Zawgyi version
သူငယ္ခ်င္းတစ္ေယာက္သို႔
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရယ္ေနတာေတာင္ ငိုေနတာ အတိုင္းသားျမင္ရတယ္
ရဲရင့္တဲ့စကားလုံးေတြၾကားမွာ
သိမ္ငယ္ေနတဲ့အရိပ္အေယာင္ေတြလည္း အထင္းသား
ေဟးး သူငယ္ခ်င္း
႐ုိက္ပုတ္ခံေနရတဲ့သားေကာင္ မာန္ဖီေနသလို
ေလာကဓံကို အေၾကာက္အကန္တုံ႔ျပန္ေနမွန္း ငါသိတယ္
လူေတြကို သံသယစိတ္နဲ႔ၾကည့္လိုက္ေတာ့
လူေတြဟာ မေကာင္းဆိုးဝါးေတြျဖစ္သြား
ႏႈတ္ခမ္းကို တစ္ခ်က္ေကြးလိုက္တာ
ျပဳံးလိုက္တာ မဟုတ္ဘူးမို႔လား
မင္းယုံၾကည္တဲ့ လက္တစ္ဆုပ္စာထဲ
ဒီကဗ်ာကို ထည့္သြင္းထားလိုက္ေပါ့
မင္းက သိမ္ငယ္စိတ္ကို လူျမင္မခံဝံ့သူတစ္ေယာက္ပဲ
မာနႀကီးရတာ မြန္းၾကပ္လွပါတယ္
လူေတြကို နားလည္ဖို႔မႀကိဳးစားနဲ႔
ဘယ္ေတာ့မွ နားလည္လာမွာမဟုတ္လို႔ပဲ
ကိုယ့္ေရာဂါနဲ႔ကိုယ္
ကိုယ့္ေသတြင္း ကိုယ္တူးၾက႐ုံ။ ။
ရင္႐ိုး
8-2-2017
Unicode version
သူငယ်ချင်းတစ်ယောက်သို့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရယ်နေတာတောင် ငိုနေတာ အတိုင်းသားမြင်ရတယ်
ရဲရင့်တဲ့စကားလုံးတွေကြားမှာ
သိမ်ငယ်နေတဲ့အရိပ်အယောင်တွေလည်း အထင်းသား
ဟေးး သူငယ်ချင်း
ရိုက်ပုတ်ခံနေရတဲ့သားကောင် မာန်ဖီနေသလို
လောကဓံကို အကြောက်အကန်တုံ့ပြန်နေမှန်း ငါသိတယ်
လူတွေကို သံသယစိတ်နဲ့ကြည့်လိုက်တော့
လူတွေဟာ မကောင်းဆိုးဝါးတွေဖြစ်သွား
နှုတ်ခမ်းကို တစ်ချက်ကွေးလိုက်တာ
ပြုံးလိုက်တာ မဟုတ်ဘူးမို့လား
မင်းယုံကြည်တဲ့ လက်တစ်ဆုပ်စာထဲ
ဒီကဗျာကို ထည့်သွင်းထားလိုက်ပေါ့
မင်းက သိမ်ငယ်စိတ်ကို လူမြင်မခံဝံ့သူတစ်ယောက်ပဲ
မာနကြီးရတာ မွန်းကြပ်လှပါတယ်
လူတွေကို နားလည်ဖို့မကြိုးစားနဲ့
ဘယ်တော့မှ နားလည်လာမှာမဟုတ်လို့ပဲ
ကိုယ့်ရောဂါနဲ့ကိုယ်
ကိုယ့်သေတွင်း ကိုယ်တူးကြရုံ။ ။
ရင်ရိုး
8-2-2017
No comments:
Post a Comment