Saturday, April 8, 2017

ကြင္းျပင္က်ယ္ႀကီးထဲက ၿမိဳ႕

Zawgyi version

ကြင္းျပင္က်ယ္ႀကီးထဲက ၿမိဳ႕
===================

ၿမိဳ႕ထဲမွာ အနက္ေရာင္ေတြ မရွိဘူး
ေလျပင္းတိုက္တဲ့ေန႔ဆို အပူခ်ိန္က သိပ္ျမင့္တက္လာတာပဲ
ညေတြဆီ တြားသြားတက္ေနတတ္တဲ့ ၿမိဳ႕ထဲမွာ
ပုလိပ္ေရာဂါကူးစက္ခံထားရတဲ့ ႂကြက္တခ်ိဳ႕ မ်ိဳးပြားေနၾကေပါ့
ဓားေသြးသံေတြက နာရီစင္မရွိတဲ့ၿမိဳ႕ထဲမွာ ဆူညံလို႔
ေခ်ာင္းဆိုးေသြးပါလမ္းေတြနဲ႔ ေၾကာက္ရြံ႕ငိုေႂကြးေနတဲ့အေဆာက္အဦးေတြ
အိုေဟာင္းေနတဲ့တံတားေပၚ အိုေဟာင္းေနတဲ့ရာဇသံက ျဖတ္ေလွ်ာက္လို႔
ေခတ္ၿပိဳင္ေျမပံုအရ အႏုပညာေရဒါနဲ႔ မလြတ္တလြတ္အေနအထားမွာ
ၿမိဳ႕ေလးက ကြင္းျပင္ထဲ ပုန္းေနရ႐ွာတယ္။

လင္းအိမ္ငယ္
၈  ဧၿပီ  ၂၀၁၇

Unicode version

ကွင်းပြင်ကျယ်ကြီးထဲက မြို့
===================

မြို့ထဲမှာ အနက်ရောင်တွေ မရှိဘူး
လေပြင်းတိုက်တဲ့နေ့ဆို အပူချိန်က သိပ်မြင့်တက်လာတာပဲ
ညတွေဆီ တွားသွားတက်နေတတ်တဲ့ မြို့ထဲမှာ
ပုလိပ်ရောဂါကူးစက်ခံထားရတဲ့ ကြွက်တချို့ မျိုးပွားနေကြပေါ့
ဓားသွေးသံတွေက နာရီစင်မရှိတဲ့မြို့ထဲမှာ ဆူညံလို့
ချောင်းဆိုးသွေးပါလမ်းတွေနဲ့ ကြောက်ရွံ့ငိုကြွေးနေတဲ့အဆောက်အဦးတွေ
အိုဟောင်းနေတဲ့တံတားပေါ် အိုဟောင်းနေတဲ့ရာဇသံက ဖြတ်လျှောက်လို့
ခေတ်ပြိုင်မြေပုံအရ အနုပညာရေဒါနဲ့ မလွတ်တလွတ်အနေအထားမှာ
မြို့လေးက ကွင်းပြင်ထဲ ပုန်းနေရရှာတယ်။

လင်းအိမ်ငယ်
၈  ဧပြီ  ၂၀၁၇

No comments:

Post a Comment