဘာကပင်လေးစားတဲ့
မဟာဗန္ဓုလသားကောင်းလည်းရှိခဲ့တယ်
ကုလသမဂ္ဂအတွင်းရေးမှူး
ရာထူးနေရာ၊ ထည်ဝါခန့်ခန့်
ဦးသန့်လို ပညာတတ်လည်းရှိခဲ့တယ်။

အဘက်ဘက်ပြည့်စုံ၊ ဇာတိဂုဏ်နှင့်
ကမ္ဘာကုန်အလယ်မှာ
ဝင့်ထည်နေသင့်ပါတယ်။

ရေခံမြေခံ၊ အကြောင်းကံနှင့်
လူခံလူကောင်း၊
အကြောင်းပေါင်းပြည့်စုံခဲ့ပေမယ့်
နိုင်ငံဂုဏ်မွဲ၊ ဆင်းရဲခဲ့ရတယ်။

ကောက်ကျစ်ယုတ်မာ၊ အာဏာဓားပြ
တိုင်းပြည်ကိုလုခဲ့ကြလို့
ငါတို့ဘဝတွေ၊ နာကျင်ကြေမွ
ယူကြုံးမရဖြစ်ခဲ့ရတယ်လေး။ ....။

မြစ်ရိုး
3-4-2017

No comments:

Post a Comment