Zawgyi version
ကင္ဆာ
########
ဘဝက ရင္ဘတ္ထဲထိေအာင့္ေနတယ္
မ်က္လံုးေတြဝါးၿပီး ႏွလံုးခုန္မမွန္ဘူး
မ်ိဳသိပ္ထားသမွ်ေတြက အဆုတ္ကိုက်ပ္ေစတယ္
အဆင္မေျပတာေတြစုၿပီး ညေရာက္မွ အေအးပတ္တယ္
တြန္႔ေၾကေနတဲ့အိပ္ရာေပၚ မအိပ္ျဖစ္တာ ၅ရက္ရွိၿပီ
အသံမဲ့ေနတဲ့ဂစ္တာကိုေလးကို ထိၾကည့္ေတာ့မွ
ျပတ္ေနတဲ့ႀကိဳးမွာ ကဗ်ာေတြပါသြားမွန္းသိလိုက္ရတယ္
ျပႆနာေတြကိုလည္း အျပစ္မဆိုသာဘူး
သစ္ရြက္ေတြေႂကြက်ေနတဲ့ ျပကၡဒိန္ေပၚမွာ
အေမ့ရဲ႕ဘုရားရွိခိုးသံက စိမ္းလန္းေနတယ္
ေလစိမ္းေတြကလည္း သိပ္တိုက္တာပဲ
ေခြ်းေတြနဲ႔နစ္ေနတဲ့ အကၤ ီ်ေလးကိုသနားတယ္
ျပန္႔က်ဲေနတဲ့စာအုပ္ေတြထဲ လက္ေဗြရာကိုေဖြရွာ
သိမ္းထားတဲ့ပတ္တီးလိပ္မွာ တစ္ခ်ိန္ကေသြးစေတြ
ဗာဒံရြက္ေတြကလည္း ႏွင္းကိုႀကိဳၾကေတာ့မယ္
ျပန္မလာေသးတဲ့သူကို မီးပိြဳင့္မွာရပ္ေစာင့္ရင္း
ကင္ဆာထက္ပြားလြယ္တဲ့ဒဏ္ရာက
ေသြးေၾကာအႏွံ႔ တစစ္စစ္ စီးေနေပါ့
ဒီညကုန္လြန္သြားရင္ မနက္ျဖန္ကေရာက္လာအံုးမယ္
ဘဝက အဆင္မေျပဘူး
ေနာက္ဆံုးေဆးလိပ္ကို လည္ေခ်ာင္းေသြးနဲ႔အတူ
႐ႈိက္လိုက္ၿပီ။ ။
လင္းအိမ္ငယ္
၁၃၊ ၉၊ ၂၀၁၅
Unicode version
ကင်ဆာ
########
ဘဝက ရင်ဘတ်ထဲထိအောင့်နေတယ်
မျက်လုံးတွေဝါးပြီး နှလုံးခုန်မမှန်ဘူး
မျိုသိပ်ထားသမျှတွေက အဆုတ်ကိုကျပ်စေတယ်
အဆင်မပြေတာတွေစုပြီး ညရောက်မှ အအေးပတ်တယ်
တွန့်ကြေနေတဲ့အိပ်ရာပေါ် မအိပ်ဖြစ်တာ ၅ရက်ရှိပြီ
အသံမဲ့နေတဲ့ဂစ်တာကိုလေးကို ထိကြည့်တော့မှ
ပြတ်နေတဲ့ကြိုးမှာ ကဗျာတွေပါသွားမှန်းသိလိုက်ရတယ်
ပြဿနာတွေကိုလည်း အပြစ်မဆိုသာဘူး
သစ်ရွက်တွေကြွေကျနေတဲ့ ပြက္ခဒိန်ပေါ်မှာ
အမေ့ရဲ့ဘုရားရှိခိုးသံက စိမ်းလန်းနေတယ်
လေစိမ်းတွေကလည်း သိပ်တိုက်တာပဲ
ချွေးတွေနဲ့နစ်နေတဲ့ အင်္က ီျလေးကိုသနားတယ်
ပြန့်ကျဲနေတဲ့စာအုပ်တွေထဲ လက်ဗွေရာကိုဖွေရှာ
သိမ်းထားတဲ့ပတ်တီးလိပ်မှာ တစ်ချိန်ကသွေးစတွေ
ဗာဒံရွက်တွေကလည်း နှင်းကိုကြိုကြတော့မယ်
ပြန်မလာသေးတဲ့သူကို မီးပွိုင့်မှာရပ်စောင့်ရင်း
ကင်ဆာထက်ပွားလွယ်တဲ့ဒဏ်ရာက
သွေးကြောအနှံ့ တစစ်စစ် စီးနေပေါ့
ဒီညကုန်လွန်သွားရင် မနက်ဖြန်ကရောက်လာအုံးမယ်
ဘဝက အဆင်မပြေဘူး
နောက်ဆုံးဆေးလိပ်ကို လည်ချောင်းသွေးနဲ့အတူ
ရှိုက်လိုက်ပြီ။ ။
လင်းအိမ်ငယ်
၁၃၊ ၉၊ ၂၀၁၅
No comments:
Post a Comment