Sunday, April 9, 2017

ဝဋ္နာကံနာ

Zawgyi version

ဝဋ္နာကံနာ

ဒီမွာလက္သည္းေတြရွည္ေနၿပီ
လက္သည္းေတြရွည္ရွည္လာတာက
ဝဋ္နာကံနာတစ္ခုလို
ၫွပ္ၿပိ္ီးလဲဲ ျပန္ျပန္ရွည္လာတတ္တဲ့
မ်က္ႏွာဖုံးစြပ္လက္မွတ္ထိုးပြဲေတြလို
ျဖစ္ႏိုင္ရင္ခုခ်က္ခ်င္းၫွပ္ပစ္ခ်င္ေနတာ
လက္သည္းၫွပ္ကိုဘယ္နားေတြ႕မိၾကေသးလဲ
ရာသီအကူးေျပာင္းမွာပြင့္တဲ့
ဝါညစ္ညစ္ယိမ္းႏြဲ႕ပန္းေတြလို
ငါ့လက္သည္းေတြခဏခဏရွည္ရွည္လာတာ
စပယ္ပင္က စပယ္ပြင့္ေတြနဲ႔အၿပိဳင္
ေဆာင္းရာသီေပၚပီပန္းေတြနဲ႔အၿပိဳင္
ဒါဟာေခတ္ႀကီးနဲ႔မ်ားဆိုင္မလား
ငါ့လက္သည္းေတြရွည္လာတာျမန္လြန္းတယ္
ပင္လယ္မုန္တိုင္းေတြ
ေခတ္ကိုကိုယ္စားျပဳသလိုမ်ိဳး
တန္ဖိုးႀကီးအသုံးအေဆာင္ေတြ
ေခတ္ကိုကိုယ္စားျပဳသလိုမ်ိဳး
ငါ့လက္သည္းေတြေအာ္သံေတြကို
ကိုယ္စားျပဳတယ္
ဒီလက္သည္းေတြျဖတ္ဖို႔
ဖဲႀကိဳးျဖတ္ကပ္ေၾကးေတြမလိုေလာက္ပါဘူး
တန္ဖိုးနည္းလက္သည္းၫွပ္တစ္ခုေလာက္ရွိရင္ေသေပ်ာ္ပါၿပီ ဆိုတဲ့ဘဝမွာ
ငါ့လက္သည္းေတြရွည္ရွည္လာတာ
ျမန္လြန္းလွပါတယ္

မင္းစည္
7/11/16

Unicode version

ဝဋ်နာကံနာ

ဒီမှာလက်သည်းတွေရှည်နေပြီ
လက်သည်းတွေရှည်ရှည်လာတာက
ဝဋ်နာကံနာတစ်ခုလို
ညှပ်ပြီးလဲ ပြန်ပြန်ရှည်လာတတ်တဲ့
မျက်နှာဖုံးစွပ်လက်မှတ်ထိုးပွဲတွေလို
ဖြစ်နိုင်ရင်ခုချက်ချင်းညှပ်ပစ်ချင်နေတာ
လက်သည်းညှပ်ကိုဘယ်နားတွေ့မိကြသေးလဲ
ရာသီအကူးပြောင်းမှာပွင့်တဲ့
ဝါညစ်ညစ်ယိမ်းနွဲ့ပန်းတွေလို
ငါ့လက်သည်းတွေခဏခဏရှည်ရှည်လာတာ
စပယ်ပင်က စပယ်ပွင့်တွေနဲ့အပြိုင်
ဆောင်းရာသီပေါ်ပီပန်းတွေနဲ့အပြိုင်
ဒါဟာခေတ်ကြီးနဲ့များဆိုင်မလား
ငါ့လက်သည်းတွေရှည်လာတာမြန်လွန်းတယ်
ပင်လယ်မုန်တိုင်းတွေ
ခေတ်ကိုကိုယ်စားပြုသလိုမျိုး
တန်ဖိုးကြီးအသုံးအဆောင်တွေ
ခေတ်ကိုကိုယ်စားပြုသလိုမျိုး
ငါ့လက်သည်းတွေအော်သံတွေကို
ကိုယ်စားပြုတယ်
ဒီလက်သည်းတွေဖြတ်ဖို့
ဖဲကြိုးဖြတ်ကပ်ကြေးတွေမလိုလောက်ပါဘူး
တန်ဖိုးနည်းလက်သည်းညှပ်တစ်ခုလောက်ရှိရင်သေပျော်ပါပြီ ဆိုတဲ့ဘဝမှာ
ငါ့လက်သည်းတွေရှည်ရှည်လာတာ
မြန်လွန်းလှပါတယ်

မင်းစည်
7/11/16

No comments:

Post a Comment