Zawgyi version
#မြစ်ရိုး
အမေ့ရွာအပြန်
။။။။။။။။။။။။။။။။။။
အမေ့ရွာ အဝင်လမ်း
ပင်ထန်းက စီရရီ။
မှည့်ဝင်းစုံညီ။
ဘုတ်ငှက်ကအီ
နေရီပေါ့လေး။
ရော်ရမ်းလို့ငေး။
အမေ့အိမ် အဝင်ပေါက်
မှန်းမျှော်ကြပုံ။
လွမ်းဖော်များအကုန်
အဖုံဖုံ စိတ်စော။
ထွေးချင်လို့နှော။
အမေ့အိမ် သားအရောက်
ဝင်ပေါက်က အမေကြို။
မမြင်တာ ကြာပြီမို့
မျက်ရည်စို့ငို။
ပိုပိုလို့ ချစ်သေး။
မိသားစု ဆုံတဲ့ပွဲကို
နွှဲကြစို့လေး ။
မြစ်ရိုး
Unicode version
#မြစ်ရိုး
အမေ့ရွာအပြန်
။။။။။။။။။။။။။။။။။။
အမေ့ရွာ အဝင်လမ်း
ပင်ထန်းက စီရရီ။
ကောက်ပင်ပျို ဖော်တစ်သင်းရယ်နှင့်
မှည့်ဝင်းစုံညီ။
ဘုတ်ငှက်ကအီ
နေရီပေါ့လေး။
သုတ်ခြေတင် အမြန်လှမ်းတယ်
ရော်ရမ်းလို့ငေး။
အမေ့အိမ် အဝင်ပေါက်
ကြိုထောက်လို့ ဆွေတစ်စုံ။
တူတော်မောင် လာမယ့်လမ်းကို
မှန်းမျှော်ကြပုံ။
လွမ်းဖော်များအကုန်
အဖုံဖုံ စိတ်စော။
မြို့ကြီးပြန် လူယဉ်ကျေးကို
ထွေးချင်လို့နှော။
အမေ့အိမ် သားအရောက်
ဝင်ပေါက်က အမေကြို။
မမြင်တာ ကြာပြီမို့
မျက်ရည်စို့ငို။
ထွေးပွေ့ပါလို့အမေ့ကို
ပိုပိုလို့ ချစ်သေး။
မိသားစု ဆုံတဲ့ပွဲကို
နွှဲကြစို့လေး ။
မြစ်ရိုး
(အရင်က ရင်ရိုးနဲ့ရေးထားတဲ့ကဗျာ)
No comments:
Post a Comment