Zawgyi,version
လက္သည္
*********
အေဝးေျပးကားေပၚ
အေဝးေျပးလမ္းမႀကီးကေမွာက္ က် သြားတယ္
ခဏတာဆူညံတယ္
ၿပီးေတာ့တိတ္ဆိတ္သြားတယ္
အမည္ႀကီးေတြတင္သြင္းလာတဲ့
ပိုင္႐ွင္မဲ့ပစၥည္းေတြ
အပ္ေပါက္ရာဗလပြနဲ႔
လက္ဖ်ံ႐ိုးေတြအေၾကာင္း
ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ႏိုင္ငံေတာ္မွာ
ဖာေထးတတ္တဲ့ဖာသည္ေတြကမ်ားတယ္
သူခိုးက
CCTVကိုဖမ္းထားတယ္
တရားဥပေဒတုတ္ေခ်ာင္းမွာ
အဖ်ားကေပါ့ေနတယ္ဆိုလား
အရင္းစစ္ၾကည့္တိုင္း
အျမစ္ကေကာင္းကင္ေပၚမွာ
မေရာင္တဲ့ေနရာ
လူးမိတဲ့ေဆးခါးေတြအေၾကာင္း
တကယ္ေပ်ာက္တဲ့အခါ
တကယ္မ႐ွာေတာ့တဲ့လူေတြၾကားထဲ
လက္သည္က
အရပ္ထဲမွာ......။
ေဇာ္က
5April2017
Unicode version
လက်သည်
*********
အဝေးပြေးကားပေါ်
အဝေးပြေးလမ်းမကြီးကမှောက် ကျ သွားတယ်
ခဏတာဆူညံတယ်
ပြီးတော့တိတ်ဆိတ်သွားတယ်
အမည်ကြီးတွေတင်သွင်းလာတဲ့
ပိုင်ရှင်မဲ့ပစ္စည်းတွေ
အပ်ပေါက်ရာဗလပွနဲ့
လက်ဖျံရိုးတွေအကြောင်း
ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့နိုင်ငံတော်မှာ
ဖာထေးတတ်တဲ့ဖာသည်တွေကများတယ်
သူခိုးက
CCTVကိုဖမ်းထားတယ်
တရားဥပဒေတုတ်ချောင်းမှာ
အဖျားကပေါ့နေတယ်ဆိုလား
အရင်းစစ်ကြည့်တိုင်း
အမြစ်ကကောင်းကင်ပေါ်မှာ
မရောင်တဲ့နေရာ
လူးမိတဲ့ဆေးခါးတွေအကြောင်း
တကယ်ပျောက်တဲ့အခါ
တကယ်မရှာတော့တဲ့လူတွေကြားထဲ
လက်သည်က
အရပ်ထဲမှာ......။
ဇော်က
5April2017
No comments:
Post a Comment