Zawgyi version
မိသားစုအရက္ဝိုင္း
^^^^^^^^^^^^^^^^^^
လင္သားျပန္မလာလို႔စိတ္ပူစရာမလိုဘူး
ညဥ့္နက္လို႔စိတ္ေကာက္တာမရွိဘူး
အိမ္ကေနဖုန္းဆက္လွမ္းမေခၚဘူး
ကေလးညေက်ာင္းႀကိဳစရာမလိုဘူး
သမီးအႀကီးမေတြကျမဳိ႕ဘီယာဆိုင္မွာ
လစာ တစ္ႏွစ္စာႀကိဳယူထားၿပီးသား
ဒီရြာမွာ ပကာသနဆိုလို႔
တံဆိပ္တုပုလင္းခြံေတာင္မရွိဘူး
ကၽြပ္ကၽြပ္အိပ္နဲ႔ေျပးဝယ္
ၿပီးရင္အိပ္ခြံေတြစုထား မီးေမြးလို႔ရတယ္
စားပြဲမလိုဘူး အဲကြန္းမလိုဘူး
ဖုန္းဆက္ခ်ိန္းစရာမလိုဘူး
အလုပ္သိမ္းရင္အိမ္ေရွ႕မီးဖိုနံေဘးသာလာခဲ့
က်န္ရွိဇနီး သားသမီး
ရင္အုပ္မကြာအစုံအလင္ေခၚလာၾက
အရက္ကုန္ရင္
မယားတစ္ေယာက္က သြားဝယ္ေပး
ျခံစည္း႐ိုးေဘးေျပးလိုက္႐ုံနဲ႔
အျမည္းအတြက္အသီးအရြက္ရမယ္
နင့္သားအငယ္ေကာင္
ေပါင္ေပၚတင္ထားမိန္းမ
မီးဖုိထဲ လဲမယ္က်မယ္
အႀကီးေကာင္ နင္ႀကီးလာရင္
နင့္အေဖလို အိုးမကြာအိမ္မကြာေသာက္
အလတ္မ နင္ႀကီးလာရင္
အေမ့လိုအျမည္းရွာတတ္ပါေစ
မိသားစုတေတြ စုံစုံလင္လင္
ပူပင္စရာေတြမိ္းဖိုထဲပစ္ထည့္ၾက
မနက္ဖန္အတြက္ ရတက္မပြားနဲ႔
ဒီမွာလက္က်န္သာအျမန္ျဖတ္ထား
ၿပီးရင္ ကိုယ့္အိမ္ကိုယ္ထမင္းျပန္စား
ေပ်ာ္ေပ်ာ္ပါးပါးျမန္မာကားၾကည့္ၾကမယ္။
မင္းစည္
၁၃၇၈/တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၃ရက္
စက္နာရီ ၄ေက်ာ္ေက်ာ္
မန္ေမာ္ရြာ မီးဖိုေဘး
Unicode version
မိသားစုအရက်ဝိုင်း
^^^^^^^^^^^^^^^^^^
လင်သားပြန်မလာလို့စိတ်ပူစရာမလိုဘူး
ညဥ့်နက်လို့စိတ်ကောက်တာမရှိဘူး
အိမ်ကနေဖုန်းဆက်လှမ်းမခေါ်ဘူး
ကလေးညကျောင်းကြိုစရာမလိုဘူး
သမီးအကြီးမတွေကမြို့ဘီယာဆိုင်မှာ
လစာ တစ်နှစ်စာကြိုယူထားပြီးသား
ဒီရွာမှာ ပကာသနဆိုလို့
တံဆိပ်တုပုလင်းခွံတောင်မရှိဘူး
ကျွပ်ကျွပ်အိပ်နဲ့ပြေးဝယ်
ပြီးရင်အိပ်ခွံတွေစုထား မီးမွေးလို့ရတယ်
စားပွဲမလိုဘူး အဲကွန်းမလိုဘူး
ဖုန်းဆက်ချိန်းစရာမလိုဘူး
အလုပ်သိမ်းရင်အိမ်ရှေ့မီးဖိုနံဘေးသာလာခဲ့
ကျန်ရှိဇနီး သားသမီး
ရင်အုပ်မကွာအစုံအလင်ခေါ်လာကြ
အရက်ကုန်ရင်
မယားတစ်ယောက်က သွားဝယ်ပေး
ခြံစည်းရိုးဘေးပြေးလိုက်ရုံနဲ့
အမြည်းအတွက်အသီးအရွက်ရမယ်
နင့်သားအငယ်ကောင်
ပေါင်ပေါ်တင်ထားမိန်းမ
မီးဖိုထဲ လဲမယ်ကျမယ်
အကြီးကောင် နင်ကြီးလာရင်
နင့်အဖေလို အိုးမကွာအိမ်မကွာသောက်
အလတ်မ နင်ကြီးလာရင်
အမေ့လိုအမြည်းရှာတတ်ပါစေ
မိသားစုတတွေ စုံစုံလင်လင်
ပူပင်စရာတွေမိးဖိုထဲပစ်ထည့်ကြ
မနက်ဖန်အတွက် ရတက်မပွားနဲ့
ဒီမှာလက်ကျန်သာအမြန်ဖြတ်ထား
ပြီးရင် ကိုယ့်အိမ်ကိုယ်ထမင်းပြန်စား
ပျော်ပျော်ပါးပါးမြန်မာကားကြည့်ကြမယ်။
မင်းစည်
၁၃၇၈/တန်ဆောင်မုန်းလပြည့်ကျော် ၁၃ရက်
စက်နာရီ ၄ကျော်ကျော်
မန်မော်ရွာ မီးဖိုဘေး
No comments:
Post a Comment