Tuesday, April 4, 2017

မဂၤလာသႀကၤန္္

Zawgyi version

မဂၤလာသႀကၤန္္
။။။။။။။။။။။။။။။။။။။။။။။။
ရင္႐ိုး

ေနေတြ ျခစ္ျခစ္ေတာက္ပူေနကတည္းက
ေလေတြ ခပ္႐ိုင္း႐ိုင္းတိုက္ေနကတည္းက
မိုးေျပးကေလးမ်ားနဲ႕အတူ
ေျမသင္းနံ႕ကေလးမ်ားနဲ႕အတူ
သႀကၤန္ဟာ ပြဲမကခင္ေၾကာ္ျငာထားတဲ့ဆိုင္းဘုတ္လို
လူတိုင္းကို ႀကိဳတင္ရင္ခုန္ေစတယ္။

ပိေတာက္ပန္း၊ တူးပို႕တူးပို႕၊ ေရဖလား၊ မုန္႕လုံးေရေပၚ
တေလ်ာ္ကင္ပြန္း၊ အခါႀကီးရက္ႀကီး၊ အိုးမည္းသုတ္ျခင္း
႐ွာပုံေတာ္မင္းသားႀကီး၊ မန္းေတာင္ရိပ္ခို၊ ေႏြမ၊ တန္ခူးလ
အထက္ပါေ၀ါဟာရမ်ားကို ၀ါက်ဖြဲ႕ပါ
သင္ ေသခ်ာေပါက္ ၾကည္ႏူးသြားပါလိမ့္မယ္။

သႀကၤန္ဆိုတာ ျမန္မာျဖစ္ရတာ ဂုဏ္ယူစရာေတြထဲက တစ္ခုပါ
မီးသတ္ပိုက္ႀကီးျဖင့္ မဖ်က္စီးၾကပါနဲ႕
အရက္ပုလင္းမ်ား႐ိုက္ခြဲျပီး မဖ်က္စီးၾကပါနဲ႕
SEXY အကမ်ားျဖင့္ မဖ်က္စီးၾကပါနဲ႕
လြတ္လြတ္လပ္လပ္ လိင္ဆက္ဆံခြင့္ရတဲ့ပြဲေတာ္မဟုတ္ပါ
စိတ္ထင္တိုင္း မိုက္႐ိုင္းခြင့္ရတဲ့ပြဲေတာ္မဟုတ္ပါ
ငါတို႕ရဲ႕ ေရျဖန္းမဂၤလာပြဲေလး အ႐ွက္ေတြ ျဗန္းျဗန္းကြဲသြားမယ္။

ႏွစ္ေဟာင္းက အညစ္အေၾကးေတြကို စြန္႕ပစ္တာ
စိတ္အပုပ္အသိုးေတြကို ထုတ္ျပတာမဟုတ္ဘူး
DJ MUSIC နဲ႕လည္း DANCE ပါ
စည္တိုသံနဲ႕လည္း ကခုန္ပါ
ေခြအ, အကေတြကိုပဲ အရသာမခံပါနဲ႕
ယိမ္းသမေလးေတြရဲ႕ယဥ္ေက်းမႈကို ျမတ္ႏိုးစိတ္နဲ႕ၾကည့္ပါ
ေပ်ာ္လို႕ရတယ္၊ ျပီလို႕ရတယ္၊ ျပက္ရယ္ေတာ့မျပဳနဲ႕။

ျမန္မာဆိုတဲ့အဓိပၸာယ္ပါ
ယဥ္ေက်းမႈ အေခါင္အထြဋ္ပါ
ေပ်ာ္ပြဲပါ၊ ႐ႊင္ပြဲပါ၊ ေမတၱာေရျဖန္းတဲ့ပြဲပါ
ကုသိုလ္ပြဲပါ၊ ပရဟိတပြဲပါ
ငရဲခန္းႀကီးတစ္ခုလို ေသြးေတြ ထြက္မက်ပါေစနဲ႕။

သိၾကားမင္းႀကီးရယ္
တိုင္ေျပာရင္ တကယ္အေရးယူေပးပါ။  ။

၄-၄-၂၀၁၄။

Unicode version
မင်္ဂလာသင်္ကြန်
။။။။။။။။။။။။။။။။။။။။။။။။
ရင်ရိုး

နေတွေ ခြစ်ခြစ်တောက်ပူနေကတည်းက
လေတွေ ခပ်ရိုင်းရိုင်းတိုက်နေကတည်းက
မိုးပြေးကလေးများနဲ့အတူ
မြေသင်းနံ့ကလေးများနဲ့အတူ
သင်္ကြန်ဟာ ပွဲမကခင်ကြော်ငြာထားတဲ့ဆိုင်းဘုတ်လို
လူတိုင်းကို ကြိုတင်ရင်ခုန်စေတယ်။

ပိတောက်ပန်း၊ တူးပို့တူးပို့၊ ရေဖလား၊ မုန့်လုံးရေပေါ်
တလျော်ကင်ပွန်း၊ အခါကြီးရက်ကြီး၊ အိုးမည်းသုတ်ခြင်း
ရှာပုံတော်မင်းသားကြီး၊ မန်းတောင်ရိပ်ခို၊ နွေမ၊ တန်ခူးလ
အထက်ပါဝေါဟာရများကို ဝါကျဖွဲ့ပါ
သင် သေချာပေါက် ကြည်နူးသွားပါလိမ့်မယ်။

သင်္ကြန်ဆိုတာ မြန်မာဖြစ်ရတာ ဂုဏ်ယူစရာတွေထဲက တစ်ခုပါ
မီးသတ်ပိုက်ကြီးဖြင့် မဖျက်စီးကြပါနဲ့
အရက်ပုလင်းများရိုက်ခွဲပြီး မဖျက်စီးကြပါနဲ့
SEXY အကများဖြင့် မဖျက်စီးကြပါနဲ့
လွတ်လွတ်လပ်လပ် လိင်ဆက်ဆံခွင့်ရတဲ့ပွဲတော်မဟုတ်ပါ
စိတ်ထင်တိုင်း မိုက်ရိုင်းခွင့်ရတဲ့ပွဲတော်မဟုတ်ပါ
ငါတို့ရဲ့ ရေဖြန်းမင်္ဂလာပွဲလေး အရှက်တွေ ဗြန်းဗြန်းကွဲသွားမယ်။

နှစ်ဟောင်းက အညစ်အကြေးတွေကို စွန့်ပစ်တာ
စိတ်အပုပ်အသိုးတွေကို ထုတ်ပြတာမဟုတ်ဘူး
DJ MUSIC နဲ့လည်း DANCE ပါ
စည်တိုသံနဲ့လည်း ကခုန်ပါ
ခွေအ, အကတွေကိုပဲ အရသာမခံပါနဲ့
ယိမ်းသမလေးတွေရဲ့ယဉ်ကျေးမှုကို မြတ်နိုးစိတ်နဲ့ကြည့်ပါ
ပျော်လို့ရတယ်၊ ပြီလို့ရတယ်၊ ပြက်ရယ်တော့မပြုနဲ့။

မြန်မာဆိုတဲ့အဓိပ္ပာယ်ပါ
ယဉ်ကျေးမှု အခေါင်အထွဋ်ပါ
ပျော်ပွဲပါ၊ ရွှင်ပွဲပါ၊ မေတ္တာရေဖြန်းတဲ့ပွဲပါ
ကုသိုလ်ပွဲပါ၊ ပရဟိတပွဲပါ
ငရဲခန်းကြီးတစ်ခုလို သွေးတွေ ထွက်မကျပါစေနဲ့။

သိကြားမင်းကြီးရယ်
တိုင်ပြောရင် တကယ်အရေးယူပေးပါ။  ။

၄-၄-၂၀၁၄

No comments:

Post a Comment